
Ms. Marvel (season 1)
MCU ရဲ့ ၇ ခုမြောက်စီးရီးအဖြစ် Ms. Marvel ထွက်ရှိလာပါပြီနော်။ MCU phase 4 ထဲမှာ ပါ၀င်ပြီး နောက်လာမယ့် The Marvels ရုပ်ရှင်အတွက် ရှေ့ပြေးသဘောလည်းဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ကာမာလာခန်းဆိုတဲ့ ဆယ်ကျော်သက် Avengers fangirl လေး
အကြောင်းဖြစ်ပါတယ်။ သူဟာ Avengers တွေထဲမှာမှ ကပ္ပတိန်မာဗယ်ကိုပိုကြွေသူပါ။ ကာမာလာဆိုတဲ့ကလေးမလေးဟာ အရမ်းလည်းစိတ်ကူးယဉ်တတ်သူဖြစ်ပြီး အိမ်မှာရော ကျောင်းမှာရော ဘယ်သူနဲ့မှသိပ်ပြီး သဟဇာတမဖြစ်သူပေါ့။
ဇာတ်လမ်းအစမှာတော့ cosplay ၀တ်စုံပြိုင်ပွဲမှာပြိုင်ဖို ကပ္ပတိန်မာဗယ်၀တ်စုံကို
သူငယ်ချင်းဖြစ်သူ ဘရူနိုနဲ့အတူ ဖန်တီးနေတာနဲ့စထားပါတယ်။ အစပိုင်းမှာ ကျောင်းတက်တဲ့ဘ၀၊ မိသားစုဘ၀၊ သူ့ရဲ့စူပါဟီးရိုးတွေအပေါ်ရူးသွပ်မှုတွေကို တွေ့ရမှာပါ။
အဲဒီလိုစူပါဟီးရိုးတွေကိုရူးသွပ်တဲ့ကလေးမလေး က သူကိုယ်တိုင် စူပါပါဝါတွေရလာတဲ့အခါ…
ဘာတွေဆက်ဖြစ်လာမလဲ၊ ဘာတွေရင်ဆိုင်ရမလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးကြည့်ရမှာဖြစ်ပါတယ်။
ဆယ်ကျော်သက်စွန့်စားခန်းလေးကို ဒရမ်မာနဲ့ဟာသလေးတွေနှောပြီး ကြည့်ရမှာမို တကယ်ချစ်စရာကောင်းပြီး စိတ်၀င်စားဖိုလည်းကောင်းပါတယ်။ Rotten Tomatoes မှာ rating 95% တောင်ရထားတာမို ကြည့်ဖိုတွေဝေမနေကြနဲ့တော့နော်။ အပိုင်း ၆ ပိုင်းပဲပါ၀င်မှာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်ကြည့်ရမှာပါနော်။
Review by C’mon