ပျော်ရွှင်မှု နွေးထွေးမှုဆိုတာကို စာထဲမှာပဲသိခဲ့ရပြီး အထီးကျန်စွာကြီးပြင်းလာရတဲ့ မိဘမဲ့ ကာတွန်းရေးဆွဲသူ Dermdem.
Dermdem တစ်ယောက် လမ်းမှားလာတဲ့ကြောင်လေးတစ်ကောင်ကိုတွေ့ပြီး အိမ်ခေါ်လာခဲ့ပါတယ်။
တစ်နေ့မှာတော့ ကြောင်လေးဟာ နားရွက်ကားကားနဲ့ လူသားအသွင်ပြောင်းသွားခဲ့ပါတယ်။
မြောင်လေးဟာ အထီးကျန်နေတဲ့ Dermdem ဘဝကို စပြီးမွှေတော့တာပါပဲ။ Dermdem လည်း မြောင်လေးမွှေသမျှကို လိုက်ရှင်းရင်း ဘဝရဲ့ အဓိပ္ပါယ်နဲ့ ပျော်ရွှင်နွေးထွေးမှုကို သိလာခဲ့ရပါတယ်။
ပြဿနာတွေကြားထဲက လူသားနဲ့ ကြောင်ကလေးတို့ရဲ့အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုကြလိုက်ရအောင်နော်။
Reviewed by Taki