
Kungfu Panda: The Dragon Knight (2022)
ငယ်ငယ်က ကွန်ဖူးပန်ဒါကြည့်ပြီး
MCလို အုအုအအနဲ့ သိုင်းလိုက်ချဖူးတဲ့ GC verseလေးတွေရှိလား။ MCလို ပန်ဒါခရေဇီလေးတွေအတွက် နက်ဖုလစ်ကနေပြီးတော့ ကွန်ဖူးပန်ဒါစီးရီးတစ်ခု ထုတ်လွှင့်ပေးလိုက်ပြီဆိုတော့ အခုပဲ လက်မနှေးတန်းကြည့်ရှုနိုင်ဖို တင်ဆက်ပေးလိုက်ပြီနော်။ စီးရီးဆိုတော့ မူဗီထက်တော့ပိုပြီး အားရပါးရကြည့်ရမှာ အသေအချာပါပဲ။
Kungfu panda 3မှာ နဂါးသခင်ဖြစ်လာတဲ့ ပိုတစ်ယောက် တရုတ်ပြည်ရဲ့ မဟာရန်သူကြီးကို နှိမ်နင်းပေးနိုင်ခဲ့တာမလို တစ်တိုင်းပြည်လုံးရဲ့ လေးစားချစ်ခင်ရတဲ့ သူရဲကောင်းကြီး ဖြစ်နေတာပေါ့။ ဒါပေမဲ့ဇာတ်လိုက်ကျော်မောင်ပိုကတော့ ဘယ်လောက်ပဲသူရဲကောင်းဖြစ်ဖြစ် စားလိုက်အိပ်လိုက်သူ့အကျင့်ကတော့ မပျောက်တာကြောင့် လှုပ်ရှားမှုတွေနှေးကွေးပြီး ကွန်ဖူးဝက်ပုပ်လေးဖြစ်နေတာပေါ့။ တစ်နေ့မှာ သူ့ရဲ့တရုတ်ပြည်တစ်ခွင် အစားအသောက်ခရီးစဉ်ကို အကောင်အထည်ဖော်ဖို ဝမ်ခွန်းရွာရဲ့ နာမည်ကြီးဖက်ထုပ်ဆိုင်ကို ရောက်လာပါတယ်။ ဒီရွာလေးမှာတော့ အစွမ်းထက်လှတဲ့ ဝူကောင်းသံလက်အိတ်ကို ထားရှိထားတာပါ။ ပိုကတော့ ထုံးစံအတိုင်း တလွဲရယ်တချော်ရယ်နဲ့ပဲ သူ့ရဲ့ပယောဂနဲ့ လက်အိတ်လည်း ရာဇဝတ်သားမြွေပါနှစ်ကောင်နောက်ပါသွားပြီးတော့ ဝမ်ခွန်းရွာလေးလည်း ညက်ညက်ကြေသွားပါတယ်။ သူ့ရဲ့လုပ်ရပ်ကြောင့် နဂါးသခင်ဘွဲလည်း ပြန်ရုတ်သိမ်းခံလိုက်ရတာပေါ့။ ကဲ ဇာတ်လိုက်ကျော်မောင်ပိုတစ်ယောက် ဒီတစ်ခါမှာရော ဘယ်လိုစွန့်စားခန်းတွေနဲ့ အလွဲအချော်တွေနဲ့ သူ့ရဲ့အဝီစိရောက်သိက္ခာကို ပြန်အထတ်ဆယ်မလဲဆိုတာကို အားလုံးတူတူကြည့်ရှုရင်း ဘဝအမောတွေဖြေဖျောက်ကြရအောင်ပါ။
Reviewed by Marychrist
Translated by Keith, Sarah, MaryChrist, Monn and C’mon
Encoded by CuKar