ဒီတစ်ခါအချစ်ကားကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက် မင်းသမီးချော Song Hyekyo နဲ့ မင်းသားချော Park Bogum တို့တွဲဖက်သရုပ်ဆောင်ထားတဲ့ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးပါရစေ….
နိုင်ငံရေးသမားတစ်ဦးရဲ့သမီးချော Cha Soohyun က မချစ်ပေမယ့် နိုင်ငံရေးစီးပွားရေးတွေကြောင့် သူဋ္ဌေးသားတစ်ဦးနဲ့လက်ထပ်ခဲ့ရတယ်…ဒါပေမယ့်၂နှစ်အကြာမှာသူ့ယောကျာ်းဟာဖောက်ပြန်ခဲ့လို့ကွာရှင်းပြီး လျော်ကြေးအဖြစ် DongHwa ဟိုတယ်ကိုရခဲ့တယ်…သူ့လက်ထက်မှာ ဟိုတယ်ဟာအောင်မြင်ပြီး ကျူဘားနိုင်ငံထိတောင် ဟိုတယ်ကိုတိုးချဲ့ဖွင့်လှစ်ဖို့ကြိုးစားနေခဲ့တယ်….တစ်နေ့မှာ သူကျူဘားနိုင်ငံကိုအလုပ်ကိစ္စခရီးသွားရင်း အမှတ်မထင်ဘဲ ၂၉နှစ်အရွယ် JinHyuk ဆ်ုတဲ့ကောင်လေးနဲ့ဆုံတွေ့မိခဲ့တယ်…. နောက်ပိုင်းကိုရီးယားကိုပြန်ရောက်တော့ Cha Soohyun က Jinhyukအင်တာဗျူးအောင်သွားတဲ့ဟိုတယ်ပိုင်ရှင်သူဋ္ဌေးဖြစ်နေခဲ့တဲ့အခါမှာ….
ဒီဇာတ်ကားကို ကျူဘားနိုင်ငံနဲ့ကိုရီးယားနိုင်ငံတို့မှာ ရိုက်ကူးထားပြီး အလှအပရှုခင်းတွေရော…မင်းသားမင်းသမီးချောတွေကိုရော ကြည့်ရှုရင်း ဘယ်လိုတွေဖြစ်သွားမလဲဆိုတာ ဖန်သားပြင်ပေါ်ဆက်လက်ကြည့်ရှုပေးကြပါဦးနော်….
Translated by…Damchu,NLKK
Reviewed by NLKK
Encoded by Lwin Naung