Upload (2020)
====================================
ဒီ Series ကတော့ Amazon Prime ကနေ ဒီနှစ်မေလတစ်ရက်နေ့ကမှ ထွက်ထားတဲ့ IMDb မှာ 8.2 Rotten Tomatoes မှာ 84% ထိရထားတဲ့ series အသစ်လေးပဲဖြစ်ပါတယ်။
ဒီ Series ကတော့ 2033 မှာအခြေခံထားတာပဲ ဖြစ်ပါတယ်။ ဒီ 2033 မှာဘာတွေရှိနေမလဲဆိုတော့ ကိုယ်တိုင်မောင်းစရာမလိုတဲ့ AI ပါတဲ့ကားတွေ လက်နဲ့ကိုင်စရာမလိုတော့တဲ့ ဖုန်းတွေ ရှိနေပါပြီ။ အဲ့ဒီထဲကမှ အထူးဆန်းဆုံးကတော့ ကိုယ်မသေခင်အချိန်မှာ ကိုယ့်ဘဝကိုယ်ရွေးချယ်သွားလို့ရတာပါပဲ။ ဘယ်လိုရွေးချယ်ရမလဲဆိုတော့ ပုံမှန်သမရိုးကျနည်းနဲ့ သေမလား ဒါမှမဟုတ် ဒစ်ဂျစ်တယ်ဘဝမှသွားနေမလားဆိုတာပါပဲ။ ဒစ်ဂျစ်တယ်ဘဝဆိုတာကတော့ ကျွန်တော်တို့ဂိမ်းဆော့နေရသလိုပါပဲ။ ကျွန်တော်တို့ဘဝကို ထိန်းချုပ်ပြီးကူညီပေးမဲ့ လူတွေရှိနေမှာပါ။ လိုချင်တာတွေလဲ အများကြီးရနိုင်မယ်ဆိုပါတော့။
ဒီဇာတ်လမ်းမှာတော့ မင်းသားနေသန်က မတော်တဆကား တိုက်ပြီးတော့ သူ့ဘဝကိုဒစ်ဂျစ်တယ်ဘဝမှာ ကုန်ဆုံးသွားဖို့ ရွေးချယ်လိုက်ရပါတယ်။ ဒီလိုရွေးချယ်လိုက်ရတဲ့ဘဝမှာ သူအသားကျနိုင်မလား။ သူဘယ်လိုအလွဲတွေ ဖြစ်မယ်ဆိုတာကိုတော့ ဟာသလေးတွေနှောထားတဲ့ Scifi Comedy ကားကောင်းလေးပဲဖြစ်ပါတယ်။
Translated & Review by Aung Htoo Khaing
Encoded by MgKyaw
Quality – Web-dl
Size – 600MB
IMDB – 8.2
TMDB – 8.7
Genres – Comedy, Mystery, Sci-Fi