Double Love

Double Love

Dec. 10, 2022
Your rating: 0
9 1 vote

Seasons and episodes

1Season 1 Dec. 10, 2022

Creator

Creator

Cast

Sophie Zhang isLu Wanwan / Chu He
Lu Wanwan / Chu He
Bi Wenjun isHan Jingmo / Mo Bai Zhi Jian
Han Jingmo / Mo Bai Zhi Jian
Dylan Kuo isLu Guanghan
Lu Guanghan
Mao Fangyuan isZhao Jingxing
Zhao Jingxing
Li Yuyang isYan Shengkai / Liu Nian Hua Kai
Yan Shengkai / Liu Nian Hua Kai

Synopsis

အွန်လိုင်းဂိမ်းချစ်ခြင်းကနေ လက်တွေ့ဘဝမှာအတည်တကျ ချစ်ခင်စုံမက်သွားကြသူတွေကို မြင်ဖူးကြလား? ဒီလိုချစ်ဇာတ်လမ်းမျိုးတွေကိုရော သဘောကျနှစ်သက်ကြလား? ဒါဆိုရင်တော့ GC Verseတို့အတွက် သယ်ဆောင်လာပေးမဲ့ ထပ်တူညီသောချစ်ခြင်း (Doubled Love) ဆိုတဲ့ဇာတ်လမ်းတွဲလေးကို ကြည့်ရှုသင့်နေပြီနော်

ဒီဇာတ်လမ်းလေးကတော့ ရုပ်ရှင်အကယ်ဒမီကျောင်းမှ ကျောင်းသူ‌လေးနဲ့ အွန်လိုင်းဂိမ်းဘုရင်တို့ကြားက လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကို In a Class of Her Own, Sweet Teeth, Ni Chang ဇာတ်ကားများထဲမှ မင်းသားချောလေးဖြစ်သော NEXTအဖွဲ့ဝင် Bevan (Bi Wenjun) နှင့် ကလေးသရုပ်ဆောင်မှ တစ်ဆင့်တက်လာသော Princess Silver, When We were Young, Hot Blooded Youth ဇာတ်ကားများထဲမှ ချစ်စဖွယ်မင်းသမီးလေး Sophie Zhang (Zhang Xueying)တို့မှ အဓိကသရုပ်ဆောင်များအဖြစ် ပါဝင်တင်ဆက်ထားကာ လူသိများကျော်ကြားသော နာမည်ကျော်ထိုင်ဝမ်မင်းသားချောကြီး Dylan Kuo (Guo Pinchao) နှင့်အတူ အခြားသောအနုပညာရှင်ပေါင်း များစွာမှလည်း ကူညီအားဖြည့်ပေးထားကြပါတယ်

ဇာတ်လမ်းအညွှန်း

ဂိမ်းထဲမှာဆိုရင်တော့ ဟန်ကျင်းမော့ဟာ ဆာဗာတစ်ခုလုံးမှာ နံပါတ်တစ်ဂိမ်းဘုရင်ဖြစ်သလို ရုပ်ရှင်အကယ်ဒမီကျောင်းမှာဆိုရင်လည်း နာမည်ကြီးကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မော့ပိုင် ဆိုတဲ့နာမည်နဲ့ ပြိုင်ဘက်ကင်းတဲ့ဂိမ်းဘုရင်တစ်ပါးဖြစ်ပါတယ်။ လက်တွေ့မှာတော့ သူဟာ အေးတိအေးစက်နဲ့ မင်းသားတစ်ယောက်ဖြစ်လာချင်တဲ့အိပ်မက်ရှိပြီး ဂိမ်းကစားတာကို ပျော်မွေ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

လုဝမ်ဝမ်ကတော့ မင်းသမီးတစ်ယောက်ဖြစ်ချင်ပြီး သူ့ရဲ့အားလပ်ချိန်မှာ ဂိမ်းကစားရင်း အချိန်ကုန်တတ်သူဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူဟာမတော်တဆ  ပြိုင်ဘက်ကင်းဂိမ်းဘုရင်နဲ့ ချိတ်ဆက်မိရာမှ အွန်လိုင်းသူငယ်ချင်းတွေဖြစ်လာကြပါတယ်။

လက်တွေ့မှာလည်း လုဝမ်ဝမ်ဟာ ဟန်ကျင်းမော့ကို သဘောကျသူတစ်ယောက်လည်းဖြစ်ပါတယ်

ဒီလိုနဲ့ လုဝမ်ဝမ်တစ်ယောက် ဟန်ကျင်းမော့ဟာ မော့ပိုင်ဆိုတာကို ဘယ်လိုသိရှိသွားမလဲ၊ ဂိမ်းလောက သူငယ်ချင်းဖြစ်ရာကနေ လက်တွေ့မှာ ဘယ်လိုသူငယ်ချင်းဖြစ်လာကြပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုစတင်ကြမလဲဆိုတာကို သိရှိလိုတယ်ဆိုရင်ဖြင့် Double love (ထပ်တူညီသောချစ်ခြင်း) အမည်ရတဲ့  တရုတ်ရုပ်သံဇာတ်လမ်းတွဲလေးကို ဒီဇင်ဘာလဆန်းကနေစပြီး နေ့စဉ် gc drama telegram channel နဲ့ websiteတို့တွင် နေ့စဉ်စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်။

Reviewed by April Chyu & Feyremme

Translated by GC Chinese Team 2

Encoded by WP

Original title 墨白
First air date Dec. 10, 2022
Last air date Dec. 10, 2022
Seasons 1
Episodes 24

Similar titles

Like Flowers in Sand
Wrong Carriage Right Groom
Blockbuster
Bed Friend
Hometown Cha-Cha-Cha
Soot Rak Sap E-Lee (2020)
Secret Playlist
CEO-dol Mart
The Vineyard Man
Stealer: The Treasure Keeper
Man Vs Bee
Inspector Koo