The Legendary Life of Queen Lau

The Legendary Life of Queen Lau

Jun. 24, 2022
Your rating: 0
9 1 vote

Seasons and episodes

1Season 1 Jun. 24, 2022

Creator

Creator

Cast

Jackie Li isLiu Jinfeng
Liu Jinfeng
Li Hongyi isDuan Yunzhang
Duan Yunzhang
Maggie Chen isLiu Baiyu
Liu Baiyu
Guo Cheng isDuan Yunzhong
Duan Yunzhong
Qi Peixin isShen Ao
Shen Ao
Li Boyang isYun Yan
Yun Yan
Lu Yupeng isXiao Jingtang
Xiao Jingtang
Bai Shu isYu Changya
Yu Changya

Video trailer

Synopsis

The Lengendary Life Of Queen Lau

ဒီတခါမှာတော့ GC ပရိတ်သတ်ကြီးကို
ဘဝအမောတွေပြေစေနိုင်မယ့် အချစ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်‌တင်‌ပြပေးဖို့ ရွေးချယ်ထားပါတယ်
” အချစ်မှာ မျက်စိမရှိဘူး ” ဆိုတဲ့အတိုင်းပဲ
လူတိုင်းက မလိုက်ဖက်လိုက်တာလို့ တူညီစွာ ယူဆထားခဲ့ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ အချိန်ကာလတစ်ခု အတူဖြတ်သန်းခဲ့ကြပြီးတဲ့နောက်မှာတော့ ထူးဆန်းစွာပဲ တွဲဖက်အညီဆုံးသောစုံတွဲတစ်တွဲ ဖြစ်လာခဲ့ကြတယ် ဘယ်လိုအရာတွေကို ကျော်ဖြတ်ခဲ့ရတာကြောင့် သူတို့နှစ်ဦးသားရဲ့ သံယောဇဉ်တွေပိုမိုခိုင်မြဲလာပြီး အချစ်တွေ ပေါက်ဖွားစေခဲ့သလဲဆိုတာကို GC Team က တင်ဆက်ပေးမယ့် Legendary Life of Queen Lau မှာ ကြည့်ရှူခံစားပေးကြရမှာ ဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်း
~~~~~~~~~~~~~~~~~~~~~
ကံကြမ္မာရဲ့ လှည့်ကွက်တွေကြောင့် ငယ်စဉ်ကတည်းက ဖခင်ရဲ့လျစ်လျူရှုခြင်းကို ခံရပြီး မိခင်နှင့်ပဲ ချို့တဲ့စွာကြီးပြင်းလာခဲ့တဲ့ သူဆင်းရဲမလေးတစ်ဦးဟာ နန်းတွင်းထဲ ရောက်လာရပြီး ရှင်ဘုရင်လေးနဲ့ လက်ထပ်ထိမ်းမြားကာ မိဖုရားကြီးဖြစ်လာခဲ့တယ် ပျော်ပျော်နေတတ်ပြီး ပေါ့ပါးလွတ်လပ်တဲ့ သူမက နန်းတွင်းထဲက တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကြား နေသားမကျသလို တခြားဖြူသွယ်လှပတဲ့မောင်းမတွေနဲ့ မတူကွဲပြားနေတဲ့ ဝဖြိုးတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်တာကြောင့် သူမကို လှောင်ပြောင်ရယ်မောကြတာတွေကိုလည်းခံခဲ့ရတယ် ခင်ပွန်းဖြစ်သူ ရှင်ဘုရင်လေးဆီကလည်း သံသယများစွာနဲ့ စမ်းသပ်တာကို အကြိမ်ကြိမ်အခါခါကြုံခဲ့ရပေမယ့် အကောင်းမြင်တတ်တဲ့သူမအဖို့ကတော့ အရာရာကို အေး‌အေး‌ဆေးဆေးကျော်ဖြတ်နိုင်ခဲ့တယ်
သူမရှိ‌နေတာကြောင့် ခြောက်သွေ့ငြီးငွေ့ဖွယ်နန်းတော်ထဲမှာလည်း လှုပ်လှုပ်ရှားရှားအသက်ဝင်လာပြီး ဗလတောင့်တောင့်ယောကျာ်းကြီးကို‌တောင် လက်ဗလာနဲ့ အနိုင်ယူနိုင်ခဲ့တဲ့သူမက အားနွဲ့တဲ့ သူမရဲ့ခင်ပွန်းလေးကို စောင့်ရှောက်ကာကွယ်ပေးတဲ့သူဖြစ်လာခဲ့တယ် အနေနီးခဲ့ကြတဲ့ သူတို့နှစ်ဦး တစ်ယောက်အကြောင်း တစ်ယောက်ပိုမိုနားလည်လာချိန်မှာတော့ မလိုက်ဖက်ဆုံးသော တွဲဖက်အညီဆုံးဘုရင်နဲ့မိဖုရား ဖြစ်လာခဲ့ကြတယ်။ ။
ဒီဇာတ်လမ်းလေးမှာ ပရိတ်သတ်အားလုံးနဲ့ ရင်းနှီးပြီးသားလည်းဖြစ်တဲ့ ထူးချွန်တဲ့အနုပညာအရည်အချင်းတွေကြောင့် အသိအမှတ်ပြုခြင်းခံထားရတဲ့ La Mu Yang Ziနဲ့ Parallel Love ၊ Love better than Immortality စတဲ့ ဇာတ်ကားကောင်းတွေနဲ့ မြန်မာပရိတ်သတ်တွေ အခိုင်အမာရရှိထားတဲ့ Li hong Yi တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး 36 ပိုင်း ထွက်ရှိမှာဖြစ်ပါတယ် ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ သူတို့နှစ်ဦးရဲ့ ဇာတ်ကား‌ကောင်းလေးကို GC Team နဲ့အတူ စောင့်မျှော်ရှုစားပေးကြပါဦးနော် 😊
Reviewed by November

The Legendary Life of Queen Lau
Original title 我叫刘金凤
First air date Jun. 24, 2022
Last air date Jun. 26, 2022
Seasons 1
Episodes 36

Similar titles