
Showtime begins (2022)
လောင်မြိုက် အပူမီးတောက်ရတဲ့ ၂၀၂၁ kdrama တွေအလွန် ဒီ 2022 မှာတော့ supernatural နဲ့ magical တို့ အလှည့်ပဲဖြစ်မယ်ထင်ပါတယ်။ အချစ်၊ အလွမ်း၊ အဆွေး လုလိုက်သတ်လိုက်ကနေ ဒီဘက်မှာတော့ မြူးမြူးကြွကြွ မှော်ဆရာလေးတွေ အလှည့်ရောက်လာပါပြီ။
အခု showtime begins drama လေးကတော့ တီဗီအစီအစဉ်ရဲ့ နာမည်ကြီး မျက်လှည့်ဆရာလေး( Cha Cha Woong).အလှည့် အကွက်တွေ ဆန်းဆန်းပြားပြားနဲ့ ပရိသတ်အာရုံကိုအမြဲဖမ်းစားနိုင်တဲ့သူ၊ သူ့နောက်ကွယ်မှာတော့ လိုသမျှ support ပေးတဲ့ အဖွဲ့တစ်ဖွဲ့ရှိတာပေ့ါ။ အဲ့အဖွဲ့က လူအများစုသိချင်ကြပေမယ့် မမြင်မတွေ့နိုင်ကြတဲ့ ဝိဉာာဉ်တွေအဖွဲ့ ။
Cha Cha Woong ကတော့ ဒီအဖွဲ့ကို လက်သပ်မွေးရင် တစ်ဖွဲ့လုံးကလဲ Cha Cha Woong ကို ခေါင်းဆောင်ကြီးလို တစ်ရိုတစ်သေနဲ့။ တစ်နေ့ ဒီအဖွဲ့ကို Go Seul Hae ဆိုတဲ့ ရဲမေတစ်ယောက် တစ္ဆေ၊သရဲ၊ဝိဉာာဉ်တွေ မြင်နိုင်ပြီးဒီအစွမ်းတွေကို ကြောက်ရွံ့နေသူတစ်ယောက် မျက်လှည့်ပြပွဲတစ်ခုနဲ့ပတ်သတ်တဲ့ အမှုကိုစုံစမ်းရင်း Cha Cha Woong ရဲ့ လျှို့ဝှက်အဖွဲ့လေးကို သူတွေ့လိုက်ရပါတော့တယ်။
Go Seul Hae တစ်ယောက်တော့ ထီပေါက်သလိုပဲ ဒီအဖွဲ့ကိုအသုံးချပြီး အမှုတွေဖြေရှင်းဖို့ ကြိုးစားရာမှာတော့…
#mystery”comedy#romance#fantasy ကားလေးမလို့ လက်မလွှတ်တမ်းကြည့်ရှုနိုင်ဖို့အတွက် GC. မှတင်ဆက်ပေးလိုက်ရပါတယ်။
Reviewed by Phyo