Reborn Rich

Reborn Rich

Nov. 18, 2022
Your rating: 0
8.5 8 votes

Seasons and episodes

1Season 1 Nov. 18, 2022

Creator

Creator

Cast

Song Joong-ki isYoon Hyun-woo / Jin Do-joon
Yoon Hyun-woo / Jin Do-joon
Lee Sung-min isJin Yang-chul
Jin Yang-chul
Shin Hyun-bin isSeo Min-young
Seo Min-young
Jo Han-chul isJin Dong-ki
Jin Dong-ki
Kim Nam-hee isJin Seong-joon
Jin Seong-joon
Park Ji-hyun isMo Hyun-min
Mo Hyun-min
Kim Shin-rok isJin Hwa-young
Jin Hwa-young
Kim Young-jae isJin Yoon-gi
Jin Yoon-gi

Video trailer

Synopsis

Reborn Rich (သူဌေးအိမ်က အငယ်ဆုံးသား)
“ပြန်လည် မွေးဖွားလာရတာက ကောင်းချီးလား ဒါမှမဟုတ် အိပ်မက်ဆိုးလား။”🤔
GCverses တို့ရော ဘယ်လိုထင်ပါသလဲ။ 🤷‍♀️

ဒီတစ်ခါ အလှည့်ကျဇာတ်လမ်းလေးကတော့ “ဇာတ်လမ်းကို plot ကြိုက်လို့ကြည့်တာ the plot: Song Joong Ki” ဆိုသလို သူပါတာနဲ့တင် ဇာတ်လမ်းက masterpiece ဖြစ်မှာသေချာသလောက်ရှိတဲ့ ကိုဆောင်းဂျွန်ဂီရဲ့ Reborn Rich ပဲဖြစ်ပါတယ်ရှင်။

ဇာတ်လမ်းလေးကတော့ ရွှံဇွန်းအနေနဲ့ မွေးဖွားလာပြီး သူဌေးမိသားစုရဲ့ အခိုင်းအစေလို အလုပ်လုပ်ပေးရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ကလဲ့စားဇာတ်လမ်းဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း

Yoon Hyun Woo ဟာ အင်မတန်အလုပ်ကြိုးစား သစ္စာစောင့်သိပြီး မိမိရဲ့ဆယ်နှစ်တာ အချိန်ကာလကို ဆွန်းယန်းလုပ်ငန်းစုပိုင်ရှင် သန်းကြွယ်သူဌေးမိသားစုအပေါ် ပုံအပ်နှစ်မြှုပ်ထားခဲ့တဲ့ အတွင်းရေးမှူး အမည်ခံ အစုံသုပ်နောက်ကြောင်းရှင်းအလုပ်ကို လုပ်ကိုင်ခဲ့သောလူတစ်ယောက်ဖြစ်ပါတယ်။ မိမိ၏ သစ္စာတရားကိုမှ မထောက်ထားဘဲ တစ်နေ့မှာ သူဌေးမိသားစုက မိမိကို ငွေကြေးအလွဲသုံးစားမှုနဲ့ နာမည်ဖျက်ကာ မတရားသဖြင့် သတ်ပစ်လိုက်လေသတဲ့။

ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာတင်အဆုံးသတ်မသွားဘဲ Yoon Hyun Woo ကို ဆန်းကြယ်လှတဲ့ကံကြမ္မာက ထိုသူဌေးမိသားစုရဲ့ အငယ်ဆုံးသားဖြစ်သူ Jin Do Joon ရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ဖန်မွေးဖွားခွင့်ပေးလိုက်ပါတယ်။ …
သေရာကပြန်ထလာရင်တောင် အနိုင်မယူနိုင်ဘူးထင်ထားခဲ့တဲ့ ငွေမှငွေတန်းတန်းစွဲ ဝိသမလောဘသားသူဌေးကြီးရဲ့ သွေးသားအဖြစ် ပြန်လည်မွေးဖွားလာတဲ့အခါ။…

❓ ထိုအိမ်သားတွေထဲမှာ မိမိကိုသတ်ခဲ့တဲ့တရားခံ ကို Yoon Hyun Woo တစ်ယောက် ဘယ်လိုရှာဖွေမှာလဲ။

❓ ဆွန်းယန်းလုပ်ငန်းစုကိုရော သိမ်းယူပစ်မှာလား။

❓ ပြန်လည်မွေးဖွားခြင်းနောက်ကွယ်မှာရော မဖြည်ရသေးတဲ့ပဟေဠိတွေ ရှိနေမလား။…
…ဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

⏩ တစ်ဖက်ပြိုင်ဖက်ဖြစ်သူ သူဌေးကြီး Jin Yang Chul ကတော့ ဆင်းရဲသားဘဝကနေ စီးပွားရေးလောကရဲ့ ထိပ်ဆုံးအထိရောက်အောင်တက်ခဲ့သူဖြစ်ပြီး ငွေနဲ့ပတ်သက်ရင် လောဘအတောမသတ်နိုင်သူဖြစ်ပါတယ်။

⏩ Yoon Hyun Do ရဲ့ ရန်သူဖြစ်လာမလား မိတ်ဆွေဖြစ်လာမလားမသိရသေးတဲ့ အမှုစစ် Seo Min Young ကတော့ ဂုဏ်သရေရှိမိသားစုမှဆင်းသက်လာတဲ့ အမှန်တရားဘက်တော်သား တရားရေးဝန်ထမ်းဖြစ်ပြီး ဆွန်းယန်းလုပ်ငန်းစုအတွက်တော့ အိပ်မက်ဆိုးကြီးသဖွယ် ခြောက်လှန့်နေတဲ့ “ဆွန်းယန်းသေမင်းတမန်”လို့တောင် တင်စားခံရသူဖြစ်ပါတယ်။

သူဌေးမိသားစုဝင်တွေကြားက အမွေရရေး သွေးချင်းစီးတိုက်ပွဲထဲမှာ Yoon Hyun Woo တစ်ယောက် ဘယ်လိုအကွက်ဆန်းတွေသုံးပြီး အနိုင်ယူအပြစ်ပေးသွားမလဲဆိုတာကို စိတ်ဝင်စားရင်တော့ နိုဝင်ဘာလ ၁၈ ရက်နေ့မှစပြီး အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တိုင်း GC နဲ့ ရှုစားလိုက်ရအောင်ရှင်။

Reviewed by Elsa
Translated by Elsa, Anna, Chu and Lyn
Encoder:

Reborn Rich
Reborn Rich
Original title 재벌집 막내아들
First air date Nov. 18, 2022
Seasons 1
Episodes 16

Similar titles

His Dark Materials (2020)
Do Do Sol Sol La La Sol
ALICE
Ghost Doctor
Beauty and Mr. Romantic
Police University
Kokdu: Season of Deity
The Crowned Clown
Bel-Air (2022)
The Real Has Come! ( 진짜가 나타났다!)
Light Chaser Rescue
Check Out