The Law Cafe

The Law Cafe

Sep. 05, 2022
Your rating: 0
7.3 4 votes

Seasons and episodes

1Season 1 Sep. 05, 2022

Creator

Creator

Cast

Lee Se-young isKim Yu-ri
Kim Yu-ri
Lee Seung-gi isKim Jung-ho
Kim Jung-ho
Kim Seul-ki isHan Se-yeon
Han Se-yeon
Jo Han-chul isLee Pyeon-woong
Lee Pyeon-woong

Video trailer

Synopsis

The Law Cafe / 법대로 사랑하라 (2022)

ကားကောင်းများစွာနဲ့ မျက်စိမွဲစေမယ့် စက်တင်ဘာလလေးပါ Gcverse လေးတိုရေ😝 Gcverse တိုကို ဒီလ ပထမအပတ်ရဲ့ ဒုတိယမြောက်ကားဖြစ်တဲ့ “Law Cafe” နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Big Mouse ကြည့်ရင်း Mouse ကြီးကို လွမ်းနေတဲ့သူတွေအတွက် အိုပါး Lee Seung Gi ကတော့ comeback ဒရာမာလေးနဲ့ ပရိသတ်ရှေ့ အလွမ်းပြေရောက်ရှိလိုလာခဲ့ပါပြီ။ အိုပါး Lee Seung Gi အပြင် Red Sleeve ရဲ့ ဇာတ်သိမ်းနဲ့ ပရိသတ်တွေကို ဟာ့တ်ထိသွားစေခဲ့တဲ့ မင်းသမီး Lee Se Young ပါ ပါဝင်ထားတာမို Law Cafe ကို ကြည့်ရှူကြဖို အထူးတိုက်တွန်းစရာ မလိုတော့ဘူးထင်ပါတယ်။

ဇာတ်လမ်းလေးကတော့…

Kim Jung-Ho (Lee Seung-Gi)ဟာ အင်မတန်မှ ထက်မြက်တဲ့ အမှုစစ်တစ်ယောက်ဖြစ်ပေမဲ့ ဖခင်ရဲ့ အကျင့်ပျက်ဖောက်ပြားမှုသတင်းဆိုးတွေကြောင့် အမှုစစ်အလုပ်က နှုတ်ထွက်ခဲ့ပြီး လက်ရှိ အလုပ်လက်မဲ့ဖြစ်နေသူတစ်ယောက်ပါ။ အလုပ်လက်မဲ့ဆိုပေမဲ့ ပိုင်ဆိုင်တဲ့ အဆောက်အဦတစ်ခုရှိကာ ထိုအဆောက်အဦကိုပဲ ငှားစားရင်း ခေါင်မိုးထပ်မှာ နေထိုင်တဲ့ အဆောက်အဦပိုင်ရှင်ကြီးပါ။

Kim Yoo-Ri( Lee Se Young) ကတော့ တရားမျှတမှုကို ရူးသွပ်တဲ့ ရှေ့နေတစ်ယောက်ပါ။ အတိတ်ကအချစ်ရေးဖြစ်ရပ်ကြောင့် Single ဘဝနဲ့ အရိုးထုတ်တော့မယ်လို ဆုံးဖြတ်ထားသူတစ်ယောက်ပါ။ ယခင်က ရှေ့နေရုံးကြီးတစ်ခုမှာ အလုပ်လုပ်ခဲ့ပေမဲ့ လက်ရှိမှာ ရှေ့နေရုံးကထွက်ပြီး Kim Jung-Ho ရဲ့ အဆောက်အဦမှာ Law Cafe ဆိုတဲ့ Cafe ဆိုင်လေးဖွင့်ထားပါတယ်။

Kim Jung-Ho နဲ့ Kim Yoo-Ri ဟာ လွန်ခဲ့တဲ့ ၁၇နှစ်၊ အထက်တန်းကျောင်းသား ဘဝကတည်းက ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး Kim Jung-Ho ဟာ Kim Yoo-Ri ကို ‌ကျောင်းသားအရွယ်မှာတည်းက တစ်ဖက်သတ် ချစ်နေခဲ့တာပါ။

Kim Yoo-Ri ဖွင့်ထားတဲ့ Law Cafe ကတော့ မည်သူမဆို ကော်ဖီထိုင်သောက်ရင်း ဥပဒေအကြောင်းတွေ ဆွေးနွေးတိုင်ပင်လိုရမယ့် နေရာလေးတစ်ခုပါ။ ထို Law Cafe ကိုလာတဲ့ ဖောက်သည်တွေရဲ့ စုံစိနေတဲ့အမှုတွေကို ထက်မြက်လှတဲ့ အမှုစစ်ဟောင်းနဲ့ တရားမျှတမှုအတွက်ဆို လက်မနှေးတဲ့ ရှေ့နေဟောင်းတိုက ဘယ်လိုကိုင်တွယ်ဖြေရှင်းပေးသွားမှာလဲ… လက်ကျန်ဘဝကို Single အနေနဲ့ အရိုးထုတ်မယ်လို ဆုံးဖြတ်ထားတဲ့ Kim Yoo-Ri တစ်ယောက်‌ရော သူ့ကို အချိန်အကြာကြီး တစ်ဖက်သတ်ချစ်နေခဲ့တဲ့ သူငယ်ချင်း Kim Jung-Hoရဲ့ စိတ်ကို လက်ခံပေးလိုက်မှာလားဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှူခံစားရမှာပါ။

ပုံမှန်ဥပဒေကားတွေနဲ့ ကွဲထွက်ကာ အခွီပေါင်းစုံနဲ့ Lee Seung Gi နဲ့ Lee Se Young တိုကိုမြင်တွေ့ရမယ့် ဒီ “Law Cafe” ဟာ ပရိသတ်ကြီး အကြိုက်တွေ့စေမယ့် ဘယ်လိုဇာတ်ကားကောင်းလေး ဖြစ်ဦးမလဲဆိုတာကို အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ Gold Channelနဲ့ အတူတူ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။

The Law Cafe
The Law Cafe
The Law Cafe
Original title 법대로 사랑하라
First air date Sep. 05, 2022
Seasons 1
Episodes 16

Similar titles

The Interest of Love
Jirisan
Ruyi’s Royal Love in the Palace (2019) မြန်မာစာတမ်းထိုး
Stockstruck
The Bionic Life
Money Heist (2017-2021)
Squid Game
The English
Road Home
Under the Skin
Dear Mayang Street (2020)
Revenant