
Tracer (트레이서)
ဒီတစ်ခါကတော့ Im Si Wan ရဲ့ MBC ရုပ်သံကားကောင်းလေးကို GCverse တို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။
Hwang Dong Joo ဟာ အမျိုးသားအခွန်ဦးစီးဌာန အဖွဲ့ ၅ ခေါင်းဆောင်တစ်ဦးဖြစ်ပြီးတော့ အခွန်မထမ်းဘဲ စာရင်းပျောက်နေတဲ့အကျင့်ပျက်ခြစားမှုတွေကို ကြိုးကြိုးစားစားနဲ့ စုံစမ်းတတ်တဲ့သူပါ။
သူ့ရဲ့အဖွဲ့ဝင်တွေကတော့ တက်ကြွသွက်လက်တဲ့အကျင့်ရှိတဲ့ Seo Hye Young ဖြစ်ပြီး အထက်လူကြီးကတော့ သူ့ကိုယုံကြည်တဲ့ Oh Young ပါ။
In Tae Joon ကတော့ နယ်မြေအခွန်ဦးစီးရုံးရဲ့ ညွှန်ကြားရေးမှူးဖြစ်ပြီးတော့ အကျင့်ပျက်ခြစားမှုတွေ၊ လာဘ်စားမှုတွေကိုလုပ်ဆောင်ပြီး အမြင့်တက်ဖို့ကြံစည်နေတဲ့ ရည်မှန်းချက်ကြီးသူပါ။
မှန်ကန်ဖြောင့်မတ်တဲ့ဝန်ထမ်းတွေနဲ့ လောဘအတောမသတ်တဲ့အထက်လူကြီးတွေရဲ့ကြားက တိုက်ပွဲ။ ကိုရီးယားရဲ့ ရှုပ်ထွေးလှတဲ့စီးပွားရေးလောက၊ နိုင်ငံရေးအခင်းအကျင်း၊ ဝန်ထမ်းလောကတွေကို ခံစားကြည့်ရှုရမှာမို့ လက်မလွတ်တမ်းစောင့်မျှော်အားပေးကြပါဦးနော်။
Review By Athena
Translated by Ji Hye & Rain Yoon
so good