
One the woman 2021 (원 더 우먼)
GCverse လေးတိုရေ ဇာတ်အိမ်ခိုင်ခိုင်ကိုမှ comedy နှောတဲ့ဇာတ်လမ်းတွဲမျိး ကြည့်ချင်ကြပါသလား
ပရိသတ်တွေရဲ့အသည်းစွဲ Penthouse ဇာတ်လမ်းတွဲအပြီး SBS မှ တင်ဆက်ပြသမယ့် One the woman ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးပါရစေ
ဇာတ်လမ်းတွဲနာမည်အတိုင်းပဲ ကြံ့ခိုင်ထက်မြက်တဲ့ အမျိးသမီးဦးဆောင်ဇာတ်ရုပ်ကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်းအနေနဲ့ပြောရရင်တော့ …
လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦးရဲ့ သမီးဖြစ်သူ ဂျိယွန်းဂျူဟာ အကျင့်ပျက်ချစားတဲ့ ဟော့ဟော့ရမ်းရမ်း အမှုစစ်တစ်ဦးဖြစ်တယ်။ တစ်နေ့မှာတော့ မထင်မှတ်ဘဲ ကားအက်ဆီးဒန့်တစ်ခုကြုံတွေ့ရာကနေ သတိပြန်ရလာတဲ့အချိန်မှာ သူကိုယ်တိုင်တောင်မသိလိုက်ဘဲ တောင်ကိုရီးယားနိုင်ငံရဲ့ ကျိကျိတက်ချမ်းသာတဲ့ လူကုံထံအသိုင်းအဝိုင်းဖြစ်တဲ့ ဟန်ဂျူလုပ်ငန်းစုရဲ့ချွေးမဂန်မီနာဖြစ်နေတာကို အံ့သြစွာ သိလိုက်ရပါတယ်။
တစ်ဖက်မှာတော့ ဟန်ဆွန်းဝုဟာ ဟန်ဂျူလုပ်ငန်းစုရဲ့သားကြီးဖြစ်ပြီး အမွေဆက်ဆံသူကိစ္စအရှုပ်အထွေးတွေကိုစိတ်ဝင်စားမှုမရှိဘဲ ငယ်ချစ်ဦးကိုမေ့မရနိုင်ဘဲတမ်းတရင်း ရေခြားမြေခြားမှာ တစ်ကိုယ်တည်း အေးအေးဆေးဆေးနေထိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ဂျိယွန်းဂျူတစ်ယောက် ဂန်မီနာအဖြစ် ဟန်ဂျူလုပ်ငန်းစုထဲ ရောက်နေတဲ့ အချိန်မှာပဲ အဖေဖြစ်သူ သေဆုံးမှုအတွက် အဖြေရှာဖို တောင်ကိုရီးယားကို ပြန်လာတဲ့ ဟန်ဆွန်းဝုနဲ့ ဆုံတွေ့တဲ့အခါမှာတော့….။
ဂန်မီနာနဲ့ ရုပ်ချင်းချွတ်စွပ်တူနေတဲ့ ဂျိယွန်းဂျူတစ်ယောက် ဂန်မီနာအဖြစ်နဲ့ လူကုံထံအသိုင်းအဝိုင်းမှာ ဘယ်လိုတွေနှစ်ပါးသွားမှာလဲ။ ဟန်ဆွန်းဝုကရော ဂျိယွန်းဂျူက ဂန်မီနာအစစ်မဟုတ်ဘူးဆိုတာကို ရှာဖွေတွေ့ရှိသွားမှာလား၊ လူကုံထံအသိုင်းအဝိုင်းကြားမှာ သူတိုနှစ်ယောက် ဘယ်လိုအရှုပ်အထွေးတွေနဲ့ရင်ဆိုင်ရမလဲ ဘယ်လိုအလွဲတွေဖြစ်ဦးမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်၊ ရယ်ရွှင်ဖွယ်ကြည့်ရှုရမယ့် Comedy-romance dramaတစ်ပုဒ်ဖြစ်ပါတယ်။
Casting အနေနဲ့ကတော့
★ သူဌေးသမီးဂန်မီနာနှင့် အမှုစစ်ဂျိယွန်းဂျူအဖြစ် မင်းသမီးကြီး Lee Hanee
★ တတိယမြောက်မျိးဆက် သူဌေးသား ဟန်ဆွန်းဝုအဖြစ် မင်းသားကြီး Lee Sang Yoon
★ ဟန်ဂျူလုပ်ငန်းစုရဲ့သမီးအကြီးဆုံး ဟန်ဆုန်းဟယ်အဖြစ် မင်းသမီး Jin Seo Yeon
★ ဂျိယွန်းဂျူရဲ့သူငယ်ချင်းအမှုစစ် အန်းယူဂျွန်အဖြစ် မင်းသား Lee Won Keun
..တိုမှ ပါဝင်သရုပ်ဆောင်ထားပြီး အပတ်စဉ် သောကြာနဲ့စနေနေ့တိုင်း SBS TV မှ ထုတ်လွှင့်သွားမှာဖြစ်တာကြောင့် GC နဲ့အတူစောင့်ကြည့်အားပေးလိုက်ရအောင်လား GCverse တိုရေ🙆🏻♀️
Translated by Elsa,Anna,Phyo and Yin Cho
Link လေးတွေပြင်ပေးရှင့်
အပိုင်းသစ် 🥺
hi