Song of Glory

Song of Glory

Jul. 01, 2020
Your rating: 0
9.5 4 votes

Seasons and episodes

1Season 1 Jul. 01, 2020

Synopsis

တရုတ်သိုင်းလောကက ဇာတ်လမ်းတွေကို ခရေဇီတွေအတွက် သေဆုံးသွားတဲ့ သွေးသောက် ညီအစ်ကိုမောင်နှမတွေ အတွက် ပြန်လက်စားချေဖို့နဲ့ ကိုယ်လိုချင်တဲ့ တိုင်းပြည်တစ်ခုကို ရဖို့ အင်အားကြီးမိသားစုနဲ့ ပက်သက်မိတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ သိုင်းလောက အရူပ်တော်ပုံဇာတ်လမ်းပါ။

Liu Song မင်းဆက်ကိုတည်ထောင်သူ ဧကရာဇ်ဝူရဲ့ သား Liu Yi Kang က ပြိုလဲနေတဲ့ တိုင်းပြည်က ပြည်သူပြည်သားတွေကို ငြိမ်းချမ်းစေဖို့ တိုင်းပြည်ကို အကောင်းဆုံး တည်ဆောက်နေပေမဲ့ အတွင်းလူတွေရဲ့ ဒုက္ခပေးတာကို ခံနေရတဲ့ မင်းသားတစ်လက်ပါ။

သူ့ကိုဆန့်ကျင် ကျတဲ့အထဲမှာ ရာထူးကြီး အာဏာရမိသာစုဝင်တွေလည်း အပါအဝင်ဖြစ်လာပါတဲ့နောက် တိုင်းပြည်အတွက် အင်အာကြီး မိသားစုဖြစ်တဲ့ Shen မိသားစုနဲ့ ပူးပေါင်းပြီး အကောင်းဆုံးကိုဆောက်ရွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
Shen မိသားစု ဝင်ထဲမှာ Li Ge ဆိုတဲ့ မင်းသမီးလေးက ငယ်ကတည်းက အိမ်တော်ကနေ ပျောက်သွားပြီး ၁၈နှစ်ကြာမှ ပြန်တွေ့ရတဲ့ Shenမိသားစုရဲ့ အရေးပါတဲ့ သမီးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။တကယ်တော့ Li Geက သမီးရင်းမဟုတ်ဘဲ မင်းသား Yi Kangကို လုပ်ကြံချင်သူတစ်ဦးဖြစ်နေချိန်မှာတော့

မင်းသားလေးကကော ဘယ်လိုနည်းလမ်းနဲ့ အာဏာရမိသားစုနဲ့ ပူးပေါင်းမလဲ။
တိုင်းပြည်အတွက် အင်အားကြီးမိသားစုနဲ့ ပူးပေါင်းချင်တဲ့မင်းသားနဲ့ မင်းသားကို လုပ်ကြံချင်တဲ့ မင်းသမီးတို့ ဘယ်လိုတွေဖြစ်ကြမလဲ။
တိုင်းပြည်ကို မကောင်းကြံချင်နေသူတွေကို တူတူတိုက်ခိုက်ကျမလား။
မင်းသမီးလုပ်ကြံချင်နေတဲ့ မင်းသားလေးနဲ့ကော မိသားစုရန်ငြိုးတွေက တကယ်ရှိခဲ့တာလား လုပ်ကြံဖန်တီမှုလား ဆိုတာကိုတော့

Historical_Romance အမျိုးအစားဖြစ်ပြီး ဗုဒ္ဓဟူး ကြာသပတေး သောကြာနေ့တိုင်းမှာ ထုတ်လွှင့်သွားမှာပါ။အပိုင်း ၅၃ပိုင်းထိရှိပါတယ်။

Original title 锦绣南歌
First air date Jul. 01, 2020
Last air date Jul. 01, 2020
Seasons 1
Episodes 8

Similar titles