The King of Tears, Lee Bang Won

The King of Tears, Lee Bang Won

Dec. 11, 2021
Your rating: 0
7.6 5 votes

Seasons and episodes

1Season 1 Dec. 11, 2021

Creator

Cast

Joo Sang-wook isLee Bang-won
Lee Bang-won
Kim Yeong-cheol isLee Seong-gye
Lee Seong-gye
Park Jin-hee isQueen Min
Queen Min
Ye Ji-won isQueen Kang
Queen Kang
Lee Kwang-gi isJeong Do-jeon
Jeong Do-jeon
Ye Soo-jung isQueen Han
Queen Han
Kim Myung-soo isLee Bang-gwa
Lee Bang-gwa
Hong Kyung-in isLee Bang-ui
Lee Bang-ui
Tae Hang-ho isLee Hwa-sang
Lee Hwa-sang

Synopsis

The King of Tears/ Taejong Yi Bang-won (태종 이방원)

GCverse လေးတွေထဲမှာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တစ်ဝကြီးကြည့်ရှုလို့ရမယ့် ဖြစ်ရပ်မှန်သမိုင်းကြောင်းဇာတ်လမ်းတွဲတစ်ခုကို စောင့်မျှော်နေသူတွေများ ရှိကြပါသလားနော်👀

ဒါဆိုရင်တော့ ဒီဇာတ်လမ်းတွဲလေးဟာ သင်တို့အတွက်ပါပဲ။

The King of Tears ဟာဆိုရင် KBS ရုပ်သံရဲ့ ငါးနှစ်ကြာပြီးသည့်နောက် ပထမဆုံးပြန်လည်ထွက်ပေါ်လာတဲ့ သမိုင်းနောက်ခံဇာတ်လမ်းတွဲ (Traditional Epic Sageuk) အမျိုးအစားဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။

Sageuk ဆိုတာဟာ ယေဘုယျအားဖြင့် ဂျိုဆွန်းခေတ်မဆုံးခင်ကာလအထိဖြစ်ပျက်ခဲ့တဲ့ သမိုင်းနောက်ခံဇာတ်လမ်းတွဲတွေကို ခေါ်ဆိုတာဖြစ်ပြီး Traditional Epic Sageuk ဆိုတာကတော့ များပြားသောဘတ်ဂျက်နဲ့ သရုပ်ဆောင်တွေ၊ ရှည်လျားထွေပြားတဲ့ ဇာတ်အိမ်ဇာတ်ကြောင်းနဲ့ တကယ့်သမိုင်းထဲက အဖြစ်အပျက်တွေနဲ့ လူပုဂ္ဂိုလ်တွေကိုဖော်ကျူးထားတဲ့ ဇာတ်လမ်းတွဲတစ်ရပ်ကို ခေါ်ဆိုခြင်းလည်း ဖြစ်ပါတယ်။

ထယ်ဂျုံးဘုရင်လို့ကြားလိုက်တာနဲ့ နန်းတွင်းကားပရိတ်သတ်တွေ အနည်းနှင့်အများကြားဖူးကြမှာ အသေအချာပါပဲ။
ဂျိုဆွန်းခေတ်ကို တည်ထောင်သူတွေထဲကတစ်ယောက်၊ နောက်ပိုင်းဂျိုဆွန်းရဲ့တတိယမြောက်ဘုရင်မင်းမြတ်ဖြစ်လာခဲ့တဲ့ ဂျိုဆွန်းရဲ့သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို Sejong: The Great လို့ ဆိုစမှတ်ပြုကြတဲ့ ကြီးမြတ်လှတဲ့ရှင်ဘုရင် ဆယ်ဂျုံးရဲ့ ဖခင်လည်းဖြစ်ပါတယ်။

ထယ်ဂျုံးဘုရင်ရဲ့ သမိုင်းကြောင်းကို ယခင်ကလည်း Six Flying Dragons (ပြည်တော်သစ်ဆီသို့) ဇာတ်လမ်းတွဲနဲ့ My Country ဇာတ်လမ်းတွဲတွေမှာလည်း ကြည့်ရှုဖူးကြမှာပါ။
ယခု Taejong Yi Bang Won ဇာတ်လမ်းတွဲမှာဆိုရင်တော့ ဂိုလျောခေတ်နှောင်းပိုင်းနဲ့ ဂျိုဆွန်းခေတ်စတင်ချိန် ကြားကာလနှင့် ဂျိုဆွန်းခေတ်သစ်ကို အစပြုခဲ့သူ ထယ်ဂျုံးဘုရင်ရဲ့ သမိုင်းကြောင်းကို ရှုထောင့်သစ်တစ်ခုကနေ တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း

ထယ်ဂျုံးဘုရင် (၁၃၆၇-၁၄၂၂) (မွေးနာမည် အီဘန်ဝန်း) ဟာ ဂိုလျောခေတ်နှောင်းပိုင်းရဲ့ ဒိတ်ဒိတ်ကြဲစစ်သူကြီးအီဆွန်းဂယ် (နောက်ပိုင်းထယ်ဂျိုဘုရင်) ရဲ့ ငါးယောက်မြောက်သားတော်ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ စစ်သူကြီးအီဆွန်းဂယ်ဟာ ဂိုလျောခေတ် ဝမ်မျိုးရိုးမင်းဆက်ကို ပျက်သုဉ်းစေပြီး အီမျိုးရိုးများအုပ်စိုးမည့် ခေတ်သစ်တစ်ခု တည်ထောင်ရန် ကြိုးပမ်းခဲ့ရာ အီဘန်ဝန်းက “အဖေသာ ပုန်ကန်မယ်ဆိုရင် ကျွန်တော်လည်း ပါဝင်ဖို့အသင့်ပါပဲ။ သစ္စာဖောက်ဖြစ်ဖို့ ဆန္ဒရှိပါတယ်” ဟုဆိုကာ အဖေဖြစ်သူကို ကူညီပြီး ဂိုလျောမင်းဆက်ရဲ့သစ္စာခံအမှုထမ်းများကို လုပ်ကြံသတ်ဖြတ်ကာ ဂျိုဆွန်းခေတ်ကို တည်ထောင်ခဲ့ပါတယ်။

ဤသို့ဖြင့် ဂိုလျောခေတ်နှင့် ဂိုလျောမင်းဆက် ပျက်စီးပျောက်ကွယ်ပြီး ဂျိုဆွန်းဟုခေါ်သော ခေတ်တစ်ခေတ် ပေါ်ထွန်းလာခဲ့ပါတယ်။

စစ်သူကြီးအီဆွန်းဂယ်ကတော့ ဂျိုဆွန်းရဲ့ပထမဆုံးအုပ်စိုးသူ ထယ်ဂျိုဘုရင်ဖြစ်လာပြီး အီဘန်ဝန်းကတော့ ဘုရင့်သားတော်ဖြစ်လာခဲ့ပါတယ်။

သူဟာ ရည်မှန်းချက်ကြီးမားတဲ့မင်းသားတစ်ပါးဖြစ်ပြီး နိုင်ငံကိုအုပ်စိုးခွင့်သာရမယ်ဆိုရင် ဘာမဆိုလုပ်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။
သူဟာ ဖခမည်းတော် ဂျိုဆွန်းနိုင်ငံတော်တည်ထောင်ရေးတွင် ရွပ်ရွပ်ချွံချွံပါဝင်ခဲ့သူတစ်ယောက်ဖြစ်သည့်အားလျှော်စွာ ထီးနန်းဆက်ခံခွင့်ကို မျှော်မှန်းထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အောင်မြင်သူတို့ရဲ့လမ်းက သူ့အလိုလိုဖြောင့်တန်းခဲ့တာတော့ မဟုတ်ပါဘူး။
ကိုယ့်လမ်းကိုယ်ဖောက်ရင်း ပန်းတိုင်ကိုတက်လှမ်းရမှာပဲ ဖြစ်ပါတယ်။

ဆိုတော့ကား

❓သမိုင်းသစ်ရေးထိုးနိုင်ဖို့ အီဘန်ဝန်းနဲ့ သူ့ရဲ့အီမိသားစုက တွေးကြည့်ဖို့တောင်မဖြစ်နိုင်တဲ့ အခက်အခဲ အတားအဆီးပေါင်းများစွာကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ။

❓ဖခမည်းတော်က အီဘန်ဝန်းဆန္ဒရှိတဲ့ ထီးနန်းဆက်ခံသူ အိမ်ရှေ့စံအရာကို အသာတကြည်အပ်နှင်းမှာလား။

❓ဘုရင့်သားတော်ဘဝမှ ထယ်ဂျုံးဘုရင်ဖြစ်တဲ့အထိ အီဘန်ဝန်းတစ်ယောက် ဘယ်လိုအခက်အခဲတွေကို ဖြတ်ကျော်ရမှာလဲ။

❓စစ်ပွဲနဲ့ပြောင်းလဲရယူခဲ့တဲ့လောကကြီးကို ဖန်တီးပြီးနောက် အဆုံးမဲ့တိုက်ပွဲတွေကို ရပ်တန့်နိုင်မှာလား။

Casting အနေနဲ့ကတော့
★ဂျိုဆွန်းရဲ့ တတိယမြောက်ဘုရင်မင်းမြတ် ထယ်ဂျုံးဘုရင် အီဘန်ဝန်းအဖြစ် မင်းသားကြီး ➡️Joo Sang Wook⬅️
★ဂျိုဆွန်းတည်ထောင်သူ ပထမဆုံးဂျိုဆွန်းဘုရင် မင်းကြီးထယ်ဂျိုအဖြစ် မင်းသားကြီး ➡️Kim Young Chul⬅️
★ဂျိုဆွန်းရဲ့ တတိယမိဖုရားခေါင်ကြီး ဝန်းဂယောင်းအဖြစ် မင်းသမီးကြီး ➡️Park Jin Hee⬅️
★ဂျိုဆွန်းရဲ့ ပထမဆုံးမိဖုရားခေါင်ကြီး ရှင်းဒေါ့အဖြစ် မင်းသမီးကြီး ➡️Ye Ji Won⬅️
★ဒါ့အပြင် True Beauty ဇာတ်လမ်းတွဲမှ တက်သစ်စမင်းသားလေး ➡️Kim Min Gi⬅️ ကလည်း ထယ်ဂျုံးဘုရင်ရဲ့သားတော် အိမ်ရှေ့စံမင်းသား ချွန်းညောင်းအဖြစ် ပါဝင်ထားပါသေးတယ်။

အက်ရှင်အကြမ်းစားနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်အပြည့်ဖြစ်သော The king of Tears သမိုင်းနောက်ခံဇာတ်လမ်းတွဲဟာဆိုရင်တော့ အပိုင်း ၃၂ ပိုင်းပါဝင်မှာဖြစ်ပြီး ဒါရိုက်တာ Kim Hyeong-il မှရိုက်ကူး၍ ဒီဇင်ဘာ ၁၁ မှစတင်ကာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း KBS ရုပ်သံမှာထုတ်လွှင့်မှာဖြစ်ပြီး Gold Channel မှ ဘာသာပြန်တင်ဆက်ပေးမှာမို့ စောင့်မျှော်ကြည့်ရှုကြပါဦး ချစ်ပရိသတ်ကြီးရေ။

Translated by Hnin Aye Nyein,Elsa,Anna & Dara

The King of Tears, Lee Bang Won
Original title 태종 이방원
First air date Dec. 11, 2021
Last air date Dec. 11, 2021
Seasons 1
Episodes 32
Average Duration 60 minutes

Similar titles

HIDE
Bargain
The Crowned Clown
Three Kingdoms (2010) မြန်မာစာတန်းထိုး
A Love So Beautiful
Not Others
Chucky (2021)
True Detective
Tomorrow
Snap and Spark
55:15 Never Too Late
Connect (커넥트)