
His Dark Materials (2020)
=================================
တစ်နှစ်နီးပါးစောင့်လိုက်ရတဲ့ His Dark Materials Season 2 က ဒီနေ့မနက်ပဲ BBC One ကနေ ပြသသွားခဲ့ပါတယ်။
His Dark Materials ဆိုတာ ဘာလဲဆိုတာကို မသိသေးတဲ့သူတွေကို အရင်ရှင်းပြပါရစေ။ ဒီ Series လေးက မနှစ်ကဒီလိုအချိန်မှာပဲ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ထွက်ထွက်ချင်းဆိုသလို လူတွေတော်တော်လေးလဲ သဘောကျကြပါတယ်။ တော်တော်လေးလဲ ကောင်းတာကိုး။ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ The Golden Compass ကို Series အနေနဲ့ အသက်ပြန်သွင်းထားတာဖြစ်ပါတယ်။ Rating အနေနဲ့ဆိုရင် IMDb မှာ 7.9 အထိရရှိထားပါတယ်။
Season 1 မကြည့်ရသေးတဲ့သူတွေဆိုရင်တော့ ဒီအပိုဒ်ကို ကျော်ဖတ်သွားပေးကြပါ။ Season 1 မှာ လိုင်ရာတစ်ယောက် သူ့အဖေဖွင့်ခဲ့တဲ့ တံခါးပေါက်ကနေ တခြားကမ္ဘာတစ်ခုကို ကူးခဲ့တာကို မှတ်မိကြမှာပါ။ လိုင်ရာလိုမျိုးပဲ နောက်ထပ်ကမ္ဘာတစ်ခုကကောင်လေးကလဲ ပန်းခြံထဲက တံခါးပေါက်ထဲကို ဝင်ခဲ့ပါသေးတယ်။ အဲ့ဒီကနေတစ်ဆင့် သူတို့နှစ်ယောက်တွေ့ပြီးတော့ လိုင်ရာရဲ့ ဦးတည်ချက်အတိုင်း အမှုန်တွေအကြောင်းကို သူ့အဖေထက် အရင်ကြိုသိအောင်ရှာမယ်ဆိုပါတော့။
Season 2 မှာတော့ အပိုင်းက ၇ ပိုင်းပဲရှိမှာပါ။ ပုံမှန်တစ်ပတ်တစ်ပိုင်းအနေနဲ့ ထုတ်လွှင့်သွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ ဒါနဲ့ Season 1 ကြည့်ချင်တဲ့သူတွေရှိရင်လည်း ကျွန်တော်တို့ Application လေးမှာ ရှိပါတယ်။
Translated and Review by Aung Htoo Khaing
Encoded by MgKyaw
Size – 600MB / 170MB
IMDB – 7.9
Genres – Adventure, Drama, Family
continue?
2-6ep waiting
Ss 1 လေးပါပြန်တင်ပေးပါလား plz
2-6 ေစောင့်နေပါတယ် 😁