
Invisible City ( 2021 – )
===================
ကျွန်တော်တို့ မြန်မာအယူအဆမှာ ဒဏ္ဍာရီလာဇာတ်ကောင်များ သတ္တဝါများရှိသလိုပဲ နိုင်ငံအသီးသီးမှာလည်း သူတို့အယူအဆနဲ့ သူတို့ရှိကြပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ဘရာဇီးနိုင်ငံကအယူအဆဖြစ်တဲ့ ဒဏ္ဍာရီလာသတ္တဝါတွေကို မှီငြမ်းပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။
စီဒါ တောအုပ်နဲ့ ဒီတောအုပ်လေးကို မှီပြီးတော့ နေထိုင်နေတဲ့လူတွေကို ဂါဘရီရယ်လာတစ်ယောက်က အရမ်းကိုသံယောဇဥ်ရှိနေတာပါ။ သူ့အလုပ်ကလည်း ဒီလူတွေနဲ့ ဒီတောတွေကို ထိန်းသိမ်းကာကွယ်ရမယ့် အလုပ်ဖြစ်နေပါတယ်။ တစ်နေ့ကျတော့မမျှော်လင့်ပဲ ဂါဘရီရယ်လာတစ်ယောက် မတော်တဆဖြစ်ပြီး ဆုံးပါးသွားခဲ့ရပါတယ်။ ဇနီးသည်ကို ဆုံးရှုးလိုက်ရတဲ့ အဲရစ်တစ်ယောက်ဟာ သမီးနဲ့လည်း အဆက်အဆံမရှိ အလုပ်မှာလည်း နားနေရပြီး စိတ်ဓါတ်တွေကျနေခဲ့ရပါတယ်။
တစ်လကြာတဲ့အချိန်မှာတော့ အဲရစ်တစ်ယောက် တာဝန်ရှိရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှာ အလုပ်ပြန်ဝင်ပြီး ဇနီးသည်ဘာကြောင့် သေသွားရတယ်ဆိုတာကို စုံစမ်းဖို့ ကြိုးစားပါတော့တယ်။ တစ်နေ့မှာ တော့ အဲရစ်တစ်ယောက် ရီယိုဒီဂျနေးရိုးမြို့က ကမ်းခြေတစ်ခုမှာ ပန်းရောင်လင်းပိုင်တစ်ကောင် သေဆုံးနေတာကို သွားတွေ့ခဲ့ပါတယ်။ ဒီပန်းရောင်လင်းပိုင်ဟာ ကမ်းခြေပေါ်မှာ ဘာလို့သေနေရတာလဲ ဇနီးသည်ရဲ့ သေဆုံးမှုနဲ့ရော ဘယ်လိုဆက်စပ်နေမှာလဲဆိုတာကို အဲရစ်တစ်ယောက် အဖြေရှာရပါတော့မယ်။
Translated and Review by Aung Htoo Khaing
Encoded by Noah
Quality – Web-dl
IMDB – 7.4
Genres – Drama, Mystery