
Superman And Lois (2021)
=======================
ဒီတစ်ခါမှာတော့ ကလေးရောလူကြီးပါမကျန် နှစ်သက်သဘောကျကြတဲ့ Superman Series ထဲကမှ Feb 23/2021 ကထွက်ရှိထားတဲ့ Superman And Lois နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Superman ဇာတ်ကားတွေကို လူတိုင်းနီးပါးနှစ်သက်သဘောကျကြတဲ့အတွက် အထူးညွှန်းစရာမလိုလောက်ဘူးထင်ပါတယ်။
Superman And Lois ဟာဆိုရင် ထွက်ရှိထားတာရက်ပိုင်းဘဲရှိသေးပေမယ့် lMDb 8.2/10 အထိ ရရှိထားပါတယ်။ Superman ဇာတ်ကားတိုင်းက စွန့်စားမှုတွေနဲ့ပြည့်နေတဲ့အတွက် ဒီအပိုင်းမှာလည်း မတူကွဲပြားတဲ့ စွန့်စားမှုတွေ ကယ်တင်မှုတွေကိုမြင်တွေ့ရမှာဘဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တစ်နေ့တာပင်ပန်းထားသမျှကို Superman Series လေးကြည့်ပြီး အားသစ်အင်သစ်တွေမွေးလိုက်ကြရအောင်။
ဇာတ်လမ်းအကျဉ်းလေးကတော့ အဓိကဇာတ်ဆောင် Superman ဖြစ်တဲ့ ကလပ်ခ်ကန့်ဟာ ခရစ်ပတွန်ဂြိုဟ်ကနေ ကမ္ဘာမြေပေါ်ကို နို့စို့အရွယ်မှာဘဲရောက်ရှိလာခဲ့ပါတယ်။ စမောဘယ်လ်မှာနေတဲ့ လယ်သမားလင်မယားနှစ်ယောက်က သူ့ကိုမွေးစားခဲ့ကြပါတယ်။ ခြောက်နှစ်သားအရွယ်ရောက်တော့ သူ့မှာ ထူးဆန်းတဲ့စွမ်းအားတွေရှိနေတာကို သိလိုက်ရပါတယ်။ ဒီစွမ်းအားတွေကို ထိန်းချုပ်နိုင်ဖို့ လူသားတွေနဲ့ရောရောနှောနှောနေထိုင်နိုင်ဖို့အတွက် သူ့မွေးစားအဖေနဲ့အမေက သေချာသွန်သင်ဆုံးမပေးခဲ့ပါတယ်။ ကျောင်းပြီးလို့ အလုပ်စဝင်တဲ့အချိန်မှာ လောရစ်နဲ့တွေ့ပြီး လက်ထပ်ခဲ့ကြပါတယ်။ အမွှာသားယောက်ျားလေးနှစ်ယောက်မွေးဖွားခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အထိ သူက Superman ဆိုတာကို သားတွေသိအောင်မပြောပြခဲ့ပါဘူး။
ဒုက္ခရောက်နေတဲ့လူတွေကိုကယ်တင်နေရတဲ့အတွက် သူ့သားတွေကိုအချိန်သိပ်မပေးနိုင်တဲ့အခါမှာတော့ သားတွေနဲ့အဆင်မပြေဖြစ်ပါတော့တယ်။ ကလပ်ခ်ရဲ့မွေးစားအမေသေဆုံးသွားလို့ စမောဘယ်ဘ်ကိုသူတို့မိသားစုသွားတဲ့အချိန်မှာ သူတို့မိသားစုဘာတွေဆက်ဖြစ်ကြမလဲ။ ကလပ်ခ်ဟာ Supermanဆိုတာကို သူ့သားတွေဘယ်လိုသိရှိသွားမလဲ။ သားနှစ်ယောက်ထဲက ဘယ်သူ့မှာသူ့လိုစွမ်းအားတွေရှိနေမလဲ။ နောက်ထပ် Episodes တွေလည်း ဆက်လက်တင်ပြပေးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးပါဦး ပရိသတ်ကြီးရေ…
Translated and Review by Maymie Kyaw
Encoded by Noah
Quality – Web
IMDB – 8.2
Genres – Action, Adventure, Drama
တစ်ပိုင်း တစ်ပိုင်း တော်တော် စောင့်ရတယ် ဗျာ
Ep6က delayတဲ့
မေလမှ ပြန်လာမယ်
Please Episode 6
အပိုင်၆တင်ပေးပါ
အကိုရေ
အဆက် လေး တင်ပေးပါအုံး admin
admin နဲ့မဆိုင်ဘူးအဲ့စီးရီးရဲ့အဆက်မထွက်သေးတာ
Ep1 link ပြန်ပြင်ပေးပါလားဗျ
ဘလိုdown ရတာလဲဗျ
Ep4 လုပ်ပါအုန်းဗျ
ကြည့်ချင်ပါသေးလို့ ဆက်လက်တင်ပေးပါအုန်း… အားပေးလျက်……
ဘလို down ရတာလဲ ပြောပြပါအုံးခဗျ
admin နဲ့မဆိုင်ဘူးအဲ့စီးရီးရဲ့အဆက်မထွက်သေးတာ
အဆက်လေးတင်ပေးပါအုံးခဗျ
Ep-2 အမြန်တင်ပေးပါအုံးဗျ
ကြည့်ချင်လွန်းလို့ပါ
ဆက်တင်ပေးပါဦးဗျ
Ep-2လေးတင်ပေးပါဦး နော်
Episode 3
good