
Thirty-Nine(서른, 아홉)
ချစ်ရတဲ့အစ်မတော်သုံးယောက်ရဲ့ ကားလေးကို JTBC ကထုတ်လွှင့်ပြီး Netflix က streaming လုပ်ပေးသွားမှာပါ။ မမသုံးယောက်ရဲ့ မတူညီတဲ့ကာရိုက်တာကို အတွဲညီညီကြည့်ရှုဖို့ GCverse တို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။
Cha Mi Jo (Son Ye-Jin) ဟာ ကိုယ်ပိုင်အရေပြားအထူးကုဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ချမ်းသာတဲ့မိသားစုမှာ နွေးနွေးထွေးထွေးနဲ့ အရာအားလုံးပြည့်စုံစွာ ကြီးပြင်းလာခဲ့ရသူပါ။ နွေးထွေးမှု၊ ဂရုစိုက်မှုတွေ အပြည့်အဝခံစားခဲ့ရသူမို့ သူကိုယ်တိုင်ကလည်း လူတွေအပေါ် နွေးထွေးမှု၊ ဂရုစိုက်မှုတွေ ဝေမျှပေးတတ်ပါတယ်။
Jung Chan Young (Jeon Mi-Do) ကတော့ သရုပ်ဆောင်ဖြစ်ဖို့ အိပ်မက်ရှိခဲ့ပေမဲ့ သရုပ်ဆောင်နည်းပြသာဖြစ်လာခဲ့ပါတယ်။ တုတ်ထိုးအိုးပေါက်ပြောတတ်သူဖြစ်ပေမဲ့ သူရဲ့ရိုးသားမှုက အထင်သားပေါ်လွင်နေတာမို့ ချစ်ခင်ခံရသူပါ။
Jang Joo Hee (Kim Ji-Hyun) ကတော့ ကုန်တိုက်က အလှပြင်ပစ္စည်းဆိုင်မန်နေဂျာဖြစ်ပြီး သူ့ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်ချက်မရှိတဲ့ပုံစံကြောင့် အချစ်ရေးတစ်ခုကို တည်ဆောက်ရခက်နေတဲ့သူပါ။
ပုံစံမတူပေမဲ့ ဘဝရဲ့အနိမ့်အမြင့်၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို ဝေမျှခံစားကြတဲ့ သူငယ်ချင်းသုံးယောက်ပေါ့။ အသက်လေးဆယ်မှာ ဘဝစပါတယ်တဲ့။ ဒီလိုဘဝအစမှာ ချစ်ရတဲ့သူငယ်ချင်း၊ ရင်ဖွင့်ဖော်တွေရှိနေတာက ဘာနဲ့မှမလဲနိုင်တဲ့ဆုလာဘ်ပါပဲ။ သူငယ်ချင်းသုံးယောက်ရဲ့ ဘဝအမောတွေ၊ အခက်အခဲတွေကို ဘယ်လိုအားအင်တွေနဲ့ကျော်ဖြတ်ပြမလဲဆိုတာကို Gold Channel နဲ့အတူတူ မျှဝေခံစားလိုက်ရအောင်ပါ။
Hi
ဆက်မတင်တော့ဘူးလား