Love 101

Love 101

Apr. 24, 2020
Your rating: 0
9 1 vote

Seasons and episodes

1Season 1 Apr. 24, 2020
2Season 2 Sep. 30, 2021

Video trailer

Synopsis

Love 101

ပေါ့ပေါ့ပါးပါး ကျောင်းသားအချစ်ဇာတ်လမ်းကြိုက်တဲ့ ပရိသတ်အတွက် Netflix ရဲ့ Love 101 season 2 ထွက်လာပါပြီနော်။ တူရကီ- ဆယ်ကျော်သက်-အချစ်ဒရမ်မာ ဇာတ်မြူးလေးပါ။

Season 1 မှာ Isik တစ်ယောက် သူမရဲ့ငယ်ဘ၀နဲ့ သူငယ်ချင်းတွေအကြောင်းပြန်ပြောင်းစဉ်းစားရာက စထားပါတယ်။ Eda, Osman, Sinan နဲ့ Kerem တို့ဟာ တခြားအတန်းဖော်တွေနဲ့မတူဘဲ ခပ်ဆိုးဆိုးကျောင်းသူ/ကျောင်းသားတွေပါ။ စာတော်တဲ့ကျောင်းသူလေး Isik ဟာလည်း အကြောင်းတစ်ခုကြောင့် အဲဒီကျောင်းသား ၄ ယောက်နဲ့ အဖွဲ့ကျသွားခဲ့ပါတယ်။ ဘယ်လောက်ဆိုးဆိုး သူတို့ကိုအမြဲကာကွယ်ပေးတတ်သူ မေတ္တာရှင်ဆရာမလေးက Burcu…။ သူတို့အဖွဲ့ဟာ ဘယ်လောက်ဆိုးသလဲဆိုရင် ဆရာနဲ့ဆရာမကိုတောင် အိမ်သာထဲပိတ်ပြီး လှော်ပေးတဲ့အထိပါ။ သူတို့ ၅ ယောက်အဖွဲ့ရဲ့ အချစ်ရေး၊ ဘ၀အရေး၊ သူငယ်ချင်းမေတ္တာတွေတင်မက ဆရာမလေးရဲ့အချစ်ရေးနဲ့ တပည့်တွေနဲ့ဆက်ဆံရေးလေးကို ချစ်စရာကောင်းအောင် ပုံဖော်ရိုက်ကူးထားပါတယ်။

Season 2 မှာတော့ season 1 တုန်းက မပြီးပြတ်ဘဲ ကျန်နေခဲ့တဲ့ မေးခွန်းတွေအတွက် အဖြေကို ဆက်လက်စောင့်ကြည့်ရမှာပါ။ Isik တို့ ခပ်ဆိုးဆိုးအဖွဲ့လေး ဘာတွေသင်ခန်းစာရလာကြမလဲ၊ ဘယ်လိုတွေပြောင်းလဲလာကြမလဲ၊ ဆရာမနဲ့ဘယ်လိုစခန်းသွားမလဲ၊ ဆရာမရဲ့အချစ်ရေးကရော ဘာတွေဆက်ဖြစ်မလဲ… ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ စိတ်၀င်တစားကြည့်ရမှာပါ။ ဆယ်ကျော်သက်လေးတွေရဲ့ ရှေ့ဆက်မယ့်အိပ်မက်နဲ့ ဘ၀အကြောင်းကလည်း ကြည့်တဲ့သူကိုပါ သူတို့လိုတက်ကြွတဲ့အားမာန်တွေ၊ လန်းဆန်းတဲ့ စိတ်ဓာတ်ခွန်အားတွေကူးစက်စေမှာမို့ အခုလိုကာလမှာ ခဏတာစိတ်အပြောင်းအလဲအဖြစ် ကြည့်ကြည့်ကြဖို့ လက်တို့လိုက်ရပါတယ်။

Review by Cherry Mon
Translated by MaryChrist, Cherry Mon, Sunny & Fleix

* Application မှာလည်း ကြည့်လို့ရပါပြီ *

Apk Pure Link – https://apkpure.com/gold-channel-movies/com.yeyint.goldchannelrework

=======================

Love 101
Love 101
Original title Aşk 101
TMDb Rating 7.7 89 votes
First air date Apr. 24, 2020
Last air date Sep. 30, 2021
Seasons 2
Episodes 16
Average Duration 45 minutes

Similar titles

Joseon Exorcist
The Glory
Touch Your Heart
Sell Your Haunted House
Extraordinary You
The Witch’s Game
Confess your love
Narco-Saints
Choco Milk Shake
Yellowjackets (2021)
Start-Up
True Story(2021)

Leave a comment

Name *
Add a display name
Email *
Your email address will not be published