The Blood of Youth

The Blood of Youth

Dec. 26, 2022
Your rating: 0
9.7 3 votes

Seasons and episodes

1Season 1 Dec. 26, 2022

Creator

Creator

Cast

Li Hongyi isXiao Se
Xiao Se
Lin Boyang isSikong Qianluo
Sikong Qianluo
Ao Ruipeng isLei Wujie
Lei Wujie
Li Xinze isTang Lian
Tang Lian
Dai Yanni isYe Ruoyi
Ye Ruoyi

Synopsis

လုလင်ပျိုတို့ရဲ့စီးချင်း​တေးသွား(Blood of Youth)

Donghuaထွက်ကတည်းက လူကြိုက်များ လူသိများကြပြီး LA​​​စောင့်​နေကြတဲ့ GCverseတို့အတွက် လုလင်ပျိုတို့ရဲ့စီးချင်း​တေးသွား (Blood of Youth) က​တော့ ထွက်ရှိလို့လာပါပြီ ဒီဇာတ်လမ်းလေးကတော့ စိတ်လှုပ်ရှားစရာ လူငယ်တို့ရဲ့စွန့်စားခန်းတွေနဲ့ ပြည့်နှက်နေမယ့် သိုင်းလောကဇာတ်လမ်းကောင်းတစ်ကားဖြစ်ပြီး Donghuaနဲ့တစ်ပုံစံတည်းနီးပါး ထပ်တူကျတာမို့ ဖန်​တွေအတွက် ​ကြည့်ရကျိူးနပ်​စေမယ့် ဇာတ်ကားပါပဲ

ဒီဇာတ်ကားလေးကို The Destiny of White Snake, Love and Redemption, Ancient Love Poetry, Who Rules The World စတဲ့နာမည်ကြီး ဇာတ်ကားကောင်းများ၏ ပဲ့ကိုင်ရှင်ဖြစ်သူ ဒါရိုက်တာ Yin Tao မှရိုက်ကူးထားကာ Master Devil Don’t Kiss Me, Love Better than Immortality, Heart of Loyalty, The Legendary Life of Queen Lau ဇာတ်ကားများထဲမှ မင်းသားချောလေး Li Hongyi ၊ Love and Redemption, Ancient Love Poetry, Love at Night ဇာတ်ကားများ၏ လူကြိုက်များသောမင်းသား Liu Xueyi နှင့် တက်သစ်မ မင်းသမီးငယ်လေး Lin Boyang တို့မှ အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်တင်ဆက်ထားပါတယ် အလားတူပဲ Poison Love, Unusual Idol Love ဇာတ်ကားများထဲမှ ဇာတ်ဆောင်မင်းသား Ao Ruipeng, Love O2O, Love and Redemption(Luo Hou Jiduကာရိုက်တာ) , Immortal Samsara ဇာတ်ကားများထဲမှ ထင်ရှားသော ဇာတ်ရံမင်းသား Li Xinze တို့နှင့်အတူ အခြားနာမည်ကျော် ဇာတ်ပို့ဇာတ်ရံပေါင်းများစွာမှလည်း ပါဝင်ကူညီ အားဖြည့်ပေးထားသောကြောင့် လက်မလွှတ်သင့်သော ဇာတ်ကားတစ်ပုဒ်ပဲ ဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်း

လူငယ်သူရဲကောင်းလေး ​လေဝူကျယ်ဟာ သိုင်းလောကအတွင်းကို စတင်ဝင်ရောက်တဲ့အချိန်မှာပဲ ​သိုင်းပညာမတတ်​ပေမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ရှောင်းစဲ့နဲ့တွေ့ဆုံပြီး သိုင်း​လောကရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရွှယ်ယွဲ့မြို့ဆီကို အတူတူ ထွက်လာတဲ့လမ်းမှာ ​ရွှေအ​ခေါင်းကိုကာကွယ်ပြီး ပို့​ဆောင်မယ့် ထန်ဂိုဏ်းက ထန်လျန်တို့နဲ့ ​ကြုံကြိုက်ခဲ့ရပါ​တယ် ဒီ​ရွှေအ​ခေါင်းဟာလည်း သိုင်း​လောက ​ကောလဟလ​တွေ​ကြောင့် လမ်းမှာ သိုင်း​လောကတစ်ခုလုံးက ဝိုင်းလုတာခံရပါ​တော့တယ် ​ဒီလိုနဲ့လမ်းတစ်ဝက်မှာတင် ​ရွှေအ​ခေါင်းပွင့်သွားပြီး အ​ခေါင်းထဲပါလာတဲ့ ဘုန်း​တော်ကြီးဝူရှင်းက ​လေဝူကျယ်နဲ့ ​ရှောင်းစဲ့ကို ဆွဲ​ခေါ်သွားပြီးတဲ့​နောက်မှာ​တော့ သူတို့သုံး​ယောက်ရဲ့ စွန့်စားခန်းခရီးဟာစတင်ခဲ့ပါ​တော့တယ်

-ဝူရှင်းရဲ့ သရုပ်မှန်က​ရော ဘာဖြစ်မလဲ သိုင်း​လောကတစ်ခုလုံးက​ရော ဝူရှင်းကို ဘာလို့ လိုချင်​နေကြတာလဲ

​-သိုင်းပညာမတတ်​ပေမယ့် သိုင်း​လောကသား​တွေကြားမှာ ရင်​ဘောင်တန်းရပ်တည်​နေနိုင်တဲ့ ​ရှောင်းစဲ့ရဲ့သရုပ်မှန်က​ရော ဘာလဲ

-ခုမှသိုင်း​လောကထဲ​ရောက်လာတဲ့ မအူမလည် ​လေဝူကျယ်က​ရော အရှုပ်အ​ထွေး​တွေထဲ ဘယ်လိုပါဝင်ပတ်သက်မိမလဲ

-ထန်ဂိုဏ်းက ဂိုဏ်း​ချုပ်သမီး​လေး ဆတ်ဆတ်ကြဲ စစ်ခုန်းချန်း​လော့က​ရော ဘယ်လို အခန်းကဏ္ဍက​နေ ပါဝင်လာမလဲ

စတဲ့ အ​ကြောင်းအရာ​တွေကို ကိုယ်တိုင်အ​ဖြေရှာရင်း သိုင်း​လောကလူငယ်များနဲ့အတူ စွန့်စားခန်းထွက်ချင်တယ်ဆိုရင်​တော့ Blood of Youth (လုလင်ပျိုတို့ရဲ့ စီးချင်းတေးသွား) အမည်ရတဲ့ တရုတ်ရုပ်သံဇာတ်လမ်းလေးကို GC drama ကနေ ​ကျေနပ်စရာ ဘာသာပြန်အရည်အ​​သွေးနဲ့ ဒီဇင်ဘာလ 26ရက်နေ့ကနေစပြီး တင်ဆက်ပေးမှာဖြစ်လို့ Gc drama telegram channelနဲ့ websiteတို့မှာ စောင့်မျှော်ကြည့်ရှုအားပေးဖို့ မမေ့ကြနဲ့နော်….

Reviewed by April Chyu & Phoenix

Translated by GC Chinese Team 2

Encoded by WP

The Blood of Youth
Original title 少年歌行
TMDb Rating 5 1 votes
First air date Dec. 26, 2022
Seasons 1
Episodes 40

Similar titles

Undercover
Sword and Fairy
Obi-Wan Kenobi
Betaal (2020)
Kingdom
Alchemy of Souls
A Thousand Fangs (2021)
NOS4A2 (2019)
KinnPorsche The Series
The Wolf (2020)
Good Casting
Cupid’s Last Wish