Discovery Of Romance

Discovery Of Romance

Aug. 28, 2022
Your rating: 0
7 1 vote

Seasons and episodes

1Season 1 Aug. 28, 2022

Creator

Creator

Cast

Synopsis

Hello GC verse တို့ရေ ဒီတစ်ခေါက်မှာတော့ အချစ်ကလေးတို့အတွက် ထပ်မံသယ်ဆောင်လာပေးမဲ့ ဇာတ်လမ်းတွဲလေးအသစ်တစ်ပုဒ်ကတော့ Discovery of Romance ဆိုတဲ့တရုတ်ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီ‌ဇာတ်ကားလေးဟာ နာမည်တူကိုရီးယား ဇာတ်လမ်းတွဲတစ်ခုအား Remake ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပြီး Love the way you are, go go squid S2, Love is Sweet စသော အချိုတစ်လိုင်းဇာတ်ကားကောင်းများကို စီစဉ်ရိုက်ကူးပေးသော ထိုင်ဝမ်ဒါရိုက်တာ Yu Chuang Chuang ၏လက်ရာမွန်တစ်ခုလည်း ဖြစ်ပါတယ် အဓိကသရုပ်ဆောင်များအနေဖြင့် My Amazing Boyfriend, Fighter of Destiny (ထဲမှလော့လော့) , Skate into Love, The Brightest star in the sky ဇာတ်ကားတို့မှ မင်းသမီးချောလေး Janice Wu (Wu Qian) နှင့် Noble Aspiration , The Glory of Tang Dynasty , Summer’s Desire ဇာတ်ကားထဲမှ မင်းသားချောလေး Qin Junjie တို့ပါဝင်သရုပ်ဆောင်ထားပြီး အခြားနာမည်ကျော်သရုပ်ဆောင်များမှလည်း ဇာတ်ပို့၊ဇာတ်ရံများအနေဖြင့် ကူညီပံ့ပိုးပေးထားသောကြောင့် ကြည့်ရှုရန် သင့်လျော်သော ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းလေးကို ခြုံငုံသုံးသပ်ပြရရင်တော့ ကိုယ့်ကို ချစ်တဲ့သူကိုရွေးချယ်မှာလား ကိုယ်ချစ်တဲ့သူကို ရွေးချယ်မှာလား ဆိုတဲ့အကြောင်းလေးကို ရိုက်ကူးပြသပေးထားတာပါ ဒီဇာတ်လမ်းလေးကတော့ မိန်းကလေးတစ်ဦးရဲ့ ကြီးပြင်းလာမှုနဲ့ စရိုက်လုံးဝမတူညီတဲ့ လက်ရှိရည်းစားနဲ့ ရည်းစားဟောင်းတို့ကို ရင်ဆိုင်ကြုံတွေ့ပြီး အချစ်ရေးမှာ ဆင့်ကဲပြောင်းလဲလာတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း အသက်သုံးဆယ်အရွယ် ပရိဘောဂဒီဇိုင်နာ ရှထျန်း(Wu Qian)ဟာ ဒီဇိုင်းကုမ္ပဏီသူဌေး ရည်းစားဟောင်းရွှီဇယ်ဟောင်(Qin Junjie)နဲ့ အမှတ်မထင်ပြန်ဆုံခဲ့တယ် ရှထျန်းဟာ ရည်းစားဟောင်းရဲ့ ပြန်တွဲဖို့တောင်းဆိုမှုအောက်မှာ လက်ရှိရည်းစားဖြစ်တဲ့ ပလပ်စတစ်ခွဲစိတ်ဆရာဝန်ကွမ်းရှင်း(Yang Bingzhuo)အပေါ်ကို ခံစားချက်တွေ ယိမ်းယိုင်လာပါတော့တယ် တစ်ဖက်မှာလည်း ကွမ်းရှင်းဟာ ငယ်စဉ်က မိဘမဲ့ကျောင်းမှာ ကွဲကွာသွားတဲ့ ညီမလေးလုရှီး(Li Jiajie)နဲ့ ပြန်တွေ့ဆုံပြီး နှစ်ဦးကြားမှာ မပြတ်သားတဲ့ဆက်ဆံရေးပေါ်ပေါက်လာခဲ့တယ် ဒီလိုနဲ့ ရှထျန်းတစ်ယောက် ရည်းစားဟောင်းနဲ့ ပြန်ဆုံပြီး သူ့ဘဝမှာ ဘယ်လိုအ​ပြောင်းအလဲတွေဖြစ်လာမလဲ သူတို့သုံးဦးကြားမှာ ဘယ်လိုရှုပ်ထွေးတဲ့ဇာတ်လမ်းတွေ ပေါ်ပေါက်လာမလဲ လက်ရှိရည်းစားကိုရွေးချယ်မှာလား ရည်းစားဟောင်းကိုရွေးချယ်မှာလား ပြန်လည်ပေါင်းဖက်မှုကိုရွေးမှာလား ငြင်းပယ်မှုကိုရွေးချယ်မှာလား အသက်သုံးဆယ်အရွယ် မြို့ပြအမျိုးသမီးတစ်ဦးရဲ့ နေထိုင်မှုဘဝပုံစံနဲ့ လုပ်ငန်းခွင်မှာကြုံတွေ့ရတာကို ဘယ်လို ရိုက်ကူးပုံဖော်ပြထားလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုအားပေးကြပါဦးနော်

Discovery Of Romance
Original title 恋爱的夏天
First air date Aug. 28, 2022
Last air date Aug. 28, 2022
Seasons 1
Episodes 5
Average Duration 42 minutes

Similar titles

See (2019)
Tale of the Nine Tailed 1938
The Terminal List
Oh! Youngsim
The Real Has Come! ( 진짜가 나타났다!)
Dear Doctor
Love You Seven Times
Unlock My Boss
Doctor Slump
On the Verge of Insanity
Our Blooming Youth
Queen of Masks