Kingdom 2 (2020)
Kingdom Season 1 ပြီးလို့ တစ်နှစ်ကျော် အကြာမှာတော့ Kingdom Season 2 ကို စောင့်နေသူတွေအတွက် သတင်းကောင်းပါ။
Kingdom ဇာတ်ကားက Zombie တွေ အကြောင်း ပါ။ Kim Eun Hee ရဲ့ ”The Kingdom of the Gods” ဆိုတဲ့ Webcomic ကို အခြေခံ ရိုက်ကူးထားတာပါ။
Kingdom Season 1 မှာ အိမ်ရှေ့စံ Lee Chang(Ju Ji Hoon) နဲ့ ပြည်သူတွေက Zombie တွေဟာ နေရောင်ကို ကြောက်သူတွေလို့ ထင် ထားပေးမဲ့ Season 1 အပိုင်း 6 မှာ မှ သူတို့အမှန်တကယ် ကြောက်တာ အပူချိန် ဆိုတာကို သိသွားပြီး Season 1 ထက် ပိုကြည့်ကောင်းမဲ့ ပုံပါ။
My Love from the Star ထဲ က မင်းသမီး Jun Ji Hyun လည်း Season 2 မှာ ပါဝင် လာအုံးမှာမလို့ ဘယ် အပိုင်းက ဘယ်အခန်းမှာ ပါမယ်ဆိုတာတော့ မကြေညာထားသေးပါဘူး။
Season 1မှာကတည်းက မြုပ်ကွက်တွေ အများကြီးနဲ့ ဇာတ်ကားပါ။ Season 1 မှာ မိဖုရားခေါင်ကြီးရဲ့ ကိုယ်ဝန်အတု ပေါ်သွားသလို အိမ်ရှေ့စံရဲ့ သက်တော်စောင့် ရဲ့ မိန်းမကလည်း ကလေးမွေးတော့မှာဆိုတော့ ယောက်ျားလေးသာ မွေးရင် ပိုကြည့်ကောင်း ပိုရက်စက်ရူပ်ထွေးနိုင်မှာပါ။သက်တော်စောင့် Moo Young (Kim Sang Ho)ကလည်း သူ့မိန်းမကို အမဲသား ကျွေးချင်နေသူဆိုတော့ အဲ့အခန်း ဘယ်လိုလာမလဲ ဆိုတာကတော့။
Season 1 မှာ ဆေးဆရာမ Seo Bi (Bae Doo Na)က သက်ရှင်ပင် ကို တွေ့သွားပေမဲ့ အိမ်ရှေ့စံရဲ့ ဆရာကကော ဒီအသက်ရှင်အပင်အကြောင်းကို အစောကတည်းက သိနေတာလား ဆိုတာလည်း သိချင်စရာပါပဲ။
Season 1 မှာ ကျားပစ်အဖွဲ့က မင်းသား Yeong Shin(Kim Sung Kyu)ကကော သေနတ်ပစ်တာ လက်ဖြာင့်သလို ၊ ဘယ်လို အတိတ်ဇာတ်လမ်းတွေရှိနေလဲ ဆိုတာလည်း စိတ်ဝင်စားစွာ စောင့်ကြည့်ရမှာပါ။
နန်းတွင်းမှာ ရှိနေတဲ့ ဘုရင်ကြီးကိုကော ဘယ်လိုတွေ ဆက်အသုံးချမလဲ။
မိဖုရားခေါင်ကြီးရဲ့ ခမည်းတော် အမတ် Cho Hak Ju (Ryu Seung Ryong) ကကော ဘယ်လိုတွေ ဆက် ယုတ်မာမလဲ ။
အရှေ့ အနောက် တိုင်းပြည်ရဲ့တံခါးတွေကို ပိတ်ဆို့လိုက်ပေမဲ့ ဟန်ယန်းပြည်မကြီးကကော Zombie တွေရဲ့ ရန်ကို ကာကွယ်နိုင်ပါ့မလား။
တပ်မ 5ခုကကော ခြေမူန်း နိုင်ပါ့မလား။
သက်ရှင်ပင် နဲ့ကော Zombie တွေကို ပျောက်ကင်းစေနိုင်ပါ့မလား။
အိမ်ရှေ့စံကကော ဘယ်လိုနည်းတွေနဲ့ Zombie တွေရဲ့ ရန်ကနေ ပြည်သူတွေကို ကာကွယ်ပေးမလဲ။
Season 2 မှာလည်း အပိုင်း 6 ပိုင်းထိပဲ ရှိမှာမလို့ Season 2 မှာပဲ အကုန်လုံးကို ဖြေရှင်းနိုင်မလား ဆိုတာကတော့ 13/March/2020 မှာ Netflix ကနေ ထုတ်လွှင့်ပြသသွားမှာပါ။ ဘာသာပြန်ကိုတော့ Gold Channel မှာလည်း စောင့်မျှော် ကြည့်ရူနိုင်ပါတယ်။