She and Her Perfect Husband

She and Her Perfect Husband

Nov. 14, 2022
Your rating: 0
10 1 vote

Seasons and episodes

1Season 1 Nov. 14, 2022

Creator

Creator

Cast

Yang Mi isQin Shi
Qin Shi
Xu Kai isYang Hua
Yang Hua
Li Zefeng isTao Junhui
Tao Junhui
Lin Liu isTang Yihui
Tang Yihui

Video trailer

Synopsis

မနဲ့မောင် ဇာတ်ကားလေးများကို လွမ်းနေကြမဲ့ GC Verse လေးတို့အတွက် ယခုတစ်ခါတင်ဆက်ပေးမှာကတော့ ချိုမြိန်လှတဲ့ မနဲ့မောင်ကြားက ချစ်ခြင်းမေတ္တာဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ “ချစ်ခြင်း၏ ၈၀/၂၀ နိယာမ” (She and Her Perfect Husband) ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်

ဒီကားလေးကတော့ အလုပ်ကြိုးစားလွန်းတဲ့ ရှေ့နေမလေးနဲ့ ရှေးရိုးဆန်ပြီး အတင်းအကျပ်အိမ်ထောင်ပြုခိုင်းခြင်းကို မုန်းတဲ့ ခေတ်လူငယ် otakuလေးတို့နှစ်ယောက် မတော်တဆ လက်ထပ်လိုက်ကြရပြီး ဘဝရဲ့ အလှည့်အပြောင်း အချိုးအကွေ့တွေကြားမှာ စစ်မှန်နဲ့ ချစ်ခြင်းမေတ္တာတွေကို ဘယ်လိုရှာဖွေတွေ့ရှိကြပြီး ပျော်ရွှင်တဲ့ဘဝလေးကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်

ဒီဇာတ်လမ်းလေးမှာ တရုတ်ကားကြိုက်နှစ်သက်သူတိုင်း သိကြတဲ့ Chinese Paladin 3, Ten Miles of Peach Blossoms, Legend of Fuyao ဇာတ်ကားများ၏ အဓိကမင်းသမီး Yang Mi နှင့် The Legends, Ancient Love Potary, Falling into Your Smile ဇာတ်ကားများထဲမှ ဇာတ်လိုက်မင်းသားချောလေး Xu Kai တို့မှ အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ရိုက်ကူးတင်ဆက်ထားကာ အခြားနာမည်ကျော်အနုပညာရှင်ပေါင်း မြောက်များစွာမှလည်း ပါဝင်ကူညီ အားဖြည့်ပေးထားပါတယ်

ဇာတ်လမ်းအညွှန်း

ချင်ရှစ်ဟာ အထက်တန်းစား ပညာထူးချွန်ပြီး  ဝင်ငွေကောင်းတဲ့အမျိုးသမီးရှေ့နေတစ်ယောက် ဖြစ်ပါတယ်။ ထိပ်တန်းရှေ့နေရုံးအတွက် လိုအပ်တဲ့အရည်အချင်းတစ်ခုကတော့ အိမ်ထောင်ရှိတဲ့သူ ဖြစ်ရမယ်ဆိုပြီး ပါလာတဲ့အတွက် သူ့ရဲ့အစ်ကိုဖြစ်သူဟာ ချင်ရှစ်ရဲ့ ကိုယ်ရေးအကျဉ်းမှာ ချင်ရှစ်ရဲ့ခွင့်ပြုချက်မရဘဲ လူလွတ်ကနေအိမ်ထောင်ရှိသူ အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ဒီလိုကိစ္စတွေကိုမသိတဲ့ ချင်ရှစ်ဟာ ရှေ့နေရုံးမှာ ‌အလုပ်ရခဲ့ပါတယ်။ သူ့ရဲ့ပြောင်မြောက်လှတဲ့ လုပ်ဆောင်ချက်တွေကြောင့် ရှေ့နေရုံးအထက်လူကြီးရဲ့ အသိအမှတ်ပြုမှုကို ခံရပါတယ်။

အထက်လူကြီးဖြစ်သူ လောင်ကျင်းဟာ ချင်ရှစ်ကို အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိရှေ့နေအဖြစ် တာဝန်ယူခိုင်းခဲ့ရာမှ ချင်ရှစ်တစ်ယောက် သူ့ရဲ့ ကိုယ်ရေးအကျဉ်းမှာ အိမ်ထောင်ရှိသူဖြစ်နေတာကို သိလိုက်ရပါတယ်။ ဒါကြောင့် ချင်ရှစ်ဟာ ဖြစ်ကြောင်းကုန်စင်ကို လောင်ကျင်းကို ပြောပြဖို့ ကြိုးစားတုန်းမှာပဲ သူ့ရဲ့ ကိုယ်ရေးအကျဉ်းထဲက ခင်ပွန်းသည် ယန်ဟွာဟာ သူ့မိခင်ရဲ့ အိမ်ထောင်ဖက်တွေ့ဖို့ အတင်းအကြပ်စေခိုင်းမှုကြောင့် မတတ်သာဘဲ ချင်ရှစ်ရှေ့မှောက်ကို ပေါ်ထွက်လာရတဲ့အခါမှာတော့

-သူတို့ဘယ်လိုဆက်ဖြစ်ကြမှာလဲ

-ချင်ရှစ်ရဲ့ အရင်ချစ်သူက သူတို့ရှေ့နေ‌ရုံးကို ရောက်ရှိလာချိန်မှာရော ဘာတွေဆက်ဖြစ်ကြဦးမလဲ

-ပြစ်တင်ဝေဖန်မှုတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ အချစ်ခံစားချက်တွေ ဘယ်လိုပေါက်ဖွားလာကြမလဲ

-သူတို့နှစ်ဦးဟာ အချစ်စစ်ကို ရှာတွေ့သွားကြပြီး ပျော်ရွှင်တဲ့ဘဝလေးကို တည်ဆောက်ကြမလဲ ဆိုတာတွေကို ရိုက်ကူးပုံဖော်ထားတဲ့ She and Her perfect husband (ချစ်ခြင်း၏ ၈၀/၂၀ နိယာမ) အမည်ရတဲ့ တရုတ်ရုပ်သံဇာတ်လမ်းတွဲလေးကို GC DRAMA TELEGRAM CHANNELနဲ့ WEBSITE တို့မှာ အချိန်နဲ့တပြေးညီစောင့်မျှော်ကြည့်ရှုနိုင်ပါပြီရှင်

Reviewed by April Chyu & Feyremme

Translated by GC Chinese Team 2

Encoded by WP

She and Her Perfect Husband
Original title 爱的二八定律
First air date Nov. 14, 2022
Seasons 1
Episodes 40
Average Duration 45 minutes

Similar titles

The All-Round Wife
Meteor Garden (2018) ????????????????
Gold Mask
School 2021
Pixar Popcorn (2021)
Vengeance of the Bride 
The Charming Stepmom (2019)
Young Lady and Gentleman
Just Beyond (2021)
Heartstopper
Graceful Friends
Three Bold Siblings

Leave a comment

Name *
Add a display name
Email *
Your email address will not be published

88