
Poong, The Joseon Psychiatrist (조선 정신과 의사 유세풍)
ဒီတစ်ခါတော့ Dali and Cocky Prince အပြီး Comeback မယ့် ဂင်မင်ဂျယ်နဲ့ At Eighteen အပြီး ပထမဆုံး comeback မယ့် Kim Hyang-Gi တိုရဲ့ နန်းတွင်းဟာသဇာတ်မြူးလေးကို ကြည့်ရှုခံစားရမယ့် Poong, The Joseon Psychiatrist လေးကို Gc ချစ်သူများအတွက် တင်ဆက်ပေးလိုက်ပါပြီ။
Yoo Se-Poong (Kim Min-Jae) ဟာ တော်ဝင်မိသားစုရဲ့ သမားတော်တစ်ဦးပါ။ တော်ဝင်မိသားစုအရှုပ်အထွေးကြား ပဲလှော်ဆားညှပ်ဖြစ်ရာကနေ ဂရယ်ဆူဆိုတဲ့ ဆန်းကြယ်သောတောရွာလှလှလေးကို ရောက်ရှိလာတဲ့ နာမည်ကျော်သမားတော်ပါ။
ထိုရွာလေးမှာ Se-Poong တစ်ယောက် မုဆိုးမတစ်ဦးဖြစ်တဲ့ Seo Eun-Woo (Kim Hyang-Gi) နဲ့ ဆရာတစ်ဦးဖြစ်တဲ့ Gye Ji-Han (Kim Sang-Kyung) တိုနဲ့ တွေ့ဆုံပြီး ရွာသားတွေကို ဆေးကုပေးဖို စတင်လုပ်ကိုင်ရပါတော့တယ်။
အခြေမြင့်မြင့် နန်းတွင်းသမားတော်ဘဝကနေ စစ်မှန်ပြီး လူနာတွေရဲ့စိတ်ဒဏ်ရာတွေကိုပါ ကုစားပေးမယ့် သမားတော်ဘဝကို Yoo Se-Poong တစ်ယောက် ဘယ်လိုကူးပြောင်းလာမလဲ။ ရွာမှာရော ဘယ်လိုဗရုတ်သုတ်ခတွေနဲ့ ကြုံပြီး ခွီရမလဲဆိုတာကို GC Drama က အကောင်းဆုံးတင်ဆက်ပေးသွားမှာမို လက်မလွတ်တမ်း ကြည့်ရှုလိုက်ရအောင်ပါ။
where season 2