Now, We Are Breaking Up

Now, We Are Breaking Up

Nov. 12, 2021
Your rating: 0
8.3 22 votes

Seasons and episodes

1Season 1 Nov. 12, 2021

Creator

Je-in
Creator

Cast

Song Hye-kyo isHa Youg-eun
Ha Youg-eun
Jang Ki-yong isYoon Jae-guk
Yoon Jae-guk
Choi Hee-seo isHwang Chi-sook
Hwang Chi-sook
Kim Ju-hun isSeok Do-hoon
Seok Do-hoon
Nam Gi-ae isKang Jeong-ja
Kang Jeong-ja
Choi Hong-il isHa Taek-soo
Ha Taek-soo
Moon Joo-yeon isAhn Sun-joo
Ahn Sun-joo

Synopsis

Now, We Are Breaking Up (지금, 헤어지는 중입니다)

~အခု တို့နှစ်ယောက် လမ်းခွဲရတော့မယ့်အချိန်ရောက်လာခဲ့ပြီ။
အဲဒီလိုဆိုရင်တောင် လမ်းခွဲတဲ့အချိန်လေးအတောအတွင်းပဲ ငါတို့ချစ်ကြရအောင်~

ဒီတစ်ခါမှာတော့ GCverse လေးတို့အတွက် အားလုံးစောင့်မျှော်နေကြတဲ့ ပရိသတ်အချစ်တော် မမအွန်စော နဲ့ ဂူမီဟိုဇာတ်ကားမှ ဂူဂူတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အရိုတစ်လိုင်း မနဲ့မောင် ဇာတ်လမ်းတွဲလေး “Now, We ARE BREAKING UP” နဲ့ မိတ်ဆက်ပေးပါရစေ။

ယောက်ျားနဲ့မိန်းမကြားက ချစ်ခြင်းနဲ့ လမ်းခွဲခြင်းအကြောင်းရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းတစ်ပုဒ်အကြောင်းပေါ့။

ဒီဇာတ်လမ်းလေးမှာဆိုရင်တော့ လမ်းခွဲခြင်းဟာ အချစ်ရဲ့အဆုံးသတ်မဟုတ်ဘဲ ချစ်ခြင်းရဲ့ခြေတစ်လှမ်းပဲဆိုတာကို သတင်းစကားပါးထားတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း

နိုင်ငံ့ထိပ်တန်းဖက်ရှင်ကုမ္ပဏီ The One ရဲ့ ဖက်ရှင်ဌာန အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Ha Young Eun ဟာ သူ့ရဲ့ကြော့ရှင်းလှပမှု၊ ခေတ်ရေစီးကြောင်းနဲ့အမီ ဆန်းသစ်တီထွင်နိုင်မှုနဲ့ ထက်မြက်မှုတို့ကြောင့် ဖက်ရှင်လောကတွင် နာမည်တစ်လုံးဖြင့် နေထိုင်သူတစ်ယောက်ပါ။

အလုပ်ကိုချစ်မြတ်နိုးပြီး ဘာမဆို အကောင်းဆုံးပြုလုပ်နိုင်တဲ့ လက်တွေ့သမားဖြစ်ပေမယ့် အချစ်ရေးနဲ့ပတ်သက်လာရင်တော့ အနည်းငယ်သွေးအေးပြီး တည်ငြိမ်မှုကို ဦးစားပေးတတ်သူပေါ့။

တစ်ချိန်က အချစ်ကြောင့် အရာအားလုံးဆုံးရှုံးခဲ့ဖူးတဲ့သူဟာ ယောက်ျားတွေ ချစ်တယ်ဆိုတာ မိမိအတွက်တော့ ဟော်မုန်းတွေရဲ့ နောက်ပြောင်ခြင်းသက်သက်ပဲ ဟု ခံယူကာ သာမန်အချစ်ရေးတစ်ခုပိုင်ဆိုင်ရဖို့ လက်လျှော့ထားသူပါ။

ဒီလိုနဲ့ ဤကဲ့သို့ မဖြစ်နိုင်ဘူးထင်ထားခဲ့တဲ့ သာမန်အချစ်ရေးတစ်ခုဟာ သူ့ထံသို့ရောက်ရှိလာခဲ့တဲ့အခါ။

မိမိဘဝမှာရော အလုပ်မှာပါ တစ်ပါးသူတွေက မိမိကိုသွေးအေးသူတစ်ယောက်လို့မြင်မည်ကို စိုးရိမ်ခြင်းအလျဥ်းမရှိခဲ့ပေမယ့် နာမည်ကြီးအပျော်တမ်းဓာတ်ပုံဆရာ Yoon Jae Kook နဲ့တွေ့ဆုံပြီးနောက်မှာတော့ မမျှော်မှန်းထားတဲ့ အချိုးအကွေ့တွေဖြစ်လာခဲ့ပါတယ်။

ပြီးပြည့်စုံသောယောက်ျားဆိုသည်ရဲ့စံနမူနာကို ပြသပါဆိုလျှင် Yoon Jae Kook ကိုပဲပြသရပါလိမ့်မယ်။
အရာအားလုံးပိုင်ဆိုင်ထားသူ.. ဉာဏ်ပညာ၊ ကြွယ်ဝခြင်း၊ ရုပ်ရည်သွင်ပြင်၊ …
ဒါပေမဲ့ Young Eun စိတ်ဝင်စားခဲ့တာ ဤအရာတွေတော့ မဟုတ်ခဲ့ပါဘူး။
Jae Kook နဲ့ပတ်သက်ပြီး Young Eun လျစ်လျူမရှုနိုင်ခဲ့တဲ့အရာတစ်ခု ရှိနေခဲ့ပါတယ်တဲ့။

❓ဒါဟာ ဘာဖြစ်မလဲ

တွေ့ဆုံမှုဟာ သာမန်ကျော်ဖြတ်သွားရုံပဲဆိုရင် တိုက်ဆိုင်မှုလို့ခေါ်ပြီး ဖမ်းဆုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ဖူးစာလို့ဆိုပါသတဲ့။

တိုက်ဆိုင်မှုမှသည် ဖူးစာ၊ ဖူးစာမှသည် အချစ်၊ ထိုမှ ယခုလမ်းခွဲခြင်းဂိတ်ဝသို့ ရောက်လာခဲ့ကြတဲ့ သူတို့နှစ်ဦး။

အိပ်မက်ထဲကလိုသာဖြစ်ခဲ့ရင် Young Eun နဲ့ Jae Kook တို့ဟာ ထာဝရပျော်ရွှင်စွာ ပေါင်းဖက်နေထိုင်သွားကြလေသတည်းပေါ့နော်။

ဒါပေမဲ့လည်း နတ်သမီးပုံပြင်တိုင်းတောင် Happy ending ဖြစ်ကြတာမဟုတ်ပါဘူး။

ဆိုတော့ကား …
❓ယခုပုံပြင်လေးကရော အသည်းကွဲခြင်းနဲ့ပဲ အဆုံးသတ်သွားမလား။
❓ဒါမှမဟုတ် သူတို့ကိုယ်တိုင် ထာဝရပျော်ရွှင်စွာနေထိုင်နည်းဗားရှင်းအသစ်ကို တွေ့ရှိသွားမလားဆိုတာ ..
တကယ့်ကို စိတ်ဝင်စားစရာပါပဲနော်။

Casting အနေနဲ့ကတော့

★ထက်မြက်သူ ဒီဇိုင်နာအမျိုးသမီး Ho Yeong Eun အဖြစ် မြန်မာပရိသတ် အချစ်တော်အွန်စောအဖြစ်သိကြသူ မင်းသမီး ➡️Song Hye Kyo⬅️

★အပျော်တမ်းဓာတ်ပုံဆရာ Yoon Jae Kook အဖြစ် kdrama fan တွေရဲ့အသည်းစွဲ မင်းသား ➡️Jang Ki Yong⬅️

★ဒါ့အပြင် EXO-L တွေရဲ့ အသည်းအသက် EXO Marknae လေး ➡️Oh Sehun⬅️ကလည်း Hwang Chi Hyung လို့ခေါ်တဲ့ လူသစ်ဒီဇိုင်နာတစ်ယောက်အဖြစ် ပါဝင်ထားပြီး၊

★Girl’s Day အဖွဲ့ဝင် ➡️Yura⬅️ မှလည်း follower အများကြီးရှိတဲ့ နာမည်ကြီး Celebrity Hye-rin အဖြစ်ပါဝင်အားဖြည့်ထားပါသေးတယ်နော်။

စိတ်ကူးယဉ်ဆန်တဲ့အချစ် (Romantic love) ရဲ့ ဒီရေအနိမ့်အမြင့် အတက်အကျတွေကို ရင်ဖိုစရာရိုက်ကူးပုံဖော်ထားတဲ့ Now, We Are Breaking Up ဇာတ်လမ်းတွဲဟာဆိုရင်တော့ ဒါရိုက်တာ Lee Gil Bok မှရိုက်ကူး၍ နိုဝင်ဘာ ၁၂ မှစတင်ကာ အပတ်စဉ် သောကြာ စနေနေ့တိုင်း SBS ရုပ်သံမှာထုတ်လွှင့်မှာဖြစ်ပြီး Gold channel မှ ဘာသာပြန်တင်ဆက်ပေးမှာမို့လို့ GC နဲ့အတူ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး ချစ်ပရိသတ်ကြီးရေ။

Reviewed by Elsa

Translated by Winnie Ngoon and Phyo Thant

Now, We Are Breaking Up
Now, We Are Breaking Up
Original title 지금, 헤어지는 중입니다
TMDb Rating 8 1 votes
First air date Nov. 12, 2021
Seasons 1
Episodes 16
Average Duration 60 minutes

Similar titles

Vagabond
Miraculous Brothers
At Eighteen
You are My Heartbeat
Tempted
Agency
执笔
Thank You, Doctor
May It Please the Court
Juvenile Delinquency
Moving
Snap and Spark