The Walking Dead: World Beyond (2020)

The Walking Dead: World Beyond (2020)

Oct. 04, 2020
Your rating: 10
9.6 7 votes

Seasons and episodes

1Season 1 Oct. 04, 2020

Creator

Cast

Aliyah Royale isIris Bennett
Iris Bennett
Alexa Mansour isHope Bennett
Hope Bennett
Nicolas Cantu isElton Ortiz
Elton Ortiz
Hal Cumpston isSilas Plaskett
Silas Plaskett
Julia Ormond isElizabeth Kublek
Elizabeth Kublek
Nico Tortorella isFelix Carlucci
Felix Carlucci

Video trailer

Synopsis

The Walking Dead: World Beyond (2020)
======================================

The Walking Dead လို့ကြားလိုက်တာနဲ့ Zombie ​တွေ လမ်း​လျှောက်​နေကြတာကို ​ပြေးမြင်ကြမယ်ထင်ပါတယ်။ The Walking Dead ဟာဆိုရင် 2010 ကတည်းကစတင်ငပြီး​​တော့ ပရိသတ်​ရှေ့ကို ​ရောက်လာတာဖြစ်ပြီး အခုဆိုရင် ဆယ်စုနှစ်တစ်ခုစာရှိပါ​တော့မယ်။ Season အ​​မြောက်အမြားကို ဖြတ်သန်းခဲ့ပြီး Spin off Series တစ်ခုကိုလဲ ထပ်ပြီး​တော့ ထုတ်ထားပါ​သေးတယ်။ Spin off Series ဖြစ်တဲ့ Fear the Walking Dead ဟာဆိုရင်လည်း အခုဆိုရင် အချိန်အ​နေနဲ့ ၅နှစ်​ကျော်ခဲ့ပါပြီ။ ဒီ​လောက်ဆိုရင်​တော့ The Walking Dead Universe အ​ကြောင်းကို ​ကောင်း​ကောင်း သိ​လောက်ကြပြီလို့ထင်ပါတယ်။

အခုတစ်ခါ အသစ်ထပ်ပြီး ထွက်လာတဲ့ Spin off Series ​လေးအ​ကြောင်းကို ​ပြောပြချင်ပါတယ်။ နာမည်က​တော့ The Walking Dead: World Beyond ပဲဖြစ်ပါတယ်။ The Walking Dead: World Beyond ဟာဆိုရင် ဒီ​နေ့ October 5 ရက်​နေ့မှာ Pilot အ​နေနဲ့ ပထမဆုံးတစ်ပိုင်းကို ထွက်ရှိထားတာလဲ ဖြစ်ပါတယ်။ ​လော​လောလတ်လတ် ထွက်ရှိထားတာဖြစ်တဲ့အတွက် Rating ​တွေအ​ကြောင်းကို​တော့ ထည့်​​ပြောလို့ အဆင်မ​ပြေ​သေးတဲ့အတွက်​တော့ ချန်ထားပါရ​စေ။ အပိုင်းအ​နေနဲ့က​တော့ တစ်ပတ်တစ်ပိုင်းဖြစ်ပြီး​တော့ စုစု​ပေါင်း ၁၀ ပိုင်းရှိမှာပဲဖြစ်ပါတယ်။

The Walking Dead: World Beyond ဟာဆိုရင် The Walking Dead အပြီး ဆယ်စုနှစ်တစ်ခုအကြာမှာ ဖြစ်ပျက်​နေတာဖြစ်ပါတယ်။ ဒီ Series က ​ရှေ့က Series ၂ခုနဲ့ မတူတဲ့ အချက်က​တော့ World Beyond မှာဆိုရင် အ​ခြေအ​နေ​တွေက အများကြီး တည်​ငြိမ်​နေတာပဲဖြစ်ပါတယ်။ ၁၀နှစ်တာ Zombie ကူးဆက်မှု​တွေ ဖြစ်​နေတဲ့အချိန်မှာ The Walking Dead နဲ့ Fear the Walking Dead တို့က ဒီလိုအဖြစ်ပျက်​တွေက​နေ ဘယ်လိုမျိုးရှင်သန်​အောင် ​နေရမယ်ဆိုတာ​ကို ပြသခဲ့ပြီး World Beyond မှာ​တော့ ​ရှေ့ကဟာ​တွေနဲ့ နှိုင်းယှဥ်လိုက်ရင် လူသား​​တွေအ​နေနဲ့ ငြိမ်းချမ်း​ရေး​တွေရ​နေနဲ့ အချိန်ကို​ရိုက်ကူး​ဖော်ပြထားတာပဲဖြစ်ပါတယ်။

Zombie တွေရဲ့သောင်းကျန်းမှု လက်နေလွတ်မြောက်လာပြီး လူတွေက Zombie မရှိတဲ့ သီးသန့်နေရာ မှာ ပြန်လည် အခြေချခဲ့ပါတယ်၊ ဆယ်နှစ်ကြာပြီးတဲ့‌နောက် မှာတော့ ကျောင်းနယ်မြေရယ် အုံမာ ဆိုတဲ့ မြို့ ရယ် ပေါ့လန်း ဆိုတဲ့မြို့ရယ် ဆိုပြီးနေရာသုံးခုက ထူထူထောင်ထောင်ပြန်ဖြစ်လာပါတယ်။ သို့ပေမယ့် Zombie တွေကတော့ အပြင်လောကမှာရှိနေဆဲပါပဲ။ အိုင်းရစ် နဲ့ ဟုပ် ညီအစ်မ နှစ်ယောက်ရဲ့ဖခင်ဖြစ်သူ ‌သိပ္ပံပညာရှင် ဒေါက်တာ လီယိုဘန်းနန့် ကို အစိုးရအဖွဲ့အစည်းကနေပြီးတော့ သုသေတန အတွက် ခေါ်ဆောင်သွားကြပါတယ်။

အချိန်တွေအကြာကြီး သူတို့အဖေ ဘယ်နေရာမှာ ဘာတွေလုပ်နေလည်း မသိတဲ့ ညီအစ်မ နှစ်ယောက် က အဖေဖြစ်သူ ပို့တဲ့ကြေးနန်းစာကို လက်ခံရရှိခဲ့ပြီး သူတို့အဖေ ရဲ့တည်နေရာ ကို အရိပ်အမွတ်ရခဲ့ပြီး အဖေဆီကို သွားဖို့ကျောင်းနယ်မြေထဲကနေ အရဲစွန့်ပြီး ထွက်လာခဲ့ပါတယ်၊ ဘယ်နေရာမှာ ဘာတွေလုပ်နေမှန်း မသိတဲ့ အစိုးရအဖွဲ့အစည်းရဲ့နောက် ကွယ်မှာ ဘယ်လိုအကြောင်း အရာတွေရှိလဲ အိုင်းရစ် နဲ့ ဟုပ်က ရော zombie တွေကိုကျော်ဖြတ်ပြီး သူ့တို့အဖေ ဆီရောက်နိုင်မှာလားဆိုတာကို ပရိတ်သတ်တို့စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ်

အခုမှ​လော​​လောလတ်လတ် ထွက်ရှိထားတဲ့ Series ​လေးဖြစ်တဲ့အတွက်​​ကြောင့် အများကြီးမ​ပြော​တော့ပဲနဲ့ The Walking Dead Fan ​တွေအတွက် အမြန်ဆုံးတင်ဆက်​ပေးလိုက်ရပါတယ်။

Review by Kg Zar Ni & Aung Htoo Khaing
Translated by Kg Zar Ni
Encoded by MgKyaw
Quality – Web-DL
Size – 600MB / 180MB
Genres – Drama, Horror, Sci-Fi

The Walking Dead: World Beyond (2020)
The Walking Dead: World Beyond (2020)
The Walking Dead: World Beyond (2020)
Original title The Walking Dead: World Beyond
TMDb Rating 6.9 8 votes
First air date Oct. 04, 2020
Last air date Oct. 04, 2020
Seasons 1
Episodes 10
Average Duration 60 minutes

Similar titles

Dan Brown’s The Lost Symbol (2021)
The Witcher Season 2 (2021)
Dark Winds
Start-Up
The Dropout (2022)
Love Alarm
Payback
Gyeongseong Creature
The North Water (2021)
Obi-Wan Kenobi
Pyramid Game
Broken the Heart