
La casa de papel လို့ အမည်ရတဲ့ စပိန်ဘဏ်ဖောက်တဲ့ Series ကို Director Alex Pina က ပုံဖော်ရိုက်ကူးပေးခဲ့ပါတယ်။ Royal Mint of Spain နဲ့ Bank of Spain ဆိုတဲ့ဘဏ်နှစ်ခုကို Professor လို့အမည်ရတဲ့ ဆန်းကျယ်တဲ့လူတစ်ယောက်က အချိန်တွေအများကြီးယူပြီး ဖောက်ဖို့ကို ပြင်ဆင်ထားခဲ့တဲ့အကြောင်းလေးပါ။ Tokyo လို့ အမည်ရတဲ့အဖွဲ့သားတစ်ယောက်က ဒီအကြောင်းကို ပုံပြင်လိုမျိုးပြောပြနေမှာပဲဖြစ်ပါတယ်။ တစ်ချက်တစ်ချက်ကျရင် ဘဏ်ထဲရောက်နေလိုက်၊ မဖောက်ခင် ပြင်ဆင်တဲ့အချိန်ရောက်လိုက်၊ တစ်ယောက်ချင်းရဲ့ ဘဝတွေအကြောင်းရောက်ပြလိုက်နဲ့ Character တွေနဲ့ ရင်းနှီးသွားအောင် ဆွဲပြီးရိုက်ပြထားတာပဲဖြစ်ပါတယ်။
အစကတော့ ဒီ Series ကို စပိန်ရုပ်သံလိုင်းတစ်ခုမှာပဲ ၁၅ ပိုင်းနဲ့ အဆုံးသတ်ပြီး ထုတ်လွှင့်ခဲ့တာပါ။ ဒါပေမယ့်လည့် ကြည့်ရှုသူမရှိဘဲ အရှုံးသာပေါ်နေခဲ့တာပါ။ ဒါပေမယ့် ထုတ်လွှင့်တဲ့ ၂၀၁၇ နှစ်ကုန်မှာတော့ La casa de papel ကို Netflix က ဝယ်ယူခဲ့ပြီးတော့ ၁၅ ပိုင်းအစား ၂၂ ပိုင်းဖြစ်အောင် ပြန်လည်ဖြတ်တောက်ပြီး Netflix မှာတင်ပေးခဲ့ပါတယ်။ နာမည်ကိုလည်း စပိန်နာမည်အစား Money Heist လို့ ပြောင်းလဲခဲ့ပြီးတော့ ပြသခဲ့ရာကနေ ပရိသတ်တွေအတော်ရသွားပါတယ်။ Netflix ရဲ့ သက်ရောက်မှုလို့လည်း ဆိုရမှာပေါ့။ Netflix ကနေ ဝယ်ယူခဲ့တဲ့အတွက်ကြောင့် ဒီလိုအားပေးမှုတွေရပြီးတော့ နောက်ထပ် Season တွေထပ်မံပြီးရိုက်ကူးခဲ့ရမှာ အခု Season 5 မှာ အဆုံးသတ်ပြီပဲဖြစ်ပါတယ်။
Money Heist မှာပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း ဒီ Series က သူတို့ရဲ့ ဘဝတစ်ဆစ်ချိုးဖြစ်ကြောင်း ဝန်ခံထားကြသလို Money Heist အလွန်မှာလည်း သူတို့ကို ၂ ယောက်စ ၃ ယောက်စ တခြားကားတွေမှာ ပြန်လည်တွေ့မြင်ခွင့်ရခဲ့ပါသေးတယ်။ Money Heist က 46th Emmy Award မှာလည်း Best Drama Series ဆုကို ဆွတ်ခူးရရှိခဲ့တာပါ။ Money Heist ထဲမှာပါဝင်တဲ့ Bella Ciao ဆိုတဲ့ အီတလီ Anti-fascist သီချင်းဟာလည်း ဥရောပမှာ Money Heist ကြောင့်ပဲ ပေါက်သွားခဲ့တာပါ။ အခု ၂၀၂၁ မှာတော့ ကျွန်တော်တို့သဘောကျတဲ့ Character တွေ အားလုံးနဲ့ခွဲခွာရတော့မှာပဲဖြစ်ပါတယ်။ အဲဒီအတွက် အကုန်လုံးပြန်လည်ပြီး ကြည့်ရှုနိုင်အောင် အစအဆုံးပြန်လည် တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
Review by Bruce
Translated by Bruce, MaryChrist, Cherry Mon, Sunny & Monn
* Application မှာလည်း ကြည့်လို့ရပါပြီ *
Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework
Apk Pure Link – https://apkpure.com/gold-channel-movies/com.yeyint.goldchannelrework
=======================
Money Heist Season 1 Season 2ကိုအမြန်တင်ပေးပါ
Money Heist Season 1 Season 2ကိုအမြန်တင်ပေးပါ