
True Detective
==================
အခုတစ်ခါ Gold Channel ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ True Detective ဆိုတဲ့ အမေရိကန် မှုခင်းစီးရီးတွေပဲ ဖြစ်ပါတယ်။ Season သုံးခုထွက်ရှိထားပြီး၊ ဆုတွေဆွတ်ခူး Review ကောင်းကောင်းတွေရရှိထားတဲ့ ဇာတ်လမ်းတွဲတွေပါ။
Season 01 မှာတော့ ၁၉၉၅ ခုနှစ်က အမေရိကန်နိုင်ငံ၊ Louisiana ပြည်နယ်က ဇိမ်ခံမယ် Dora Lange အသတ်ခံရမှုအပေါ် အခြေတည်ထားပါတယ်။ အဲ့ဒီအမှုကို အဓိကလိုက်ခဲ့တဲ့ Rustin “Rust” Cohle နဲ့ Martin “Marty” Hart တို့ကို နောင် ၁၇ နှစ်အကြာမှာ မေးမြန်းနေပုံနဲ့ ယှဉ်တွဲတင်ဆက်ထားတာပါ။
Louisiana ပြည်နယ်၊ Erath မြို့ပြင်က ကြံခင်းတွေထဲမှာ Dora Lange ဆိုတဲ့ အမျိုးသမီးဟာ ယဇ်ပူဇော်ထားသလို အသတ်ခံထားရပါတယ်။ အမှုကိုတော့ မိန်းမနဲ့အဆင်မပြေတဲ့ စုံထောက် Marty နဲ့ လူတိုင်းက ငကြောင်လို့သတ်မှတ်ကြတဲ့ Rust တို့က အဓိကစုံစမ်းရတာပါ။ နောင် ၁၇ နှစ်ကြာ သူတို့ကိုမေးမြန်းနေစဉ်မှာလည်း အလားတူဖြစ်ရပ်တွေကရှိနေဆဲမို့၊ သူတို့ရဲ့အမှုဟာ မပြီးသေးမှန်းသိခဲ့ရပါတယ်။
အတိတ်ကရော သူတို့နှစ်ယောက် ဒီအမှုကို ဘယ်လိုဖော်ထုတ်ခဲ့ကြသလဲ၊ သူတို့နှစ်ယောက် ဘယ်လိုအကြောင်းကြောင့် အဆက်အသွယ်ပြတ်သွားသလဲ၊ လက်ရှိကာလမှာ ဘယ်လိုဆက်လက်စုံစမ်းကြမလဲ၊ သူတို့ရဲ့အမှုက သူတို့ထင်တာထက်ကြီးမားနေတာကို ဘယ်လိုရင်ဆိုင်သွားကြမလဲ စသည်ဖြင့် ပရိတ်သတ်ကို ရင်တမမနဲ့ ဇာတ်လမ်းထဲမျောပါသွားလောက် တင်ဆက်ပြထားပါတယ်။ Gold Channel ပရိတ်သတ်ကြီးလည်း ရှုစားတော်မူကြပါဦး။
PG Alert: မှုခင်းဇာတ်ကားဖြစ်တာမို့ ကလေးငယ်များ တစ်ယောက်တည်းမကြည့်ရှူဖို့နဲ့ အရွယ်ရောက်ပြီးသူများနဲ့သာကြည့်သင့်ကြောင်း ကြိုတင်အသိပေးလိုက်ပါရစေ။
Translated & Review by Susan Oo
Encoded by MgKyaw
Quality – Bluray
Size – 600MB / 200MB
IMDB – 8.9
Genres – Crime, Drama, Mystery
* Application မှာလည်း ကြည့်လို့ရပါပြီ *
App Download Playstore Link – https://play.google.com/store/apps/details?id=com.gc.movies11
Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11
Android Box Link – https://www.mediafire.com/file/t3ahzqq20es5akc/tv_app_v_1.0.0.apk/file
=======================
We are waiting for that new episodes
Thanks 😇
Pls keep going GC we are waiting
လတ်တလောအခြေနေတွေကြောင့် Request လုပ်ရတာ
မျက်နှာပူ အားနာနေရပေမယ့် ဒီ Serieကိုတော့နေ့တိုင်းကိုစောင့်နေရတာပါ GC Team ရယ် 😁
Thanks for support 😇
lar par ml
Thanks 😇
ဆက်တင်ပေးဦးလေ