
Charlie, a highly strung, openly gay over-thinker, and Nick, a cheerful soft-hearted rugby player, meet at a British all-boys grammar school. Friendship blooms quickly, but could there be something more…? Based on Alice Oseman’s bestselling graphic novel series HEARTSTOPPER.
ရာသီဥတုကလည်းပူအိုက် မီးကလည်းပျက်နေချိန်ဆိုတော့ GCverseတို့လည်း ရင်ထဲမှာအေးမြသွားမယ့် အချိုရည်အေးအေးလေးတစ်ခွက် လိုအပ်နေကြမယ်ထင်တယ်။ ဒီတော့ MCတို့ဖျော်ရည်တစ်ခွက်စီစဉ်ထားပါတယ်။ ဖျော်ရည်လေးနာမည်ကတော့ Heartstopperဆိုတဲ့ Netflixရဲ့ အသစ်စက်စက် BL seriesလေးပါ။
Charlieဆိုတဲ့ကောင်လေးက ကျောင်းမှာ အပယ်ခံ အညတရ အနိုင်ကျင့်ခံလေးဖြစ်ပြီး သူငယ်ချင်းလည်းများများစားစား မရှိပါဘူး။ ရှိတဲ့ BFF 4 ယောက်မှာလည်း တစ်ယောက်က transgenderလုပ်ပြီး မိန်းကလေးကျောင်းရောက်သွားပြန်တော့ အထီးကျန်နေတာပေါ့။ ချာလီရဲ့ မိုးညိုနေတဲ့ဘဝထဲကို Benဆိုတဲ့ Flirtကောင်လေးက ထပ်ပြီးတော့ မှုန်တိုင်းထန်စေပြန်ပါတယ်။ Flirtတို့ထုံးစံ Silentထားပြီး လိုသုံးပိုပစ်ခံနေရတာပေါ့။ ဒီလို ဝမ်းနည်းစရာတွေ ပြည့်နှက်နေတဲ့ Charlieရဲ့ဘဝထဲကို ကျောင်းရဲ့Rugby team star player
ကျောင်းဂုဏ်ဆောင်လည်းဖြစ်တဲ့ ဗလတောင့်တောင့်နဲ့အားကိုကြီး Nickဝင်ရောက်လာချိန်မှာတော့…
အပယ်ခံintrovertကောင်လေးနဲ့ popular extrovert smartကျကျဘဲကြီးတို့ကြားမှာ Friendzoneကနေတစ်ဆင့် အမျိုးအမည်မသိတဲ့ ဘယ်လိုခံစားချက်တွေ ထပ်ပြီးတော့ ထွက်ပေါ်လာဦးမလဲ။ Traumaတွေရှိနေတဲ့Charlieရဲ့ကမ္ဘာငယ်လေးဟာ Nickရဲ့နေမင်းအချစ်တွေနဲ့ တစ်ဖန်ပြန်လည်ထွန်းလင်းလာနိုင်မလားကိုတော့ မပြောတော့ပါဘူး ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ကြပါတော့ရှင်။
Translated by MaryChrist,Egg,Sunny,Keith,Monn& C’mon
Reviewed by MaryChrist