
Killing Eve (Season 4)
==============
တိုက်ပွဲများကြားမှာချစ်ခြင်းတရား(ဘာမှမဟုတ်ဘူး ကိုရီးယားဆန်ဆန်လေး နာမည်ပေးကြည့်တာ😜)ခေါ် Killing eveရဲ့ Finale seasonဖြစ်တဲ့ season 4 ထွက်ရှိလို့လာပါပြီ။ကဲ နောက်ဆုံးပိတ်မှာ မမEveက ဘယ်လိုအိတ်နဲ့လွယ်သွားမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။
ကြေးစားတစ်ယောက်ဖြစ်တဲ့ Villanelleနဲ့ ရဲစုံထောက်ဖြစ်တဲ့ Eveတို့ရဲ့ ဆန့်ကျင်ဘက်ကမ္ဘာကြားမှာ ပေါက်ဖွားလာတဲ့ချစ်ခြင်းတရား
Season3 ရဲ့ လန်ဒန်တံတားပေါ်မှာ
“When I try and think of my future, I just see your face over and over again,”ဆိုတဲ့ Eveရဲ့ဖွင့်ဟစကားသံနဲ့ နောက်လှည့်မကြည့်ကြေးနဲ့ ကျောခိုင်းသွားရတဲ့ သူတို့ ၂ ယောက်ရဲ့ ရင်နင့်ဖွယ်ရာ ဇာတ်ဝင်ခန်းလေး
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်နေခဲ့တဲ့ သူတို့နှစ်ယောက် Season finaleမှာရော ဘာတွေဆက်ဖြစ်ကြဦးမှာလဲ။ နှလုံးသားနဲ့ဦးနှောက်ရဲ့တိုက်ပွဲမှာ ဘယ်တစ်ခုက အနိုင်ရမလဲ။ Seasonတစ်ခုပြီးတိုင်းမှာ တိုးလာတဲ့သူတို့ကြားကချစ်ခြင်းကရော ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရဦးမှာလဲ။ စွဲလမ်းတမ်းတမှုနဲ့အတ္တတွေကိုကျော်လွန်ပြီး စစ်မှန်တဲ့ချစ်ခြင်းနဲ့ အရာအားလုံးကို ကျော်လွှားနိုင်မှာလား။ Villanelleက လူသတ်သမားမဟုတ် Eveကရဲမဟုတ်ခဲ့ရင်ရော ဘယ်လိုတွေပြောင်းလဲသွားနိုင်မလဲ အစရှိတဲ့ မေးခွန်းများစွာရဲ့အဖြေတွေ ပုန်းအောင်းနေတဲ့ season4ကို အခုပဲ ကြည့်ရှုလိုက်ကြပါစို့လား။
Translated by Mary Christ, Monn, May Mi Kyaw, Phyo & Karine
Reviewed by Mary Christ