
Moon Lovers: Scarlet Heart Ryeo (달의 연인 – 보보경심 려) နန်းတွင်းကားတွေကို ပြန်ကြည့်မယ်ဆိုရင် Moon Lovers က မပါမဖြစ်ပါပဲနော်။ ဇာတ်လမ်းဇာတ်ကွက်၊ သရုပ်ဆောင်၊ ဇာတ်ဝင်တေး တစ်ခုမှမလစ်ဟင်းတာမို့ အမြဲတမ်း ပြန်ကြည့်ချင်နေတဲ့ကားလေးဖြစ်တာကြောင့် Gold Channel ကနေ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ ကလေးတစ်ယောက်ကို ကယ်တင်ရာမှ ရေထဲ ပြုတ်ကျပြီး ဂိုယောခတ်ကို ရောက်ရှိလာတဲ့ ဂိုဟာဂျင်ဆိုတဲ့မိန်းမငယ်လေးတစ်ယောက်။ ဂိုယောခတ်မှာတော့ သူ့နာမည်ဟာ ဟယ်ဆူဖြစ်ပြီး သူ ရောက်ရှိသွားတဲ့နေရာကလည်း အစစအရာရာကို သတိထားနေထိုင်ရတဲ့ နန်းတွင်းနဲ့အနီးဆုံးနေရာ မင်းသားတစ်ပါးရဲ့အိမ်တော်။ ဒီလိုနဲ့ ဂိုယောဘုရင်မင်းမြတ်ထယ်ဂျိုရဲ့ သားတော်တွေနဲ့ ပတ်သက်မိတဲ့အခါမှာတော့ ဟာဂျင်တစ်ဖြစ်လဲ ဟယ်ဆူတစ်ယောက် ဘယ်လိုတွေရှေ့ဆက်ရမှာလဲ။ အကျင့်စရိုက်မတူတဲ့ မင်းသားတွေကြားက နန်းလုပွဲတွေ၊ ရန်ပွဲတွေကြားမှာ ဟယ်ဆူတစ်ယောက် ရပ်တည်နိုင်ပါ့မလား။ ညီအစ်ကိုတွေကိုချစ်ခင်တဲ့ အိမ်ရှေ့စံမင်းသား၊ ကြင်နာတတ်တဲ့ မင်းသား ၈၊ ရက်စက်တတ်ပါတယ်ဆိုတဲ့ မင်းသား ၃၊ ငွေကြေးချမ်းသာပါတယ်ဆိုတဲ့ မင်းသား ၉၊ ကလေးဆန်ဆန်နေတတ်တဲ့ မင်းသား ၁၀၊ အနုပညာကိုပဲစိတ်ဝင်စားတဲ့ မင်းသား ၁၃၊ ပျော်ပျော်နေတတ်တဲ့ မင်းသား ၁၄။ သူတို့ထဲမှာမှ မျက်နှာဖုံးစွပ်ထားပြီး ခန့်မှန်းရခက်တဲ့အပြင် လူအများက ကြောက်ရွံ့ရတဲ့ ခွေးဝံပုလွေဆိုတဲ့ မင်းသား ၄။ ဒီမင်းသားတွေအရွယ်ရောက်လာတဲ့အခါ ပြင်းထန်လာတဲ့ နန်းလုပွဲ။ နန်းလုပွဲကြားမှာ နေထိုင်ရင်း ဟယ်ဆူ မေတ္တာပေးလိုက်မိတဲ့မင်းသားက ဘယ်သူဖြစ်မလဲ။ ရေခဲပြင်ပါးလေးပေါ်လျှောက်ရသလိုနေရတဲ့ နန်းတွင်းမှာ ဟယ်ဆူရဲ့မေတ္တာဇာတ်လမ်းက ဘယ်လိုကြေကွဲစရာတွေဆီ ခေါ်ဆောင်သွားမှာလဲဆိုတာတွေ ကြည့်ရှုရမှာပါ။ လတ်တလောမှာ ပြသထား၊ ပြသတော့မယ့်ဇာတ်ကားအများစုရဲ့ မင်းသား၊ မင်းသမီးတွေရဲ့ သရုပ်ဆောင်မှုတွေကို တစ်ကားထဲမှာ မြိုင်မြိုင်ဆိုင်ဆိုင်ပြန်ကြည့်ပြီး တမ်းတဖို့အတွက် GC Drama နဲ့အတူတူ ပြန်လည်ခံစားလိုက်ရအောင်ပါ။
Translated by Winnie Ngoon, Athena, Faith