
True Story
========
GCပရိသတ်ကြီးအတွက် True Storyလို့ခေါ်တဲ့ကားကောင်းတစ်ကောင်းကို တင်ဆက်ပေးချင်ပါတယ်။
ဒီကားလေးမှာတော့ နာမည်ကျော်ဟာသသရုပ်ဆောင်တစ်ယောက်ရဲ့ဘ၀ကိုရိုက်ကူးပြထားတာဖြစ်ပြီး စုစုပေါင်းအပိုင်းခုနှစ်ပိုင်းပါ၀င်ပါမယ်၊
ဇာတ်လမ်းရဲ့အစမှာတော့ နာမည်ကျော်ဟာသသရုပ်ဆောင်ဇာတ်လိုက်ကျော် ကစ်ဒ်ရဲ့ခံစားချက်တစ်ချို့နဲ့စပြီးမိတ်ဆက်ထားပါတယ်၊
“လူတွေက ကျွန်တော်က သူတို့ကိုရယ်မောအောင်လုပ်ပေးတဲ့အတွက်, သူတို့ကကျွန်တော့်ရဲ့ရှိူးတွေမှာရှိနေခဲ့ကြတဲ့အတွက် သူတို့ကကျွန်တော့်ကိုသိတယ်လို့ထင်ကြလိမ့်မယ် ၊
ဒါပေမဲ့ ကျွန်တော်ဒီနေရာကို ရောက်အောင်ဘယ်လိုလုပ်ခဲ့ရတယ်ဆိုတာ သူတို့မသိကြဘူး”တဲ့
တကယ့်လက်တွေ့ဘ၀မှာလည်း ဒီလိုအဖြစ်တွေအများကြီးပါ ကိုယ်နဲ့အချိန်အတော်ကြာဖြတ်သန်းခဲ့လို့ ကိုယ့်ကိုနားလည်မယ်လို့ထင်ထားတဲ့သူတွေကအစ ကိုယ့်ကိုနားမလည်ကြတာမျိုးတွေပေါ့
အဲဒီနောက်မှာတော့ ကစ်ဒ်တစ်ယောက် သူ့ရဲ့အောင်မြင်မှုကိုရဖို့,အဲဒီအောင်မြင်မှုကိုထိန်းသိမ်းဖို့ ကြိုးစားခဲ့ရတာတွေကို မြင်ရမှာပါ၊
သူ့ရဲ့ပြသနာတွေရဲ့အစကတော့ သူ့ရဲ့အစ်ကိုဖြစ်သူ ကာလ်တန်ကြောင့်ပဲဖြစ်ပါတယ်၊
သူရဲ့ အစ်ကိုဖြစ်သူ ကာလ်တန်ကြောင့်ပဲ ကစ်ဒ်ရဲ့ဘ၀မှာ မထင်မှတ်ထားတဲ့အချိုးအကွေ့တွေ အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ၊
ကစ်ဒ်တစ်ယောက် အခက်အခဲတွေကိုဘယ်လိုဖြေရှင်းပြီး သူ့ရဲ့အောင်မြင်မှုကိုထိန်းသိမ်းမလဲ
ပိုင်ဆိုင်ထားသမျှကို ကာကွယ်ဖို့ကြိုးစားရင်း သူ့ရဲ့အဆုံးသတ်ကရော ဘယ်လိုရှိမလဲဆိုတာကို အခုပဲခံစားကြည့်ရှူလိုက်ကြပါဦး။
Translated by GC Team