
The Bear (2022)
ဒီတစ်ခါကြည့်ရှုရမယ့် ဇာတ်ကားလေးကတော့ အစားအသောက်ဝါသနာရှင်လေးတွေသဘောတွေ့မယ့် စားဖိုမှူးကားကောင်းလေးပဲဖြစ်ပါတယ်။ Rating အရ လည်း IMDb မှာ 8.5/10 အထိရရှိထားတဲ့ “The Bear” ဆိုတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကတော့ အမေရိကန်ကအကောင်းဆုံးစားသောက်ဆိုင်မှာ လုပ်ခဲ့တဲ့ အရည်အချင်းပြည့်ဝတဲ့ ကာမီဆိုတဲ့ စားဖိုမှူးလေးနဲ့ သူ့မိသားစုရဲ့ စားသောက်ဆိုင်လေးအကြောင်းပဲဖြစ်ပါတယ်။ တစ်နေ့မှာအဲဒီသူတိုမိသားစု စားသောက်ဆိုင်ကိုဦးစီးလုပ်ကိုင်နေတဲ့ သူ့အစ်ကို ရုတ်တရက်ဆုံးပါးသွားခဲ့ပါတယ်။ သူ့အစ်ကိုရဲ့သေတမ်းစာအရ ကာမီ တစ်ယောက် အဲဒီစားသောက်ဆိုင်လေးကို ဦးစီးဖိုဖြစ်လာပါတော့တယ်။ နာမည်ကျော် စားသောက်ဆိုင်ကြီးမှာလုပ်လာတဲ့ ကာမီတစ်ယောက် သူ့အစ်ကို စားသောက်ဆိုင်ရဲ့ မီးဖိုချောင်ကိုကြည့်ပြီးအတော်စိတ်ပျက်သွားခဲ့ပါတယ်။ အဲဒီနောက် ကာမီတစ်ယောက် ပြုပြင်ပြောင်းလဲမှုတွေစတင်လုပ်ဆောင်ပါတော့တယ်။ ဒါပေမယ့် သူ့အစ်ကိုရဲ့ဝန်ထမ်းတွေဖြစ်တဲ့ လူဟောင်းစားဖိုမှူးတွေက ဒါကိုသိပ်လက်မခံချင်ကြပါဘူး။
အဲဒီအခါမှာကာမီတစ်ယောက် သူအသစ်ခေါ်ထားတဲ့ သူ့ရဲ့လက်ထောက်စားဖိုမှူးလေး ဆစ်ဒနီ နဲ့ပေါင်းပြီး သူလိုချင်တဲ့ မီးဖိုချောင်ပုံစံဖြစ်အောင် ဘယ်လိုတွေပြုပြင်ပြောင်းလဲမလဲ၊ သူ့အစ်ကိုရဲ့ဝန်ထမ်းဟောင်းတွေကိုရော သေချာကိုင်တွယ်နိုင်ပါ့မလား၊ ကြုံတွေ့ရတဲ့ ပြဿနာပေါင်းစုံ ကို ကာမီတစ်ယောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာဇာတ်ကားလေးကိုကြည့်ရင်း သူတိုချက်ပြုတ်တဲ့အစားအသောက်တွေကိုသွားရည်ကျရင်းနဲ့ပဲ အဖြေရှာကြည့်ရအောင်ခင်ဗျာ။
Reviewed by Jack
Translated by Jack, Keith, MaryChrist and 4T
Encoded by CuKar