The 100

The 100

Mar. 19, 2014
Your rating: 0
9.3 58 votes

Seasons and episodes

1Season 1 Mar. 19, 2014
2Season 2 Oct. 22, 2014
3Season 3 Jan. 21, 2016
4Season 4 Feb. 01, 2017
5Season 5 Apr. 24, 2018
6Season 6 Apr. 30, 2019
7Season 7 May. 20, 2020

Creator

Cast

Eliza Taylor isClarke Griffin
Clarke Griffin
Bob Morley isBellamy Blake
Bellamy Blake
Marie Avgeropoulos isOctavia Blake
Octavia Blake
Lindsey Morgan isRaven Reyes
Raven Reyes
Richard Harmon isJohn Murphy
John Murphy
Paige Turco isCouncilwoman Dr. Abigail Griffin
Councilwoman Dr. Abigail Griffin

Video trailer

Synopsis

The 100 (2014-2020)
===========================
ဒီ Serie ကိုမှတ်မှတ်ရရ လွန်ခဲ့တဲ့ ၃ နှစ်ကလားမသိဘူး ကျွန်တော် Iflix မှာကြည့်ပြီးတော့ သဘောကျသွားခဲ့တာ … Sci-Fi ကိုကြိုက်တဲ့ကျွန်တော့် အတွက်တော့ အဲ့တုန်းကရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပဲ ဒီ Serie ကိုစကြည့်ကြည့်ပြီးချင်းပဲ အတော်ကြိုက်သွားတယ် …. ဒါပေမယ့် Season 4 ပြီးတော့ တခြား Season တွေမရှိတော့တာနဲ့ ကိုယ့်ဟာကိုယ် ကြည့်ခဲ့ရတာပေါ့

သူငယ်ချင်းတို့ထဲမှာလည်း ကျွန်တော့်လို SciFi, Adventure ကြိုက်တဲ့သူရှိမယ်လို့ ကျွန်တော်ထင်တယ်။ ဆိုတော့ …. သူငယ်ချင်းတို့ကို ၂၀၁၄ ကထွက်ရှိခဲ့ပြီး အခု Season ၆ ရောက်တဲ့အထိ အောင်မြင်မှုတွေရနေတယ် … လာမယ့် မေလကျရင်လည်း season 7 ထွက်ဦးမယ့် IMDB ရော Rotten Tomato ရောမှာ Rating ကောင်းကောင်းရနေတဲ့ Sci-FI အမျိုးအစား Serie လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်တယ် ။ The 100 ဆိုတဲ့ Series လေးဖြစ်ပါတယ်ဗျ ။

ဖွံဖြိုးတိုးတက်မှုတွေလွန်ကဲပြီး နောက်ဆုံးမှာတော့လူသားတွေအချင်းချင်း နျူတိုက်ပွဲတွေဆင်နွဲရင်းကနေ ကမ္ဘာကြီးဟာရေဒီယိုသတ္တုကြွဓာတ်ရောင်ခြည်တွေသင့်ကာ သက်ရှိတွေသေကြေပျက်စီးကြပြီး နေထိုင်လို့မရတော့လောက်အောင်အထိ ကမ္ဘာပျက်ကိန်းကြီးကြုံခဲ့တယ် ။ အဲ ဒါပေမယ့်လူသားတွေအနေနဲ့ အာကာသထဲထွက်ပြေးဖို့ဆိုတဲ့ အဖြေရှာတွေ့ခဲ့ပြီး ကမ္ဘာကြီးမှာဓာတ်ရောင်ခြည်သင့်မှုတွေ ပျက်ပြယ်သွားတဲ့အခါမှ ပြန်လာကြမယ်ဆိုပြီး နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့ လူသားတွေဟာ အာကာသစခန်းတွေတည်ဆောက်ပြီး အာကာသထဲလွတ်မြောက်နေထိုင်ခဲ့ကြပါတယ် ။

၉၇ နှစ်အကြာကိုရောက်သွားတဲ့အခါ သူတို့မှီတည်နေထိုင်ရတဲ့ အာသာကစခန်းဆိုတာကလည်း သူတို့ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ချက်တွေရှိလာခဲ့တာပေါ့။ ဆိုတော့ကာ လူတွေရဲ့ အဓိကရှင်သန်မှီဝဲရာဖြစ်တဲ့ အစားအစာ အောက်ဆီဂျင် (အဓိကကတော့ အောက်ဆီဂျင်ပေါ့) သက်တမ်းပိုခံဖို့အရေးမှာ ရာဇဝတ်သားဆိုတဲ့ သက်ရှိတွေက အစတေးခံ စဖြစ်လာကြတော့တာပေါ့ ။ ဖြစ်လာခဲ့ကြတဲ့အတိုင်းပဲ ရာဇဝတ်သား ၁၀၀ ကို အာကာသစခန်းကနေ လူဦးရေလျော့ချဖို့ဖြစ်လာရော … အဲ့ ဒါပေမယ့် သူတို့လျော့ချမယ့် ရာဇဝတ်သား ၁၀၀ က လူငယ်တွေဖြစ်နေတော့ တစ်နည်းတစ်ဖုံစဥ်းစားရင်းနဲ့ ပုံမှန်အတိုင်း အာကာသထဲကိုစွန့်ပစ်မယ့်အစား လူတွေနေထိုင်လို့ မရတော့ဘူးဆိုတဲ့ ကမ္ဘာကြီးကို စွန့်စားမှုအနေနဲ့ ပြန်လွှတ်လိုက်ရင် အကျိုးအမြတ် တစ်စုံတစ်ရာရကောင်းရဲ့ ဆိုပြီး ရာဇဝတ်သား လူငယ် ၁၀၀ ကို ကမ္ဘာကို ပြန်လွှတ်လိုက်တဲ့အခါ ………. ဒီ The 100 ဆိုတဲ့ ဇာတ်လမ်းစရောဗျာ …..

သူတို့ကိုသွားဖို့အခွင့်အရေးပေးခဲ့တာက တကယ်အချိန်တန်လို့လား. တခြားရောဘာအကြောင်းတွေရှိသေးလဲ. အဲဒီဆယ်ကျော်သက်လူငယ် ၁၀၀ ကရောဘယ်လိုလူစားမျိုးတွေလဲ . သူတို့ ကမ္ဘာမြေပေါ်ကိုအောင်အောင်မြင်မြင်ရောက်သွားရဲ့လား. ဒါမှမဟုတ် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမယ့် Mystery , Sci-FI အမျိုးအစား Serie လေးပဲဖြစ်ပါတယ် ။

IMDB လဲ 7.7 အထိရရှိထားတာမို့ TV Serie ကြိုက်တဲ့ ပရိသတ်တွေအတွက် ကြည့်ရှုသင့်ပါတယ်လို အကြံပေးလိုက်ပါတယ် ။
( နောက်ပိုင်း Season တွေကိုလည်း အမြန်ဆုံးဆက်လက်တင်ဆက်ပေးသွားပါ့မယ်လို့….. )

Translated by Delita
Review by MgKyaw
Encoded by MgKyaw
Quality – Bluray
Size – 600 MB
IMDB – 7.7
Genres – Drama, Mystery, Sci-Fi

The 100
The 100
The 100
The 100
The 100
Original title The 100
TMDb Rating 6.9 2,138 votes
First air date Mar. 19, 2014
Last air date Aug. 06, 2019
Seasons 7
Episodes 85
Average Duration 43 minutes

Similar titles

Revenge of Others
Find Yourself
He’s Expecting
Night Dream
The Terminal List
Wu Assassins (2019)
Good Bye My Princess
A Journey to Love
The Serpent (2021)
The Umbrella Academy (2019 –
Curtain Call
Until We Meet Again