Ragnarok (2020)

Ragnarok (2020)

Jan. 31, 2020
Your rating: 0
9.3 19 votes

Seasons and episodes

1Season 1 Jan. 31, 2020
2Season 2 May. 27, 2021

Creator

Adam Price
Creator

Cast

Video trailer

Synopsis

ကျွန်တော်တို့ အခုသိထားကြတဲ့ Odin, Thor, Loki နဲ့ Vali တို့လို နတ်ဘုရားတွေက နော်ဝေနိုင်ငံက ဒဏ္ဍာရီထဲကနေ ဆင်းသက်လာတာပဲဖြစ်ပါတယ်။ Odin တို့ Thor တို့ကိုတော့ အများစုက Marvel ကနေ စပြီးတော့သိကြတာပဲဖြစ်ပါတယ်။ Ragnarok ဆိုတဲ့ နာမည်ကလည်း နော်ဝေစကားဖြစ်ပြီးတော့အပေါ်မှာပြောခဲ့တဲ့ နတ်ဘုရားတွေ သေကြေပျက်ဆီးကြရတဲ့အချိန်အပိုင်းအခြားကို ဆိုလိုပါတယ်။ Ragnarok ရဲ့ အဆုံးသတ်ကတော့ နတ်ဘုရားတွေ သေကြေတဲ့အထိ တိုက်ပွဲဖြစ်ပြီး ကမ္ဘာတစ်ခုလုံး ရေမြုပ်ခဲ့ရပါတယ်။

Edda လို့ခေါ်တဲ့ မြို့တစ်မြို့မှာ ရာသီဥတုအပြောင်းအလဲတွေဖြစ်ပေါ်နေပါတယ်။ ရေခဲတွေက ဘယ်သူမှမထင်မှတ်ထားတဲ့ နှုန်းနဲ့ကို တော်တော်လေး အရေတွေပျော်နေခဲ့တာပါ။ အခုလိုရာသီဥတုအပြောင်းအလဲကြောင့် ဆောင်းရာသီမှာတောင် ပူလာပြီးတော့ တစ်ခါတစ်လေကျရင်လည်း အလွန်အေးနေခဲ့ပါတယ်။ အခုလိုမျိုးရာသီဥတုအရမ်းဆိုးရွားလာနေတဲ့အတွက် တစ်ချို့တွေကတော့ နောက်ထပ် Ragnarok ဆီကို ဦးတည်နေပြီလို့ ယူဆနေကြပါတယ်။ အဲ့ဒီလိုမဖြစ်အောင် တစ်ယောက်ယောက်ကတော့ တားမှကိုဖြစ်ပါတော့မယ်။

ဇာတ်လမ်းလေးကတော့ Fantasy, Mystery ဖြစ်ပြီးတော့ Imdb မှာလည်း လူပေါင်း ၂ သောင်းကျော်က ပေးထားတဲ့ Rating 7.5 အထိရှိနေပါတယ်။ အားလုံးလည်း နော်ဝေနိုင်ငံက ဘယ်လောက်လှတယ်ဆိုတာကို သိကြမှာပါ။ အေးခဲနေတဲ့ ရာသီဥတုရယ်၊ တောင်တွေကြားက အိမ်လေးတွေရယ်နဲ့ အရမ်းလှတဲ့ နိုင်ငံတစ်ခုပါ။ အခုလိုမျိုး နတ်ဘုရားတွေနဲ့ ပတ်သက်ပြီးရိုက်လိုက်ရင် အများစုက နာမည်ကြီး မင်းသား၊ မင်းသမီးတွေနဲ့ ဟောလိဝုဒ်လက်ထွက်တွေဖြစ်တတ်ပေမယ့် Ragnarok မှာကတော့ Scandinavian လို့ခေါ်တဲ့ Denmark, Norway နဲ့ Sweden နိုင်ငံ ၃ခုက မျက်နှာသစ်သရုပ်ဆောင်တွေ အများကြီးကိုတွေ့မြင်ရမှာပါ။ စကားပြောကလည်း နော်ဝေဘာသာစကားဖြစ်တဲ့အတွက် တစ်မျိုးဖြစ်နေမယ့်အပြင်ကို နော်ဝေဂျီယန်ဒဏ္ဍာရီထဲက နတ်ဘုရားတွေအကြောင်းကို နော်ဝေသားတွေက ရိုက်ကူးထားတာဆိုတော့ ဒီနတ်ဘုရားတွေကို စိတ်ဝင်စားတဲ့ပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ Series တစ်ခုဖြစ်ပါတယ်။

Review by Bruce
Season 1 Translated by Tun Tauk Nyo Lwin
Season 2 Translated by MaryChrist, Kay C & Lai Laii

* Application မှာလည်း ကြည့်လို့ရပါပြီ *
App Download Playstore Link – https://play.google.com/store/apps/details?id=com.gc.movies11
Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11
=======================

Ragnarok (2020)
Ragnarok (2020)
Ragnarok (2020)
Original title Ragnarok
TMDb Rating 7.8 81 votes
First air date Jan. 31, 2020
Last air date Jan. 31, 2020
Seasons 1
Episodes 6
Average Duration 45 minutes

Similar titles

The Warp Effect
Thousand Years For You
The First Responders
The Boys
Song of the Moon
Outer Banks
Agency
Twilight
Cleaning Up
Twenty Five Twenty One
All of Her
Mr. Queen