
Pledge of Allegiance(ဓားညီနောင်ရဲ့သွေးသစ္စာ)
သိုင်းကားမှ သိုင်းကားဆိုပြီး သိုင်းကားတွေကို နှစ်ခြိုက်ကြတဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါ ရွေးချယ်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Pledge of Allegiance(ဓားညီနောင်ရဲ့သွေးသစ္စာ) အမည်ရတဲ့ လူငယ်တရုတ်ဝူရှသိုင်းကားလေးတစ်ကားပဲဖြစ်ပါတယ်။
အဓိကဇာတ်ဆောင်တွေအနေနဲ့ အဓိကမင်းသားများအဖြစ်Zhang YunLong, Chen Ruo Xuan၊ အဓိကဇာတ်ဆောင်မင်းသမီးများအဖြစ်Sun Yi, Ma Jieတို့အပြင် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်များစွာ ပါဝင်ကူညီအားဖြည့်ထားပါတယ်။
ဇာတ်လမ်းလေးကတော့ တရားမျှတမှုကိုလိုလားပြီး ကတိသစ္စာကို အလေးထားတဲ့လူငယ်နှစ်ယောက်အတူလက်တွဲကာ အမှုများကို ရင်ဆိုင်ဖြေရှင်းကြပုံတွေကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတာဖြစ်ပါတယ်။
နိမ့်ကျတဲ့မိသားစုနောက်ခံရှိသော်လည်း အကြောင်းကြောင်းကြောင့် တော်ဝင်လျှို့ဝှက်အထောက်တော်ဖြစ်လာရသူ လီဝု
သူရဲ့ပြင်ပသွင်ပြင်အရ တစ်ကိုယ်ကောင်းဆန်ပြီး စကားပြောကောင်းသူဖြစ်ဟန်ရပေမယ့်လည်း တကယ်တော့ သူဟာ ရိုးသားပြီး ညီနောင်တွေကြားကတိသစ္စာကို လွန်စွာအလေးထားတဲ့သူဖြစ်ပါတယ်။
လုကျိမ်းဟာ တော်ဝင်အစောင့်တပ်သားတစ်ယောက်ဖြစ်ပါတယ်။သူဟာ စကားနည်းပြီး စကားအပြောအဆိုမပြေပြစ်သူတစ်ယောက်ဖြစ်ပါတယ် ။
ဒီလိုသူတို့နှစ်ယောက် တွေ့ဆုံမိရာကနေ ညီနောင်တွေသဖွယ် ရင်းနှီးလာကြပြီး နှစ်ယောက်အတူတူ ရုံးတော်အတွင်း လှိုက်စားနေတဲ့ ရန်ငြိုးအာဃာတတရားများနှင့် မတရားမှုများကို ဘယ်လိုနည်းနဲ့ ဖြေရှင်းကြမလဲ
သူတို့ကိုယ်တိုင်ကရော ဒီအမှုတွေနဲ့ ဘယ်လိုနည်းနဲ့ ပတ်သက်ဆက်နွှယ်နေကြမှာလဲ
အန္တရာယ်ကြုံတွေ့သည့်တိုင် သူတိူ့နှစ်ယောက်လုံးဟာ ညီနောင်ကြားက ကတိသစ္စာကို စောင့်ထိန်းနိုင်ကြပါ့မလား
လီဝုကရော ဘယ်လိုအကြောင်းကြောင့် လျှို့ဝှက်အထောက်တော်ဖြစ်လာရတာလဲ သူဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကို လုကျိမ်းတစ်ယောက် ဘယ်လိုသိရှိသွားမလဲ
ဝူရှသိုင်းကားပီပီ ကိုယ်ကိုယ်တိုင် ဇာတ်ကောင်နဲ့အတူ စွန့်စားခန်းထွက်နေရသလိုမျိုး အမှန်တရားအတွက် ဘေးအန္တရာယ်အသွယ်သွယ်ကို နှစ်ယောက်အတူတူ လက်တွဲကာ ရင်ဆိုင်ဖြေရှင်းကြပုံတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုချင်တယ်ဆိုရင်ဖြင့် Pledge of Allegiance(ဓားညီနောင်ရဲ့သွေးသစ္စာ)အမည်ရ တရုတ်ဇာတ်သံဇာတ်လမ်းတွဲလေးကို အကောင်းဆုံး ဘာသာပြန်အရည်အသွေးနဲ့ တင်ဆက်ပေးသွားမှာဖြစ်လို့ GC drama telegram channelနဲ့ websiteတို့မှာ GC drama teamနဲ့အတူတူ ရင်ခုန်စွာနဲ့ စောင့်ကြည့်ပေးကြပါဦးနော်
Reviewed by Feyremme