
K-drama ဖန်တွေဆိုရင် ကျောက်မဖြစ်တဲ့နှလုံးသားရုပ်ကြွင်းဆိုတာနဲ့ ငယ်ချစ်ဦးကို ပြန်တွေ့ရသလို ချက်ချင်းအမှတ်ရကြမှာပါ။ GC ချစ်သူတို့အတွက် ငယ်ဘဝတွေကို ပြန်လည်တမ်းတနိုင်ဖို့ Summer Scent ဆိုတဲ့ နွေအငွေ့အသက်တွေနဲ့ ထုံလွှမ်းနေတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းကတော့ သိပြီးသားမလို့ အများကြီးပြောပြနေစရာမလိုပါဘူးနော်။ ချစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ယူမင်ဝူတစ်ယောက် ချစ်ရသူရဲ့နှလုံးကို ရရှိထားတဲ့ ရှင်းဟယ်ဝန်နဲ့တွေ့ဆုံပြီး ဘယ်လိုခံစားချက်တွေဖြစ်လာသလဲ။ ငယ်စဥ်ကတည်းက ချူချာပေမယ့် နှလုံးအစားထိုးခံပြီး ကျန်းမာလာတဲ့အချိန်မှာ မင်ဝူကိုစတင်ချစ်မိတဲ့ ရှင်းဟယ်ဝန်။ ဟယ်ဝန်ဘေးကနေ ငယ်စဥ်ကတည်းက အရိပ်တကြည့်ကြည့်စောင့်ရှောက်လာတဲ့ ပေးဆပ်အချစ်နဲ့ဂျောင်ဂျယ်။ အီတလီမှာကတည်းက မင်ဝူကို သဘောကျခဲ့တဲ့ ဂျောင်အာ။ သူတို့လေးယောက်ရဲ့ လေးပွင့်ဆိုင်တွေ့ဆုံမှု..လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ ဘယ်သူက ပေးဆပ်ပြီးအစွမ်းကုန်ချစ်ပေးနိုင်မလဲဆိုတာကို နွေရနံ့တွေနဲ့ ငယ်ဘဝဆီကို ပြန်လည်တမ်းတလိုက်ရအောင်ပါ။
Review by Athena
Translated by Winnie Ngoon, Hnin Aye Nyein, Faith and Athena