
The Suicide Squad ပြီးကတည်းက ကျွန်တော်တို့စောင့်မျှော်ခဲ့ရတဲ့ Peacemaker စီးရီးထွက်ရှိလာခဲ့ပါပြီ။
The Suicide Squad အပြီးကို ဇာတ်အိမ်တည်ထားတဲ့ Peacemaker စီးရီးမှာတော့ အားလုံးသဘောတွေ့ကြတဲ့ John Cena ရဲ့ Peacemaker ကြီးကို သီးသန့်ခံစားကြရမှာဖြစ်ပါတယ်။ The Suicide Squad ရဲ့ ဇာတ်သိမ်းခန်းပြီးတဲ့အချိန်မှာ Peacemaker တစ်ယောက်ဆေးရုံတက်လိုက်ရပါတယ်။ ဆေးရုံကဆင်းချိန်မှာတောင် ထောင်ထဲပြန်ဝင်ရမယ့်အစား ထွက်ပြေးဖို့ကြိုးစားခဲ့လို့ Amanda လူတွေက ဝိုင်းဖမ်းကြတာနဲ့ စီးရီးကိုအစပြုထားပါတယ်။
Peacemaker ရဲ့ ထုံးစံအတိုင်း အခွီစတိုင်နဲ့ John Cena ရဲ့ မမြင်အပ်တဲ့နေရာတစ်ခုကိုလည်း အပိုင်းတစ်မှာကတည်းက တွေ့မြင်ခွင့်ရဦးမှာပါ။ စကားလုံးအသုံးနှုန်းမနူးညံ့တဲ့အတွက် ကလေးငယ်တွေကိုတော့ စူပါဟီးရိုးကားဆိုပြီး ထိုးမပြမိဖို့ သတိချပ်စေလိုပါတယ်။
Review by Bruce
Translated by Bruce, Lynn Kha & Zac
တန်းလန်းကြီးဟ လုပ်ပါအုံးအဆက်လေး
Ep 8 up
Ep8 up