
Race: 레이스 2023
အဖွဲအစည်းတစ်ခု လုပ်ငန်းတစ်ခုမှာ Public relations (PR) က အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ လူထုနဲ့ ထိတွေ့ ဆက်ဆံရတဲ့ ဌာနဖြစ်ပြီး ပါးနပ်မှုကလည်း အရေးကြီးပါတယ်။
ရည်းစားမရှိ အလုပ်မရှိသေးတဲ့ Single မမ Park Yoon Zo က ကုမ္ပဏီကြီးရဲ့ PR ဌာနမှာ အလုပ်ရလာတယ်။ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲခြားတတ်ပြီး သူမနဲ့ အကျင့်စရိုက် လုံးဝမတူတဲ့ Ryu Jae Min လည်း အဲဒီကုမ္ပဏီမှာ ရှိနေပါတယ်။
Park Yoon Zo က PR နယ်ပယ်မှာ ကျွမ်းကျင်တဲ့ စီနီယာ Ku Ji Jung လက်အောက်မှာ အလုပ်လုပ်ရပြီး လုပ်ငန်းအတွေ့အကြုံတွေကို သင်ယူခွင့်ရလာပါတယ်။
Seo Dong Hoon ကတော့ အဲဒီလုပ်ငန်းရဲ့ အမှုဆောင်တစ်ယောက်ဖြစ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ အမြင်လည်းရှိပြီး နားလည်ပေးတတ်သူလည်းဖြစ်ပါတယ်။
ဇာတ်ကားနာမည်က Race ဆိုတဲ့အတိုင်း ပြိုင်ပွဲလို ပြောရမလား ပြေးလမ်းကြောင်းလိုပဲ တင်စားရမလား GC ပရိသတ်ကြီးရေ…
သူတုိ 4 ဦးရဲ့ လုပ်ငန်းခွင်မှာ ကြုံဆုံရမယ့် အခက်အခဲတွေ အောင်မြင်မှုဆီ လျှောက်လှမ်းနိုင်ဖို သင်ယူရတာတွေ နောက်ဆုံးမှာ ဘယ်လိုဘယ်ပုံ ပြီးမြောက်သွားမလဲဆိုတာကို Gold Channel မှာ စောင့်မျှော်အားပေးကြပါဦးရှင်
Review by Claudia