ဖက်ရှင်လောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်တဲ့သူတွေဖြစ်လာဖို့ ကြိုးစားကျမယ့် လူငယ် ၃ ယောက် အကြောင်းပါ။ သရုပ်ဆောင်ဖြစ်ချင်တဲ့ကောင်လေးနဲ့ မိတ်ကပ်ပညာရှင် ကောင်မလေးတို့ကြားက ကြည်နူးဖွယ်ကောင်းတဲ့ ဇာတ်လမ်းပါ။
ဇာတ်လမ်းက
Sa Hye Joon(Park Bo Gum )က အချိန်ပိုင်း အလုပ်တွေလုပ်ရင်း မော်ဒယ်လောကထဲကို ဝင်လာဖို့ ကြိုးစားနေသူပေါ့။ မော်ဒယ်လောကထဲကနေ တဆင့် သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့က သူ့ရဲ့ အိပ်မက်ပါ။ Auditionလည်း ဝင်ဖြေပေမယ့် မအောင်မြင်တဲ့ အချိန်ပိုင်းအလုပ်သမားလေးပေါ့။
Ahn Jung Ha(Park So Dam) က မိတ်ကပ်လိမ်းခြယ်တဲ့နေရာမှာ အလွန်တော်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ပါ။ ဘယ်လိုပွဲမျိုးမဆို ဘယ်မိတ်ကပ်ပုံစံနဲ့ လိုက်တယ်ဆိုတဲ့နေရာမှာ နာမည်ကြီးသူမျိုး။
မော်ဒယ်ရှိုးပွဲတစ်ခုမှာ Sa Hye Joo nကို မိတ်ကပ်ပြင်ပေးဖို့ တာဝန်ယူလိုက်သူက Ahn Jung Ha ဖြစ်နေချိန်မှာတော့ နယ်ပယ်တစ်ခုထဲက သူတို့နှစ်ယောက်တွေ့ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။
သူတို့ဖြစ်ချင်တဲ့ အိပ်မက်တွေကို တကယ် အကောင်အထည်ဖော်နိုင်မလား။
အိပ်မက်တွေက ဈေးကြီးတယ်လို့ မပြောဘဲ မဖြစ်ဖြစ်အောင် ကြိုးစားရင်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုတွေ ကူညီပေးကြမလဲ။
သူတို့နှစ်ယောက်ကြားထဲမှာ တတိယလူဆိုတာ ပေါ်လာဦးမလား ဆိုတာကိုတော့
tvN/Netflixကနေ 7-September မှာ တနင်္လာ၊အင်္ဂါနေ့တိုင်း ထုတ်လွှင့်သွားမှာပါ။ အပိုင်း ၁၆ ပိုင်းရှိတဲ့ Romance ကားလေးပါ။
Translated by Youn Kyi Phyu, Hnin Aye Nyein and Dallas Myo