Living with Yourself (2019)

Living with Yourself (2019)

Oct. 18, 2019
Your rating: 0
9.3 3 votes

Seasons and episodes

1Season 1 Oct. 18, 2019

Creator

Cast

Paul Rudd isMiles Elliot
Miles Elliot
Aisling Bea isKate Elliot
Kate Elliot

Video trailer

Synopsis

DatShin Review: Living with Yourself
Netflix Series
Plot

Miles ဆိုတဲ့လူဟာ အရင်က တက်တက်ကြွကြွနဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ပေမဲ့ အခုတော့ အမြဲတမ်း စိတ်ဓာတ်တွေကျ၊ အပျင်းတွေထူပြီး ဘာမှ သေသေချာချာ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တော့တဲ့၊ လုပ်ချင်စိတ်တွေ မရှိတော့တဲ့သူတစ်ယောက်။ ဒါပေမဲ့ ထူးခြားတဲ့ ကုထုံးနဲ့ လန်းဆန်းတက်ကြွအောင်မြင်အောင် လုပ်ပေးတယ်ဆိုတဲ့ Spa ကိုသွားခဲ့ပြီးတဲ့နောက်မှာတော့ သူတို့ပြောသလိုပဲ Miles ဟာ အရာရာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံး ပြန်ပြီး ဖြတ်သန်းလာခဲ့တယ်။ ဒါပေမဲ့ ညတွင်းချင်း သိလိုက်ရတာက သူဟာ သူအစစ် မဟုတ်တော့ပါဘူး။ Spa က လူတွေက သူ့ကို clone လုပ်ပြီး မူရင်းကို မြေမြှုပ်ပစ်လိုက်တာပါ။ ဖြစ်ချင်တော့ မူရင်းက မသေဘဲ အိမ်ပြန်လာတော့ မူရင်းနဲ့ ကော်ပီတို့ တိုင်ပတ်ပါပြီ။ ဘယ်သူက ဘယ်လိုနေမလဲ၊ ဘယ်လိုဘဝကို ရှေ့ဆက်ကြမလဲ။

Review (Minor Spoiler alert)

အမှန်တော့ ဒီကားကို ပေါ့ပေါ့ပါးပါး ဟာသကားတစ်ကား၊ runtime လည်း သိပ်မရှိဘူး (မိနစ် ၃၀ အပိုင်း ၈ ပိုင်း) ပဲရှိတယ်ဆိုပြီး အိပ်ခါနီး ကြည့်ဖြစ်လိုက်တာပါ။ တကယ်တော့ ဒီလောက်ကြီးပေါ့ပါးနေတဲ့ ပေါ့တော့တော့ ဇာတ်လမ်းတွဲ မဟုတ်ခဲ့ပါဘူး။ Emotion မျိုးစုံနဲ့အတွေးပေါင်းစုံပေးနိုင်ခဲ့ပါတယ်။ ရယ်ရတဲ့အချိန်တွေ အော်ရယ်ရသလို တစ်ချို့အခန်းတွေဆိုလည်း လုံးဝ ရင်ထဲ ဟာတာတာကြီးကျန်ပြီး တိတ်ပြီး ထိုင်ကြည့်နေရတာမျိုးတွေ ရှိတယ်။
ကျွန်တော်တို့ ပုံမှန်အားဖြင့် cloning လုပ်တာကို ခပ်ပေါ့ပေါ့ပဲ တွေးတတ်ကြပါတယ်။ တကယ် clone လုပ်လို့ဖြစ်လာမဲ့ ပြသနာတွေကို သိပ်မတွေးမိကြ၊ သိပ်မမြင်ဖူးကြပါဘူး။ ဒီဇာတ်လမ်းတွဲမှာတော့ လူ့ဘဝနဲ့ လူ့ဘဝရဲ့အခက်အခဲတွေကိုမှ ဒီ cloning ပြသနာနဲ့ တော်တော်သေသေသပ်သပ်လေး ရောပြထားပါတယ်။

စဉ်းစားကြည့်ပါ။ ကိုယ်တွေအလုပ်မှာ အဆင်မပြေ၊ ဘာလုပ်လုပ်မအောင်မြင်၊ ခုခေတ်အရဆို Facebook မှာ ပေါ်ပြူလာလည်း မဖြစ်။ တစ်ရက်မှာ ဒီအချက်တွေကို အကုန်လုပ်နိုင်တဲ့ တကယ့် best version of yourself ကြီး ဝုန်းခနဲပေါ်လာတယ်။ ဘယ်လိုလုပ်မလဲ။ သူ့ clone ဘက်ကရော စဉ်းစားကြည့်ရအောင်။ ကိုယ်ကတော့ ဒီလိုပဲလှုပ်ရှားသွားလာနေတယ် ထင်နေတာပဲ။ ဒါပေမဲ့ တစ်ရက်မှာ ကိုယ်က အစစ်မဟုတ်ဘူး၊ ကော်ပီကြီး။ ကိုယ်တကယ်ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရတဲ့ အခိုက်အတန့်တွေ၊ ဥပမာ ချစ်သူနဲ့ ကိုယ့် အမှတ်တရ တွေအကုန်လုံးက အတုတွေဖြစ်ကုန်ပြီ။ မူရင်းဆီက မှတ်ဥဏ်ထည့်ထားလို့သာ တကယ်ဖြစ်ထားတယ်ထင်တာ။ တကယ်တော့ ကိုယ်တစ်ခါမှ မဖြတ်သန်းခဲ့ဖူးဘူး။ ကိုယ်က မူရင်းထက် နေရာတကာ သာနေတယဆိုပေမဲ့ ကိုယ်က မူရင်းမဟုတ်တဲ့အတွက် ပျော်ရွှင်နိုင်ပါ့မလား။

နောက်တစ်ခုအဆိုးဆုံးကတော့ အိမ်ထောင်ရေးပါ။ ကိုယ်က ဒီလိုအမြဲ ဘူနေတော့ မိန်းမကိုလည်း ပျော်အောင် မထားပေးနိုင်တာ၊ နားမလည်ပေးနိုင်တာ၊ စိုင်းစိုင်းပြောသလိုဆို လိုချင်တဲ့ ဂရုစိုက်မှု မပေးနိုင်တာ ကြာပြီ။ အဲအချိန် ဒါတွေလုပ်ပေးနိုင်တဲ့ ကော်ပီထွက်လာတယ်။ ဒါဆို မိန်းမက အဲကော်ပီကို မူရင်းထက်ပိုသဘောကျသွားမလား။ သဘောကျသွားရင်ရော ဒါက အပြစ်ပြောလို့ရရဲ့လား။ အဲကောင်က twin တောင်မဟုတ်ဘူး။ ကိုယ်ပဲလေ။ ကော်ပီကောင်ကရော မူရင်းရဲ့ မိန်းမကို ကြိုက်တာ၊ အတူနေချင်တာ ဖြစ်သင့်သလား။ နည်းတဲ့ မေးခွန်းတွေမဟုတ်ဘူး။

နောက်တစ်ခုကတော့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုပါပဲ။ Miles တစ်ယောက် သူ့ ကော်ပီအောင်မြင်နေတာ သူမလုပ်နိုင်လို့လား။ သူ့ကော်ပီတောင် အောင်မြင်ပြီး လူချစ်လူခင်ပေါရင် သူရော လုပ်နိုင်သေးတာပဲမဟုတ်လား။ ဒါပေမဲ့ ဒီအချက်တွေလုပ်နိုင်လို့ရော Miles ပျော်ရွှင်နိုင်ပါ့မလား။ သူ့ဇနီးကိုရော ပျော်အောင် ထားနိုင်မလား။ တွေးစရာတွေ အများကြီးပါပဲ။
ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းက တော်တော်လေး smooth ဖြစ်ပေမဲ့ series quality က အရမ်းအကောင်းကြီးမဟုတ်ပါဘူး။ သာမန် better than OK ဆိုသလောက်ပါ။ ဒါပေမဲ့တစ်ကားလုံးမှာ Paul Rudd ကြီးက လန်ထွက်နေတာပါပဲ။ သူများတွေလို နှစ်ကိုယ်ခွဲတောင်မဟုတ်ဘူး ဘာမှမဆိုင်တဲ့ မူရင်းနဲ့ ကော်ပီ ကို ကောင်းကောင်းကြီး သရုပ်ဆောင်သွားနိုင်ခဲ့တယ်။ တစ်ကောင်က လုံးဝ ကုပ်ချောင်းချောင်း မအူမလည်၊ တစ်ကောင်က ယုံကြည်မှုအပြည့်နဲ့။ ဇာတ်သိမ်းကိုတော့ အရမ်းကြီး အားမရဘူး။ Season 2 လာဖို့ရှိလို့လားတော့မသိ။

အချိန်လည်း သိပ်မပေးရ၊ အရမ်းကြီးလည်း လေးလံမနေတဲ့ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းတွဲကောင်းကောင်း ကြည့်ချင်တယ်ဆိုရင် သဘောကျကြမယ် ထင်ပါတယ်။
Review ကို #Datshin မှကူးယူထားပါတယ်။

( အပိုင်း ၈ ပိုင်းပါဝင်ပြီး ဆက်တိုက် တင်ဆက်ပေးသွားပါ့မယ် )

Translated by Thar Nyo Lwin
Encoded by mk
Quality – Web
Size – 600MB / 150MB
IMDB – 7.3
Genres – Comedy, Drama

Living with Yourself (2019)
Original title Living with Yourself
TMDb Rating 6.4 38 votes
First air date Oct. 18, 2019
Last air date Oct. 18, 2019
Seasons 1
Episodes 8
Average Duration 25 minutes

Similar titles

The King of Tears, Lee Bang Won
Suspicious Partner
Love You Seven Times
Three Bold Siblings
Love Alarm
Kokdu: Season of Deity
Thirty-Nine
Pixar Popcorn (2021)
Tell Me That You Love Me
Cleaning Up
Broken the Heart
Extraordinary Attorney Woo