Web Of Make Believe (2022)
အင်တာနက်နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဆိုရှယ်မီဒီယာတွေရဲ့စွမ်းအားက အံ့မခန်းလောက်အောင် ကြီးမားလာပါတယ်။ ဒီတိုးတက်လာတဲ့ နည်းပညာတွေကို ကောင်းကောင်းအသုံးချတဲ့လူတွေလည်းရှိသလို တလွဲအသုံးချပြီး အမြတ်ထုတ်နေကြတဲ့ လူတွေလည်း ရှိပါတယ်။ ဒီနည်းပညာအသစ်တွေက ဒစ်ဂျစ်တယ်ရာဇ၀တ်မှုတွေအတွက်လည်း လမ်းခင်းပေးနေပါတယ်။ တရားဥပဒေစိုးမိုးရေးက နောက်ကျကျန်ခဲ့ပြီးတော့ အင်တာနက်ပေါ်မှာ အမြတ်ထုတ်မှုတွေ ကျယ်ပြန့်လာပါတယ်။
Web Of Make Believe စီးရီးရဲ့ ပထမပိုင်းမှာဆိုရင် အွန်လိုင်းဂိမ်းအသိုင်းအဝိုင်းကို လှည့်ပတ်ကာ ပြိုင်ဘက်ဂိမ်းကစားသမားတွေကို ဖယ်ရှားဖို့ လိမ်ညာလှည့်ဖျားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Tyler Barrissဆိုတဲ့ အွန်လိုင်းဂိမ်းကစားတဲ့လူငယ်လေးက အွန်လိုင်းဂိမ်းလောကကို အသုံးချပြီးတော့ SWAT အဖွဲ့ဝင်တွေကို အပြစ်မဲ့သူတွေရဲ့နေအိမ်တွေ၊ ကျောင်းတွေဆီကို သွေးဆောင်ဖို့ လိမ်လည်လှည့်ဖြားပြီး 911 ကို ဆက်တိုက်ခေါ်ဆိုရာက သူ့ရဲ့ပြစ်မှတ်ထားလှည့်စားမှုက တုန်လှုပ်စရာကောင်းတဲ့ပစ်ခတ်မှုတွေနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။
ဒီစီးရီးလေးမှာ အပိုင်း(၆)ပိုင်းပါဝင်ပြီးတော့ အပိုင်းတစ်ပိုင်းစီမှာ အမှုတစ်ခုစီရဲ့ အဓိကသက်သေတွေကို တွေ့ဆုံမေးမြန်းထားတဲ့ ဇာတ်ကွက်များစွာနဲ့ ထည့်သွင်းဖန်တီးထားပါတယ်။