
My Dangerous Wife
ဒီတစ်ခါ GC Drama ချစ်သူတို့အတွက် MBN ကထုတ်လွှင့်မဲ့ My Dangerous Wife ဆိုတဲ့ Serie လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ Winta Sonata, Strong Woman Do Bong-Soon, The Snow Queen အစရှိတဲ့ နာမည်ကြီး Drama တွေကို ရိုက်ကူးခဲ့တဲ့ Lee Hyeong Min ဖြစ်ပြီး ဇာတ်ညွှန်းကတော့ Avengers Social Club ဆိုတဲ့ Drama ရဲ့ စာရေးသူ Hwang Da Eun မို့ ကြည့်ကောင်းတဲ့ Drama ဖြစ်မှာတော့ အသေအချာပါပဲ။
ရှင်းဂျယ်ဂယောင်း( Kim Jung Eun) ဟာ ထက်မြက်ပြီး ငွေကြေးချမ်းသာတဲ့ စိတ်သဘောထားနွေးထွေးသော အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ကင်ယွန်းချော (Choi Won Young) ဆိုတဲ့ အမျိုးသားနှင့် လက်ထပ်ထားပြီး ပျော်ရွှင်ဖွယ် အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာလည်း ၆ နှစ်ခန့်ရှိနေပါပြီ။ သူမအတွက်တော့ အိမ်ထောင်သည်ဘဝဟာ ပန်းခင်းတဲ့လမ်းလိုပါပဲ။
ကင်ယွန်းချောဟာ အောင်မြင်တဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ပြီး ကြည့်ကောင်းတဲ့ရုပ်ရည် ဖော်ရွေတဲ့ဆက်ဆံရေးရှိတဲ့ အိမ်ထောင်သည်အမျိုးသားတစ်ယောက်ပါ။ သူကတော့ ဇနီးသည်ဖြစ်သူနဲ့ဆန့်ကျင်ဖက် ခံစားနေရသူပါ။ သူဟာ ဇနီးသည်ကို စိတ်ပျက်စရာအဖြစ်မြင်ပြီး အိမ်ထောင်သည်ဘဝကို စိတ်ကုန်နေတဲ့သူပါ။
အဲ့လိုလင်မယားနှစ်ယောက်ကြားကို ဂျင်ဆန်းမီ(Choi Yu Hwa) ဆိုတဲ့အမျိုးသမီးက ဝင်ရောက်လာပါတော့တယ်။ သူမဟာ ကင်ယွန်းချောနဲ့ ထူးခြားတဲ့ ဆက်ဆံရေးရှိလာခဲ့ပါတယ်။ အိမ်ထောင်ရေးကို စိတ်ပျက်နေတဲ့ ကင်ယွန်းချောဟာ သူ့ဇနီးကို ဘယ်လိုခွာရမလဲ စဥ်းစားနေတုန်းမှာပဲ ဇနီးဖြစ်သူဟာ ပြန်ပေးဆွဲခံရပါတော့တယ်။
ရှင်းဂျယ်ဂယောင်းကို ပြန်ပေးဆွဲသွားတာ ဘယ်သူလဲ။ ရဲတွေ သံသယဖြစ်သလို တကယ်ပဲ ခင်ပွန်းဖြစ်သူလက်ချက်လား..ဒါမှမဟုတ် ဂျင်ဆန်းမီဆိုတဲ့ အမျိုးသမီးလက်ချက်လား..ဒါမှမဟုတ် တခြားလက်သည်တစ်ယောက်ထပ်ရှိနေတာလား ။ ဇနီးသည်ပျောက်သွားပြီးမှ သူချစ်တာ မိန်းမကိုပါလို့ တဖွဖွပြောနေတဲ့ ခင်ပွန်းရော လိုချင်တာရဖို့ ဘာမဆိုလုပ်မယ်ဆိုတဲ့ အငယ်အနှောင်းအမျိုးသမီးရောဟာ သံသယဝင်စရာပါပဲ။ ဒီလို ရှုပ်ထွေးလှတဲ့ သံသယတွေကို ဘယ်လို အဖြေရှာကြမလဲဆိုတာတော့..
GC Drama Page မှာ အပတ်စဥ်စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။ တနင်္လါနဲ့ အင်္ဂါနေ့တွေမှာ ထုတ်လွှင့်သွားမှာပါ။ ဝါရင့်မင်းသားမင်းသမီးတွေ ပါဝင်အစွမ်းပြထားတဲ့ကားလေးဖြစ်လို့ GC Drama Page မှာ ဆက်ဆက်ကြည့်ရှုလိုက်ကြပါဦးနော်။