Vagabond

Vagabond

Sep. 20, 2019
Your rating: 10
9.2 139 votes

Seasons and episodes

1Season 1 Sep. 20, 2019

Video trailer

Synopsis

ချွဲဂန်ချီနဲ့ ဒမ်ယိုဝူးတို့ရဲ့ ?Gu Family Book – 2013 ? အပြီး 6 နှစ်ကြာ ဖန်သားပြင်ပေါ်မှာ တဖန် ပြန်လည်ဆုံဆည်းမှုဖြစ်တဲ့ ” Vagabond ” ဆိုတဲ့ အမိုက်စား စပိုင် အက်ရှင် Drama လေး အကြောင်း မိတ်ဆက်ပေးချင်ပါတယ် . .

ဇာတ်လမ်းလေး အကြောင်းကတော့ . . .

? Cha Dal-Gun ( Lee Seung Gi )

~~ ချာဒယ်ဂွန်း (Lee Seung Gi)️ ဟာ ကိုယ်ခံပညာရပ်အမျိုးမျိုးမှာ ခါးပတ်နက်အဆင့်ပေါင်း ၁၈ ခုလောက်ရထားပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲကာ အမိန့်မနာခံတတ်သော စတန့်သမားတစ်ယောက် ? သူ့ရဲ့စိတ်ကူးအိပ်မက်ကတော့ ကမ႓ာကျော် အက်ရှင် သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ပါတဲ့~~ မထင်မှတ်ဘဲ ထူးဆန်းတဲ့လေယာဉ်ပျက်ကျမှုတစ်ခုမှာ တစ်ဦးတည်သော တူလေးကို ဆုံးရှုံးလိုက်ရပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူဟာ ဒီမတော်တဆမှုရဲ့နောက်ကွယ်က အမှန်တရားကို စုံစမ်းရင်း နိုင်ငံ့အကျင့်ပျက်ခြစားမှုတွေကိုပါ တူးဆွရမယ့်သူ ဖြစ်လာခဲ့ပါတယ် . . .

?Go Hae-Ri ( Bae Suzy )

~~ NIS agent ဂိုဟယ်ရီ (Suzy) က ဖခင်သေဆုံးပြီးတဲ့အနောက် ရှုပ်ထွေးလှတဲ့လောကအကြောင်း ဘာမှမသိသေးတဲ့ မောင်ငယ်နဲ့ မိခင်ကို စောင့်ရှောက်ဖို့အတွက် အဆင့်ရ အစိုးရဝန်ထမ်းဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ချက်နဲ့ကြိုးစားနေသူပါ ~ သူမ လုပ်ချင်ခဲ့တာက White agent (NIS agent အဖြစ်ပေါ်ပေါ်တင်တင် လုပ်ကိုင်နိုင်သူ) ဖြစ်ပေမဲ့လည်း အရှုပ်အထွေးကွင်းဆက်တွေကို လိုက်ရမဲ့ Black agent (ကိုယ့်သရုပ်အမှန်ကို ဖုံးကွယ်ထားပြီး သူလျှိုလုပ်ထောက်လှမ်းရမဲ့ NIS agent) သာဖြစ်လာခဲ့ရသူ . . .

?Ki Tae-Woong ( Shin Sung Rok )

~~ ဉာဏ်အရမ်းကောင်းပြီး အလုပ်ကိုပဲလုပ်နေတတ်တဲ့ NIS အဖွဲ့ခေါင်းဆောင် ကီထယ်ဝုန်း ( Shin Sung Rok ) ~ သူကိုင်တွယ်ရတဲ့ အမှုတွဲတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဘက်မလိုက်တတ်ပဲ ပြတ်သားပေမယ့် သူရဲ့ အေးစက်တဲ့ အပြင်ပန်းသဏ္ဍန်ရဲ့ နောက်ကွယ်မှာ ပြင်းပြ (စိတ်အားထက်သန်) လွန်းတဲ့ ဗီဇတစ်ခုလည်း ရှိနေသူအဖြစ် ရှင်းဆောင်းယော့တို့ အဓိက ပါဝင်ထားတဲ့ . . .

?”Vagabond” ဇာတ်လမ်းတွဲဟာ သာမန်နိုင်ငံသားတစ်ယောက်က ကံမကောင်းအကြောင်းမလှစွာ လေယာဉ်ပျက်ကျမှုမှာ ပါဝင်ခဲ့ပြီးမှ မမျှော်လင့်ဘဲ နိုင်ငံရဲ့ အတွင်းကျကျ အကျင့်ပျက် ခြစားမှုတွေကို လိုက်လံစုံစမ်းဖို့ဖြစ်လာပုံကို ရိုက်ကူးပုံဖေါ်ပြသသွားမှာပါတဲ့ လီဆွန်းဂီရဲ့ အက်ရှင်စွမ်းရည်တွေကိုတီးခေါက်ကြည့်ရင်း ဆူဇီကိုလည်း NIS အေးဂျင့် တစ်ယောက်အဖြစ် မြင်ရမယ့် သဲထိပ်ရင်ဖို စပိုင်အက်ရှင် ဇာတ်ကားမျိုးပါ . . ?

? ဒါ့ အပြင် ဒီဇာတ်လမ်းတွဲကို ဝမ် 25 ဘီလီယံ အကုန်ကျခံထားပြီး ကိုရီးယားတင်မက မော်ရိုကို ( မြောက်အာဖရိက) နဲ့ ပေါ်တူဂီ နိုင်ငံတွေရဲ့ တစ်ကယ့် အထင်ကရနေရာတွေ မှာသွားရောက်ရိုက်ကူးထားတာဖြစ်လို့ ကိုရီးယားရဲ့ အရှေ့တိုင်းအလှတရားနဲ့မတူတဲ့ ရှုမျှော်ခင်းတွေ အဆောက်အဦး အလှတရားတွေ ကို ခံစားရင်းလှပတဲ့ ရိုက်ချက် အဆန်းတွေကို မြင်တွေ့ရမှာပါ ။?

? Vagabond ဇာတ်ကားကို စက်တင်ဘာလ ၂၀ ရက်နေ့ကစလို့ အပါတ်စဉ် သောကြာနဲ့ စနေနေ့ည 10 နာရီမှာ SBS Korea တင်မက Netflix ကနေ Worldwide နိုင်ငံ 190 တို့မှာပါ ထုတ်လွှင့်သွားပြသသွားမှာ ဖြစ်ပြီး အပိုင်း ၁၆ ပိုင်း ပါဝင်မှာဖြစ်ပါတယ်

Review credited to Lee Seung Gi Myanmar Fans
Translated by Winnie Ngoon and Phyo Thant

Original title 배가본드
First air date Sep. 20, 2019
Seasons 1
Episodes 1

Similar titles

Hu Tong
MINE
Doctor Cha
Thai Cave Rescue
High Class
My Romance From Far Away
My Friend, the Enemy
Once Upon a Small Town
Celebrity
Love in Contract
Analog Squad
Suspicious Partner