
Rookie Cops 너와 나의 경찰수업 (2022)
GCverses ရဲ့ “Danity” လေးတို့ရေ ~~~
ယူတို့ရဲ့ အသည်းကျော်ကောင်လေး “Kang Daniel” ရဲ့ ပွဲဦးထွက် ဇာတ်ကားသစ်လေး ထွက်ရှိလို့ လာခဲ့ပါပြီနော်။
“Rookie Cops” လို့ အမည်ရပြီး ဒီကားထဲမှာတော့ ယူတို့ရဲ့ကလေးကို စာတော်တဲ့ ရဲဝန်ထမ်းကျောင်းသားလေးအဖြစ် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကတော့ ၂၀၀၀ခုနှစ် ဝန်းကျင်က တက္ကသိုလ်တွေရဲ့ စည်းကမ်းတင်းကျပ်ပုံတွေ၊ စာအုပ်ကြီးဆန်ပုံတွေပေါ် အခြေတည်ကာ ထိုခေတ်အခါက ကျောင်းသားဘဝကို ရိုက်ကူးတင်ဆက်ထားတာပါ။
ကိုရီးယားရဲဝန်ထမ်းတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ပထမနှစ်ကျောင်းသားလေး Wi Seung Hyun (Kang Daniel) ဟာ ဖခင်ရဲ့ ခြေရာကိုနင်းပြီး ဖခင်လိုထက်မြက်တဲ့ ရဲဝန်ထမ်းဖြစ်ချင်သူတစ်ယောက်ပါ။ တော်ပြီးထက်မြက်ကာ စာကြိုးစားတဲ့ကျောင်းသားလေးတစ်ဦးဖြစ်ပေမယ့် Go Eun Gang (Chae Soo-bin) ဆိုတဲ့မိန်းကလေးတစ်ဦးနဲ့ ပတ်သက်မိတဲ့အခါမှာတော့ သူ့ဘဝကြီး ကမောက်ကမဖြစ်သွားခဲ့ရပါတော့တယ်။ စာတော်တဲ့ ကျောင်းသားလေး Wi Seung Hyun တစ်ယောက် ဘယ်လို အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာလဲ။ သူ့ရည်မှန်းထားခဲ့သလို ဖခင်ရဲ့ခြေရာကို နင်းနိုင်တဲ့ ရဲဝန်ထမ်းကောင်းတစ်ဦးဖြစ်လာမှာလား။
တစ်နိုင်ငံလုံးရဲ့ စည်းကမ်းအတင်းကျပ်ဆုံးကျောင်းတော်ကြီးမှာ ၂၀၀၀ ခုနှစ်ဖွားလေးတွေ ရှေးရိုးစွဲတက္ကသိုလ်လမ်းကြောင်းကနေ ကြိုးပမ်းရုန်းထွက်ခဲ့ကြပုံတွေ၊ အခက်အခဲတွေကြားကနေ သူတို့လေးတွေရဲ့ အိပ်မက်ပန်းတိုင်တွေဆီရောက်အောင် လျှောက်လှမ်းခဲ့ကြပုံတွေ၊ “ချစ်ခြင်းအစ ကျောင်းတော်က” ဆိုသလို တင်းကျပ်မှုတွေပြည့်နှက်နေတဲ့ ကျောင်းတော်ကြီးမှာ ချစ်ခြင်းပန်းပွင့်လေးတွေရော ဖူးပွင့်နိုင်ဦးမှာလား ဆိုတာတွေကို “Rookie Cops” ဆိုတဲ့ကားလေးမှာ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။
မင်းသမီး Chae Soo-binနဲ့ ကော ဘယ်လိုအတွဲညီညီသရုပ်ဆောင်ပြသွားမှာလဲဆိုတာ ကြည့်ရှူရင်း ဝါရင့်သရုပ်ဆောင်တွေကြားက ပွဲဦးထွက်သရုပ်ဆောင်မှုတွေနဲ့ ကောင်လေးကို မြင်ချင်နေကြပြီမို့လား? လာပါ… Gc Team နဲ့ အတူတူ “Rookie Cops” ကို အခုပဲ ကြည့်ရှူလိုက်ရအောင်ပါ။
Translated by Athena,Faith,Hnin Aye Nyein & Yin Cho