
Close Friend Season 2
Close Friend season 1 က Ohm Fluke နဲ့ Kimmon Copter တို့ အတွဲ ၂ တွဲရိုက်ထားတဲ့ s2 လေးပါ။
ချစ်သူတွေ ဖြစ်လျက်နဲ့ ဖုံးကွယ်ထားပြီး အလုပ်ကိုသာ တစိုက်မတ်မတ်လုပ်တတ်တဲ့ ဖီးယက် နဲ့ တိုက်ဖွန်..။
တိုက်ဖွန်ဟာ ဖီးယက် အလုပ်လုပ်တဲ့ အဖွဲ့ထဲကို ရောက်ရှိလာပြီး project အတူတူလုပ်ရပါတယ်။
တစ်နေ့ ဖီးယက်ရဲ့ မိဘတွေရောက်လာတဲ့အချိန်မှာတော့ ရည်းစားဖြစ်ကြောင်းဖုံးကွယ်ထားတဲ့ ဖီးယက်နဲ့ တိုက်ဖွန်တို့ ဘယ်လိုရှေ့ဆက်မလဲ..။ အမှန်တိုင်းဖွင့်ပြောလိုက်ကြမှာလား..?
အိုင်ဒေါလ်ဖြစ်တဲ့ ဂျက်ဒိုင်ကို ကျောင်းသားဘဝကတည်းက အားပေးလာခဲ့တဲ့ အမာခံပရိတ်သတ် ရေး..။
ရေးတစ်ယောက် ဖန်ပြိုင်ပွဲမှာ အနိုင်ရပြီး သူ့အချစ်တော် အစ်ကိုဂျက်ဒိုင်ကို မျက်ဝါးထင်ထင်တွေ့မြင်ရမယ့် VR စက်ကလေး ဆုရခဲ့ပါတယ်။ဒီလိုနဲ့ ရေစက်ပါပြီး အိုင်ဒေါလ်နဲ့ ရည်းစားဖြစ်ခွင့်ရသွားပါတယ်။ ဒါပေမဲ့ လျှို့ဝှက်တော့ထားရတာပေါ့။
တစ်ဖက်မှာလည်း အလုပ်သဘောအရ ဂျက်ဒိုင်နဲ့ မီလာတို့ရဲ့ အချစ်ရေးကောလဟထွက်အောင် ဖန်တီးလာရတဲ့အခါ..။
ရှုပ်ထွေးတဲ့အချစ်ရေးဇာတ်ထုတ်တွေထဲမှာ သူတို့အတွဲတွေ အဆင်ပြေနိုင်ပါ့မလား။ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော်..။
Review by Taki
Subtitlers: Egg & Taki
Look