Tribes of Europa (2021- )

Tribes of Europa (2021- )

Feb. 19, 2021
Your rating: 0
8.1 7 votes

Seasons and episodes

1Season 1 Feb. 19, 2021

Creator

Cast

Video trailer

Synopsis

Tribes of Europa (2021- )
====================

ဒီတစ်ခါတင်ဆက်​ပေးမှာက​တော့ ကျွန်​တော်တို့ GC ပရိသတ်​တွေ ကြိုက်နှစ်သက်ခဲ့ရတဲ့ The 100 လို Series မျိုးပဲဖြစ်ပါတယ်။ The 100 က​တော့ တစ်ပတ်ကို တစ်ပိုင်းနဲ့ Season 7 ခုအထိ အရှည်ကြီးကို တစ်ဝကြီးကြည့်ခဲ့ရပါတယ်။ ဒီ Series က​တော့ တိုတိုတုတ်တုတ်နဲ့ လိုရင်းကိုပဲ အဓိကသွား​ပေးထားပါတယ်။ လက်ရှိမှာ​တော့ အပိုင်း ၆​ပိုင်းပါဝင်တဲ့ Season 1 ပဲ ထွက်ရှိထားပါ​​သေးတယ်။ ​နောက် Season ​တွေ​တော့ ထပ်လာဖို့ရှိပါ​သေးတယ်။

ဇာတ်လမ်း​​လေးက​တော့ ကျွန်​တော်တို့​နေထိုင်တဲ့ ကမ္ဘာကြီးက မ​ဝေး​တော့တဲ့ အနာဂတ်မှာ ကိစ္စတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးမှာ နည်းပညာဆိုတာ​တွေ ​ပျောက်ကွယ်ကုန်ပြီး​တော့ အ​မှောင်တိဖြစ်ခဲ့ရပါတယ်။ ဘာ​ကြောင့်ဖြစ်သွားတယ်ဆိုတာကို ဘယ်သူမှမသိ​ကြ​တော့ပဲ သူ့လူ သူ့လူစုသွားပြီး​တော့ မျိုးနွယ်​တွေကွဲကုန်ပါ​တော့တယ်။ ဟိုနား တစ်စု ဒီနား တစ်စုနဲ့ မျိုးနွယ်စုအများအပြားဟာ သူတို့ရဲ့ ပိုင်နက်ချဲ့ထွင်​​ရေးနဲ့ ဥ​ရောပတိုက်ကို အုပ်စိုးဖို့အတွက် တတ်စွမ်းသမျှတိုက်ပွဲ​တွေ ဝင်​နေကြရပါတယ်။ အင်အားကြီးတဲ့သူကလည်း ဆက်ကြီး​နေသလို အင်အားနည်းတဲ့သူ​တွေကလည်း တ​ဖြေး​ဖြေးနည်းပါးလာပါတယ်။ အဲ့ဒီထဲမှာ တိုက်ပွဲ​တွေနဲ့ ​ဝေး​ဝေးမှာ​နေတဲ့ လဗ်တို့ မျိုးနွယ်စု​လေးရှိပါ​သေးတယ်။ လူအနည်းငယ်သာရှိပြီး​တော့ ​တောထဲမှာပဲ​နေကာ နည်းပညာနဲ့ ​ဝေး​ဝေးမှာပဲ​နေ​နေကြတဲ့ လဗ်တို့ဆီကို တစ်ရက်ကျ​တော့ ​မ​မျှော်လင့်ပဲ နည်းပညာပစ္စည်းတစ်ခုက ​ရောက်လာ​ပါ​တော့တယ်။

အဲ့ဒီနည်းပညာပစ္စည်းက ဘာလဲ။ ဘာအတွက်​ရောက်လာတာလဲ။ ဘယ်​လောက်​တောင် တန်ဖိုးကြီးလို့ သည်းကြီးမည်းကြီးဖြစ်​နေကြတာလဲဆိုတာက​တော့ ကျွန်​တော်တို့ GC က​နေ တင်ဆက်​ပေးမယ့် Tribes of Europa မှာ ကြည့်ရှုနိုင်ပါပြီ။

Translated and Review by Aung Htoo Khaing
Encoded by Noah
Quality – Web
IMDB – 6.8
Genres – Action, Adventure, Drama

Tribes of Europa (2021- )
Tribes of Europa (2021- )
Tribes of Europa (2021- )
Original title Tribes of Europa
TMDb Rating 7.2 86 votes
First air date Feb. 19, 2021
Last air date Feb. 19, 2021
Seasons 1
Episodes 6
Average Duration 47 minutes

Similar titles

Jupiters Legacy (2021)
The Perfect Deal
The Walking Dead: World Beyond (2020)
My Lovely Boxer
Top Management
CEO-dol Mart
Star Wars: The Bad Batch (2021)
Forecasting Love and Weather
Love Me, Love My Voice
The Silence of the Monster
Master of My Own
First Kill