Fly Again

Fly Again

Nov. 13, 2021
Your rating: 0
7 1 vote

Seasons and episodes

1Season 1 Nov. 13, 2021

Creator

Creator

Cast

Synopsis

Fly Again

အိုင်ဒေါတွေဆိုတာ တစ်ခုတည်းမှာ ထူးချွန်လို့ရတာ မဟုတ်ဘဲ ဘက်စုံတော်ရပြီး ရုပ်ရည်၊ အကျင့်စာရိတ္တအထိ အဘက်ဘက်ကနေ ထူးချွန်ဖို့ လိုအပ်တဲ့သူတွေပါ။ အိုင်ဒေါတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်လေးတွေအကြောင်း ရိုက်ကူးထားတဲ့ web-drama လေးကို သဲငယ်လေးတို့တောင်းဆိုထားတဲ့အတိုင်း တင်ဆက်ပေးလိုက်ပါတယ်​နော်။
ဟန်ယိုဟန်ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ အကပါရမီရှင်ဖြစ်ပေမဲ့ အိုင်ဒေါဖြစ်​လာဖို့အတွက် နာမည်ကြီး အနုပညာကျောင်းကနေ ဟန်ဘစ်အနုပညာအထက်တန်းကျောင်းကို ပြောင်းလာပါတော့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ မတော်တဆမှုကြောင့် သူ့ရဲ့အိပ်မက်တွေ ရိုက်ချိုးခံလိုက်ရပါတော့တယ်။

အွန်ဂျီမင်ကတော့ အိုင်ဒေါဖြစ်ဖို့ မွေးဖွားလာသူလို့ ဆိုရမယ့်အထိ ပါရမီပါတဲ့သူပါ။ ဒါပေမဲ့ မိဘတွေရဲ့ အဆင်မပြေမှုတွေကြောင့် စာကိုသာဖိကြိုးစားပြီး စိတ်ဖိစီးမှုတွေနဲ့ နေနေရတဲ့ကောင်မလေးပါ။

သူတို့နှစ်ယောက် တွေဆုံပြီး ဘယ်သူတွေနဲ့အတူတူ အိပ်မက်တွေဆီ အရောက်သွားမလဲ။ အတောင်ကိုယ်စီ ကျိုးထားတဲ့ငှက်ငယ်​လေးတွေမို့ ဘယ်လိုခွန်အားတွေနဲ့ အမြင့်ကိုတက်ဖို့ ကြိုးစားကြမလဲဆိုတာကို Gold Channel နဲ့အတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။

ranslated by Athena,Faith & Yin Cho

Fly Again
Original title 다시, 플라이
First air date Nov. 13, 2021
Last air date Nov. 16, 2021
Seasons 1
Episodes 10

Similar titles