The Secret House

The Secret House

Apr. 11, 2022
Your rating: 0
7 2 votes

Seasons and episodes

1Season 1 Apr. 11, 2022

Creator

Creator

Cast

Video trailer

Synopsis

The Secret House (비밀의 집)

နောက်လင်ပြီးသွားလို့ ဘာကြည့်ရမှန်းမသိ လမ်းပျောက်နေကြတဲ့ ပရိသတ်ကြီးအတွက် လျှို့ဝှက်အိမ်လာပါပြီနော်။ လောင်ရရုံတင်မကဘူး သဲထိပ်ရင်ဖိုတွေပါ ကြည့်ရှုရမှာပါနော်။ 😮 မိခင်ပျောက်ဆုံးသွားရခြင်းရဲ့ သဲလွန်စတွေနောက်လိုက်ရင်း ပဟေဠိအပြည့်နဲ့ ဝန်းကျင်သစ်ထဲကို ရောက်ရှိသွားတဲ့ ရှေ့နေတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း အူဂျီဟွမ် (Seo Ha Joon)ဟာ နောက်ခံအင်အားမရှိတဲ့ ရှေ့နေတစ်ယောက်ပါ။ မိခင်ပျောက်ဆုံးမှုကို အကြောင်းပြုပြီး တစ်နေ့မှာ လျှို့ဝှက်ချက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အူဂျီဟွမ်အနေနဲ့ ဒီလျှို့ဝှက်ချက်ကို ဘယ်သူမှမသိအောင် ဖုံးကွယ်ထားရမှာပါတဲ့။ ဒီလျှို့ဝှက်ချက်သာပေါ်သွားရင် သူ့မိသားစုပဲ ပိုထိခိုက်ရမှာဖြစ်တာကြောင့်ပါ။ အူဂျီဟွမ်ရဲ့ မိသားစုဟာ ကံဆိုးမှုအကြီးကြီး ကြုံကြိုက်ခဲ့ရပြီး အမေနဲ့ အစ်မက မိသားစုအတွက် ကြီးကြီးမားမား စွန့်လွှတ်ခဲ့ကြရပါတယ်။ ဒီလိုနဲ့ အူဂျီဟွမ်ဟာ အမေနဲ့ အစ်မအတွက် လူကောင်းဘဝကို စွန့်လွှတ်ပြီး မကောင်းဆိုးဝါးနောက်ကို ရေဆုံးမြေဆုံးအထိလိုက်မယ့် ရှေ့နေကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အူဂျီဟွမ်ရဲ့အချစ်ဦးကတော့ ထက်မြက်ပြီး နွေးထွေးကြင်နာတတ်သူ ခွဲစိတ်ဆရာဝန် ဘဲ့ဂျူဟုန်း (Lee Young Eun)ဖြစ်ပြီး အူဂျီဟွမ်ကိုလည်း အရမ်းချစ်ပေးသူပါ။ နမ်ထယ်ဟျွန်း (Jung Heon)ကတော့ ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့ မာနတံခွန် အမှုစစ်တစ်ယောက်ဖြစ်ပါတယ်။ နမ်ထယ်ဟီး (Kang Byul)ကတော့ နမ်ထယ်ဟျွန်းရဲ့ညီမဖြစ်ပြီး မိမိကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေခဲ့တဲ့အတွက် အမေနဲ့ အစ်ကိုကို လက်စားချေဖို့စီစဥ်နေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အူဂျီဟွမ်၊ ဘဲ့ဂျူဟုန်းနဲ့ နမ်ထယ်ဟျွန်းတို့ကြားက သုံးပွင့်ဆိုင်အချစ်ကိုလည်း တစ်ဝကြီးတွေ့မြင်ရဦးမှာပါ။ မိသားစု၊ ရို့မန့်၊ ကလဲ့စား၊ သဲထိတ်ရင်ဖို ခံစားချက်တွေကို ပုံဖော်ရိုက်ကူးထားပြီး ပဟေဠိအပြည့်နဲ့ The Secret House ဇာတ်လမ်းတွဲဟာဆိုရင်တော့ အပိုင်း ၁၂၀ ပါဝင်မှာဖြစ်ပြီး Second Husband Drama အပြီး အပတ်စဥ် တနင်္လာနေ့မှ သောကြာနေ့အထိ MBC ရုပ်သံမှာပြသသွားမှာဖြစ်ကာ Gold Channel မှ ဘာသာပြန်တင်ဆက်ပေးမှာဖြစ်လို့ Admin တို့နဲ့ အတူလောင်ကြပါဦးစို့လား GCverses လေးတို့ရေ။ 🙆‍♀️

Reviewed by Elsa Translated by Elsa, Ana, Chu and Ester

The Secret House
Original title 비밀의 집
First air date Apr. 11, 2022
Seasons 1
Episodes 20
Average Duration 35 minutes

Similar titles

Pennyworth (2020)
Born Again
Hush
Sex Education
Love All Play
Viva Femina
Fargo (2014 –
Shantaram
Our Blooming Youth
Moonshine
See You Again
Mr. Bad

(1) comment

  • aungkuawApril 12, 2022Reply

    gg

Leave a comment

Name *
Add a display name
Email *
Your email address will not be published

88