The Uncanny Counter

The Uncanny Counter

Nov. 28, 2020
Your rating: 10
10 7 votes

Seasons and episodes

1Season 1 Nov. 28, 2020

Synopsis

The Uncanny Counter

Counter ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲ့ဒီအဖွဲ့ကတော့ မကောင်းဆိုးဝါဝိဉာဉ်တွေကိုလိုက်ဆီးကြတဲ့ အဖွဲ့ပါ။ အဖွဲ့ဝင်တွေမှာ မတူညီတဲ့စွမ်းအားတွေရှိပြီး သူတို့ဟာ ခေါက်ဆွဲဆိုင်က အလုပ်သမားတွေအနေနဲ့ ရုပ်ဖျက်ထားကြတဲ့သူတွေပါ။

So Moon ဟာ အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး သူ့ရဲ့စွမ်းအားက အားကြီးတာပါ။ သူ့ကိုလည်း Counter အဖွဲ့ထဲကို ခက်ခက်ခဲခဲ ခေါ်ဆောင်လာခဲ့ရတာပါ။ ကလေးဘဝတုန်းက So Moon ဟာ သံသယဖြစ်စရာကားတိုက်မှုမှာ ပါဝင်ခဲ့ပါတယ်။ မိဘဖြစ်သူတွေက ကားတိုက်မှုမှာ သေဆုံးသွားပြီး သူကတော့ ဘယ်ခြေထောက်မသန်တော့တဲ့ အဖြစ်မျိူးနဲ့ ကြုံခဲ့ရပါတယ်။

Ga Mo-Tak ကတော့ ရဲအရာရှိဟောင်းတစ်ဦးပါ။ လွန်ခဲ့သော ၇ နှစ်က မတော်တဆမှုဖြစ်ပြီး မှတ်ဉာဏ်တွေပျောက်ဆုံးသွားတဲ့သူပါ။ အဖွဲ့ရဲ့ ရိုးသားဖြောင့်မှန်တဲ့သူကြီးဖြစ်ပါတယ်။

Do Ha-Na ကတော့ ကီလိုမီတာရာချီဝေးတဲ့အကွာအဝေးကနေတောင် မကောင်းဆိုးဝါးရဲ့ဝိဉာဉ်ကို အာရုံခံနိုင်ပါတယ်။ လူတစ်ယောက်ကိုထိလိုက်တာနဲ့ ထိုသူရဲ့မှတ်ဉာဏ်တွေကို သိရှိနိုင်တဲ့ စွမ်းအားပိုင်ရှင်ပါ။

Chu Mae-Ok ကတော့ ခေါက်ဆွဲဆိုင်ပိုင်ရှင်ပါ။ သူမကတော့ Counter အဖွဲ့ကြီးရဲ့ အမာခံတံတိုင်းကြီးဖြစ်ပြီး အဖွဲ့ဝင်တို့ရဲ့ စတည်းချရာနေရာပါပဲ။

Choi Jang-Mool ကတော့ ကိုးရီးယားရဲ့ ပထမဆုံး Counter အဖွဲ့ဝင်ပါ။ သူက​တော့အဖွဲ့ရဲ့ ကုန်ကျစရိတ်အဝဝကို ကိုင်တွယ်ဖြေရှင်းရတဲ့သူဖြစ်ပါတယ်။

သူတို့ရဲ့ Counter အဖွဲ့ကြီးဟာ ဘယ်လိုတွေများ အတွဲညီညီနဲ့ မကောင်းဆိုးဝါးတွေကို လိုက်လံဖမ်းဆီးကြမလဲဆိုတာ ကြည့်ရှုကြရမှာပါ။ OCN ရဲ့ Drama ဖြစ်တာကြောင့် လျှို့ဝှက်ဆန်းကြယ်တဲ့ရသအပြင် ဘယ်လိုရသ
တွေကိုပါ လှလှပပဖော်ကျူးထားမလဲဆိုတာကို အပတ်စဥ် စနေ၊ တနင်္ဂနွေညတိုင်း GC Drama
Page မှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။

Translated by Faith,Hay Marn,Ngal,Yin Cho and YM

The Uncanny Counter
Original title 경이로운 소문
First air date Nov. 28, 2020
Seasons 1
Episodes 16

Similar titles

Lost in the Kunlun Mountains
Dan Brown’s The Lost Symbol (2021)
HeartBeat
Curse Code
Lie after Lie
ปางเสน่หา
The King of Pigs
Green Mothers’ Club
Take Us Home
Kokdu: Season of Deity
Curtain Call
Jupiters Legacy (2021)